6--10

317 19 0
                                    

လောကသုံးပါးသခင်
. . . . . . . . . . . . .

Chapter 6:
            ဘဏ္ဍာထိန်း ဂျန်ဇန်း စိုးရိမ်ပြီ

ဂျန်မိသားစုအနေနဲ့ ဒီလို လူမဆန်တဲ့ ပြိုင်ပွဲကြီးက သေရေး ရှင်ရေးကို အဆုံးအဖြတ်ပေးနေပါတယ်။ ဖြစ်နိုင်ခြေများနေတာကတော့ အဆိုးဘက်ကိုပါ။ ငုတ်လျိုးနေသောနဂါးစစ်ဆေးပွဲကြီးက နှစ်ဝက်လောက်ပဲ လိုပါတော့တယ်။ အရင် ဂျန်ချန်ရဲ့ လှုပ်ရှားမှုတွေက တကယ့်ကို  "ကပ်ဆိုက်ခြင်း" ဆိုတဲ့ စကားလုံးကို လှလှကြီး ပုံဖော်နေတာပါ။

စစ်ဆေးပွဲကြီးမှာက အဆင့်တွေ အများကြီးနဲ့ စစ်ဆေးပါတယ်။ နတ်ဘုရားပူဇော်ပွဲမတိုင်ခင်ကအထိ ဂျန်ချန်အနေနဲ့ စစ်ဆေးပွဲကိုအောင်မြင်ဖို့က ၃၀ရာခိုင်နှုန်း ဒါမှမဟုတ် ၄၀ရာခိုင်နှုန်း လောက်ပဲရှိပါတယ်။ သူက မိသားစုကြီးကိုအဆင့်နိမ့်စေမယ့် ရှမ်းရှမ်းတောက် ကျော်ကြားနေတဲ့သူ တစ်ယောက်ပဲလေ။

ဒါပေမယ့် အခုဂျန်ချန်ကတော့ နည်းနည်းလေးမှ အားငယ်နေခြင်းမရှိပါဘူး။ ဒါပေတည့် တကယ့်တကယ်တော့ ပြိုင်ပွဲဝင်ဖို့ အတော်လေး စိတ်လှုပ်ရှားနေတာကို ဝန်ခံရမှာပါ။

" အင်အားကြီးအဖွဲ့အစည်း!! ကြည့်ရတာ စစ်ဆေးပွဲနဲ့ စည်းကမ်းတွေကို အင်အားကြီးတဲ့အထက်အဖွဲ့အစည်းတွေကပဲ ချမှတ်ကျင့်သုံးနေကြတာပဲ။ ငါ့အရင်ဘဝတုန်းက ယင်ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့် ဘာကိုမှ မလေ့ကျင့်နိုင်ခဲ့လို့ ခုလို ပြိုင်ပွဲမျိုးကို မကြုံခဲ့ရဘူး။ အခုတော့ တကယ့်ကို တန်ဖိုးရှိတဲ့ ဘဝကို ပိုင်ဆိုင်ထားရပြီပဲ။ ငါကောင်းကောင်းအသုံးချရမယ် "

သူ့အရင်ဘဝတုန်းက လူတိုင်းအားကျကြရတဲ့ ကောင်းကင်ဘုံအင်ပါယာသခင်ရဲ့ သားတော်တစ်ပါးပါ။ သူ့ကို ဘယ်သူကမှ ဆန့်ကျင်တဲ့အရိပ်အရောင် တစ်ချက်မပြရဲပါဘူး။ အဲ့တော့ သူ့အနေနဲ့ လေ့ကျင့်တာတွေ ဘာတွေမလုပ်နိုင်ခဲ့တာတောင် သူ့ကို ဆန့်ကျင်တိုက်ခိုက် ယှဉ်ပြိုင်မယ့်သူက မရှိခဲ့ပါဘူး။

အခု ဒီဘဝမှာတော့ သူလေ့ကျင့်နိုင်ခဲ့ပြီ။ သိုင်းပညာလမ်းစဉ်မှာတော့ သူ ထိပ်ဆုံးကိုရောက်ပြီး ဂုဏ်သတင်းကျော်ကြားအောင် လုပ်နိုင်တော့မှာပါ။ သူဖြစ်ချင်နေတဲ့ ဆန္ဒတွေ အကောင်အထည်ပေါ်ပါတော့မယ်။

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now