191-----200

130 9 0
                                    

လောကသုံးပါးသခင်
…………………………
Chapter 191:
မင်း ရဲ့ ခြောက် လုံး တွေ တော် လိုက် တော့
တန်လောင် အခုလို အတည်ပြုလိုက်တာကို မြင်တော့ ကျောင်းတော်သား ၀တ်ရုံကို ၀တ်ဆင်ထားတဲ့ လူက ပြုံးလိုက်ပါတယ်..
“အဟိုး.. ဒါဆို ငါ လူမှန် နေရာမှန် တွေ့တာပေါ့.. ငါက တစ်စုံတစ်ယောက်ရဲ့ အမိန်နဲ့ မင်းကို တစ်နေရာ ခေါ်သွားမိလို့ ”
တန်လောင် တစ်ယောက် ယုဒရိုင်နဲ့ သူ့လူတွေကို တစ်ချက် ကြည့်လိုက်ပါတယ်.. ပြီးတော့ သူ့အိမ်ဘက်ကိုလည်း တစ်ချက် ကြည့်ပါတယ်..
ကျောင်းတော်သားရုပ်သွင်နဲ့ လူက နားလည်သယောင်ရှိရင်း..
“မင်းအတွက် နောက်ဆံတင်းစရာတွေ ရှိနေရင်လည်း မိသားစုကိုပါ ခေါ်ခဲ့လိုက်.. ”
တန်လောင် အရမ်းကို ပျော်သွားရပါပြီ..
“ခင်ဗျာ.. ဟုတ်.. ဟုတ်ကဲ့.. ကျွန်တော် အခုပဲ ခင်ဗျားနဲ့လိုက်ခဲ့မယ်.. ”
သူက ဒီပုဂ္ဂိုလ် ကို မသိသလို ဘယ်နေရာကို သွားကြမှာလဲဆိုတာကိုလည်း မသိပါဘူး.. ဒါပေမယ့် လူစိမ်း က ကျားရဲတွင်း နဂါးတွင်းထဲ သွားမယ်ဆိုရင်တောင်မှ သူ တစ်ချက် တုန့်ဆိုင်းမနေပဲ လိုက်မှာပါ.. သူ သာ ဒီမှာ ဆက်နေခဲ့ရင် နယ်ခြားစောင့်တပ်သားတွေက သူတို့ကို သတ်တော့မှာပဲလေ.. ရှောင်ချင်း ဆိုရင် မသေမချင်း နှိပ်စက်ညှဥ်းပန်းခြင်း ခံရပါလိမ့်မယ်..
“မင်း ဒီနေရာမှာ အခုလိုလုပ်နေတာက အမှားကြီးမှားနေပြီနော်.. ”
ထိပ်ပြောင်နဲ့ယုဒရိုင်က ရက်စက်တော့မယ့် လေသံနဲ့ ဆိုပါတယ်..
“အမ်.. ငါက ဘာတွေ မှားနေလို့လဲ.. ”
“ငါတို့ နယ်ခြားစောင့်တပ်က သစ္စာဖောက်တစ်ယောက်ကို ဖမ်းနေကြတာ.. မင်းက ကိုယ့်ကိုယ့်ကိုယ် ဘယ်သူလို့ ထင်လို့ အခုလို လာပြီး မောက်မာရဲရတာလဲ.. မင်းကို ငါ့ဓားနဲ့ တစ်ချက်တည်း နှစ်ပိုင်း ပိ်ုင်းလိုက်လို့ရတယ်ဆိုရင် ယုံမလား.. ”
ယုဒရိုင် နောက်က လူတစ်ယောက်ကလည်း သူခိုးအားမြှောက်လုပ်ပါတယ်..
ကျောင်းတော်သား ၀တ်စုံနဲ့ လူက တစ်ဟားဟား ရယ်မောပါတော့တယ်..
“ငါ ဘာလို့ မင်းတို့ကို မယုံဘူးလို့ ခံစားနေရတာလဲ.. ငါ့ကို အရူးလုပ်ဖို့ ကြိုးစားနေတာလား? နယ်ခြားစောင့်တပ်က သူတို့ ကိစ္စတွေကို ကိုင်တွယ်ဖို့ မြို့တော်ထိတော့ မလာကြပါဘူး.. နဂါးစွယ်အစောင့်အကြပ်တပ်က သာ ဒီနေရာက ကိစ္စတွေကို ကိုင်တွယ်ကြတာ မဟုတ်ဘူးလား.. နယ်ခြားစောင့်တပ်က တစ်စုံတစ်ယောက်ကို ဖမ်းချင်တယ်ဆိုရင်တောင် သူတို့တွေက နဂါးစွယ် အစောင့်အကြပ်တပ်ကိုပဲ တိုက်ရိုက်သွားသင့်တာ မဟုတ်ဘူးလား.. ”
“အခုဟာက.. အထူး စစ်ဆင်ရေးမို့ကွ.. မင်းက ဘာ သောက်ရေးမပါတဲ့ အကောင်လဲဟမ်.. ငါတို့ ပြောနေတဲ့ အချိန်မှ မသွားသေးဘူးဆိုရင် ဘယ်တော့မှ သွားနိုင်တော့မှာ မဟုတ်ဘူးနော်.. ”
လက်ထဲမှာ လူပေါင်းများစွာကို ကွပ်မြက်လာခဲ့တဲ့ ဓားကို ကိ်ုင်ရင်း ဒေါသတကြီးနဲ့ ခြောက်သူကလည်း ခြောက်ပါတယ်..
“ဘာလဲ .. မင်းက အတည်ကြီး ကြမ်းတော့မလို့လား.. ”
လှောင်ပြောင်သရော်လိုတဲ့ အပြုံးက ကျောင်းတော်သားရဲ့ မျက်နှာထက်မှာ ခိုတွဲလို့ လာပါပြီ…
ထိပ်ပြောင် ယုဒရိုင် တစ်ယောက် ဘာမှန်းမသိရတဲ့ လူစိမ်းကို ကြည့်ရင်း..
“မင်းက ဘယ်သူလဲကွာ.. ငါက တန်လောင်နဲ့ ရှင်းစရာရှိသေးတယ်.. မင်း သူ့ကို လိုချင်တယ်ဆိုလည်း ကိုယ့်အလှည့်ရောက်တဲ့အထိ စောင့်မှပေါ့.. ”
“မင်းတို့ကောင်တွေက အဓိပ္ပါယ်မရှိတာတွေ လုပ်နေကြတာပဲ.. ဒါက နယ်စပ်မဟုတ်ဘူး.. မြို့တော်.. ကိစ္စတစ်ခုကို ကိ်ုင်တွယ်ချင်တယ်ဆိုရင် နယ်စပ်ကိုသာ သွား.. ဒီမှာ သောက်ရေးမပါတာတွေ ပြောနေတာ တော်တော့.. မင်းတို့နဲ့ စကားပြောရတာ အချိန်ပုတ်လိုက်တာကွာ.. ”
“ဘယ်လောက်တောင် မောက်မာလိုက်သလဲ! ! ”
ထိပ်ပြောင် ယုဒရိုင် လုံး၀ စိတ်တိုသွားပုံပါပဲ..
“မင်းက ငါတို့ နယ်ခြားစောင့်စစ်သည်တွေကိုတောင် မျက်နှာသာမပေးဘူးပေါ့..ဒီနေ့ ဒီနေရာကနေ ထွက်သွားဖို့ စိတ်တောင် မကူးတော့နဲ့.. ”
လို့ ပြောရင်း လက် တစ်ချက် လှုပ်ရမ်းပြလိုက်ပါတယ်.. တံခါးပေါက်ကို ပိတ်လို့ သူတို့ လေးယောက်သား တစ်တန်းတည်း ရပ်နေကြပါပြီ..
ကျောင်းတော်သား၀တ်စုံနဲ့ လူကတော့ တည်ငြိမ်နေဆဲပါပဲ.. သူ အခုထိ နည်းနည်းလေးတောင် စိတ်လှုပ်ရှားပုံမရပါဘူး.. သူတို့ လေးယောက်က ပူးပေါင်းတိုက်ကွက်ဆင် ဖို့ကြိုးစားနေတာမြင့်တော့ သူ့ မျက်နှာ မည်းမှောင်သွားပါတယ်..
“ မင်းတို့ အရေအတွက် များတာလေးက သာမန်လူတွေကိုပဲ ခြောက်လို့ရမယ်.. ”
“အေး.. မင်းကလည်း အဲ့ဒီ သာမန်လူ အဆင့်ရှိအောင်ပဲ ကြိုးစားလိုက်ဦး.. အခု မင်း ဘာဆက်လုပ်မလဲ.. ဟား. . ဟား. . ”
“ဟူး.. မင်းတို့ကောင်တွေမှာ နောက်ဆုတ်ဖို့ လမ်းမမြင်တော့ပါလားကွာ.. သေကုန်ကြတော့မှာပဲ.. ”
“ရီစရာကောင်းလိုက်လေကွာ.. မင်းမှာ အစွမ်းအစရှိရင် လူထပ်ခေါ်လိုက်လေ.. မင်း ဘယ်လောက် လွှမ်းမိုးနိုင်စွမ်းရှိလဲ ကြည့်ရအောင်.. မှန်တယ် ငါတို့က လူအင်အားများတာကို သုံးပြီး မင်းတို့လို ကောင်တွေကို အနိုင်ကျင့်လေ့ရှိတယ်.. ”
ကျောင်းတော်ကတော့ ဒေါသတကြီး ဖြစ်လာပါပြီ..
“အဟက်.. ကောင်းတယ်.. သိပ်ကောင်းတယ်.. ”
ရုတ်ချည်း သူ့ အင်္ကျီလက်ဖတ်စကို သိမ်မွေ့ခြင်းအပြည့်နဲ့ တစ်ချက် ခါရမ်းလိုက်ပါတယ်.. အနီရောင်တိမ် မီးတောက်တွေက ချက်ချင်းပဲ လေထဲကို မီးခိုးတန်းတစ်ခုနဲ့ ဒုံးကျည်တစ်စင်းလို ကောင်းကင်ထက် ပစ်လွင့်သွားပါပြီ..
“မကောင်းတော့ဘူး. . သူက အကူ ခေါ်နေပြီ.. ”
“သူတို့ကိုသတ်ပြီး တိုက်ပွဲကို အဆုံးသတ်ကြတော့.. ”
တန်လောင် တစ်ယောက် သပ်ရပ်စွာ ၀တ်ဆင်ထားတဲ့ ကျောင်းတော်သား အရှေ့မှာ မတ်မတ်ရပ်ရင်း
“ဆရာ.. ကျွန်တော် အချိန်ဆွဲထားလိုက်မယ်.. အထဲကို ၀င်သွားနှင့်ပါ.. ”
လို့ ဆိုပါတယ်..
ထို ပုဂ္ဂိုလ်ကတော့ ဟာသ တစ်ပုဒ်လို တန်လောင်ကို ကြည့်ရင်း.. အေးဆေးနေပါသေးတယ်..
“မလောနဲ့ စိတ်မပူနဲ့.. မကြာခင် ပြပွဲကောင်းကောင်း ကြည့်ရတော့မယ်.. ”
ထ်ိပ်ပြောင် ယုဒရိုင် မျက်နှာက သွေးဆုတ်ဖြူရော်နေပါပြီ..
“မင်း ဘယ် သူ လဲ? ”
“ဟဲ.. ဟဲ.. ”
ကျောင်းတော်သား တစ်ယောက် ဂရုတောင် မစိုက်.. အဖက်တောင် လုပ်ပြီး စကားမပြောတော့ပါဘူး.. သူ့ခေါင်းကို ထောင်လို့ ကောင်းကင်ကို မော့ကြည့်ရင်း..
“ငါ ဘယ်သူလဲဆိုတာ သိပ်မကြာခင် သိရတော့မှာပါ.. ”
အခုလို စိုးရိမ်ထိတ်လန့်ခြင်း ကင်းတဲ့ ကျောင်းတော်သားကို ကြည့်ရင်း ထိပ်ပြောင် ယုဒရိုင် တစ်ယောက် အကြီးအကျယ်ကို တုန်လှုပ်လာရပါတယ်.. ရက်စက်ကြမ်းကြုတ်တဲ့ အမူအရာတွေလည်း အခုဆို လွင့်ပါးသွားရပါပြီ..
“ဝှမ်း.. ဝှမ်း.. ”
နားကွဲလုလောက်အောင် ပျံသန်းလာတဲ့ ငှက်တောင်ပံ ခတ်သံတွေက ကောင်းကင်အနှံ့ ပျံ့လွင့်လာပါတယ်..
“ဂီး.. ဂီး.. ဂစ်.. ဂစ်.. ”
မရေမတွက်နိုင်တဲ့ ငှက်အော်သံတွေကလည်း လေထုထဲ ပြည့်နှက်လာပါပြီ..
ယုဒရိုင်ရဲ့ နောက်ကျောမှာ ချွေးစေးတွေ ရွှဲနစ်လို့ ရှိပါပြီ.. သူ အလျင်စလိုပဲ ခေါင်းကို နောက်လှည့်ကြည့် လိုက်မိပါတယ်.. သူ့ မျက်လုံးနဲ့ မိတ်ဆက်လိုက်ရတာကတော့ ကောင်းကင်ထက်မှာ ဟိုဟို သည်သည် ပျံသန်းနေကြတဲ့ အရိပ်မည်းတွေကိုပါပဲ..
“အတောင်ဝါ နဂါးငယ်တွေပါလား.. ”
“မင်း.. မင်း က နဂါးစွယ်အစောင့်အကြပ် တပ်ကလား.. ”
အချိန်ခဏလေးအတွင်းမှာပဲ.. ရာချီတဲ့ အတောင်ဝါ နဂါးငယ်တွေ ပြည့်နှက်လို့ လာပါတယ်.. လေထုထဲမှာ ရှိနေတဲ့ သူတို့တွေအားလုံးက အလျင်မြန်ဆုံးအဟုန်နဲ့ သန်မန်ရက်စက်တဲ့ လူသတ်ငွေ့ တွေ ပြည့်နှက်နေပါတယ်..
“တပ်မှူး ဂု.. ကျွန်တော်တို့ကို ဆင့်ခေါ်ပါသလား ခင်ဗျ.. ”
“ကျွန်တော်မျိုး တပ်မှူး ဂု ကို ဂါရဝပြုပါတယ်.. ”
“ဆယ့်တစ်ယောက် အဖွဲ့က လူတိုင်း ရောက်ရှိကြောင်း သတင်းပို့ပါတယ်.. ”
နဂါးစွယ်အစောင့်အကြပ်တပ်က စစ်သည်တွေအားလုံးက သူတို့ရဲ့ တပ်မှူးကို အလေးပြု အရိုအသေပေးကြ ပါတယ်..
ကျောင်းတော်သား ၀တ်စုံနဲ့ လူက ခေါင်းကို ငြင်သာစွာပဲ ငြိမ့်ပြပါတယ်..
“ဒီလူလေးယောက်က နယ်ခြားစောင့်တပ်ကတဲ့.. သူတို့ စကားနားမထောင်လို့ ဆိုပြီး ငါ့ကို ခြိမ်းခြောက် နေကြတယ်.. သူတို့က အရေအတွက် အသာနဲ့ ငပျော့လေးတွေကို အနိုင်ကျင့်လို့ရတယ်တဲ့.. အဲ့ဒါ မင်းတို့ ဘယ်လို ကိုင်တွယ်မလဲ သိချင်တာနဲ့… ”
“နယ်ခြားစောင့်တပ်.. သူတို့တွေက နယ်စပ်မှာ မနေပဲ မြို့တော်မှာလာပြီး ခြောက်လုံးတွေ ထုတ်သုံးနေ တယ်ပေါ့လေ.. ”
“အဲ့ဒါတင် မကပဲ ငါတို့ရဲ့ ကြီးမြတ်တဲ့ တပ်မှူး ဂူ ကိုတောင် လာပြီး ခြိမ်းခြောက်တယ်.. ”
“တပ်မှူးဂူ.. ဘာမှ ထပ်ပြောနေစရာ မလိုတော့ဘူး.. သူတို့ကို ဖမ်းပြီး ကွက်မြက်လိုက်တော့မယ်.. ”
သကောင့်သား လေးယောက်ခမြာတော့ ခေါင်းစ ခြေဆုံး တုန်ယင်လို့ နေပါပြီ.. ထပ်ပြောင် ယုဒရိုင်ရဲ့ တစ်ကိုယ်လုံးလည်း ခိုက်ခိုက်တန် နေပါတယ်.. သူ့ မျက်နှာကတော့ အဖြူရောင်ဘက်ကိုတောင် သန်းလို့ ရှိလေရဲ့..
“တ.. တ.. တပ် တပ်မှူး ဂူ.. ဒါက နားလည်မှု လွဲနေတာပါ.. တကယ့်ကို နားလည်မှု လွဲသွားတာပဲ.. ကျွန်တော်တို့က ဒီမှာ တပ်ကိစ္စ မရှိပါဘူး.. အလကား.. အကိုတန်လောင်ကို ပျော်အောင် စနေတာ.. ”
ဒီ ထိပ်ပြောင်က အခြေအနေကို ကောင်းကောင်းကြီး သဘောပေါက်ပါတယ်.. ကြောက်ရွံ့နေ ပေမယ့်လည်း.. သူ့ကိုယ်သူ ကာကွယ်ဖို့တော့ မမေ့ပါဘူး..
“နားလည်မှုလွဲတာ.. အစောပိုင်းက ခြိမ်းခြောက်နေတာတွေကလည်း နားလည်မှု လွဲတာပဲလား.. ”
“ဟုတ်ပါတယ်.. ဟုတ်ပါတယ်.. တကယ် နားလည်မှုလွဲသွားတာပါ.. ကျွန်တော်တို့ နယ်ခြားစောင့် စစ်သည်တွေက နဂါးစွယ်အစောင့်အကြပ်တပ်ကို အမြဲတမ်းအားကျနေခဲ့ရတာ.. တပ်မှူးဂူ ကျွန်တော်တို့က အချင်းချင်းတွေပဲဟာ.. ဒါက အတွင်းရေးပဋိပက္ခ သေးသေးလေးပါဗျာ.. ကျွန်တော်တို့ကို သနားသဖြင့် လွှတ်ပေးလိုက်ပြီး အကျယ်ချဲ့မယ်လို့ မထင်ပါဘူး… ”
“အကျယ်ချဲ့မယ်လို့ မထင်ပါဘူး.. ဟုတ်လား.. ငါသာ ငါ့လူတွေကို မခေါ်လိုက်ရင် မင်းတို့ကရော အစောနက ကိစ္စကို အကျယ်အကျယ် မဖြစ်စေပဲ ငြိမ်းအေးသွားပါ့မလား.. ငါ့လူတွေသာ မလာခဲ့ရင် မင်းတို့လက်နှက်တွေက ချက်ချင်း ငါ့ကို လှီးဖြတ်သွားတော့မလို ဖြစ်နေတာလားလို့.. ဒါဆို မင်းတို့က စလာခဲ့တဲ့ အဖြစ်လား.. ငါက အကျယ်ချဲ့ခဲ့တာလား.. ငါ ဒီကိုလာတယ်ဆိုတာ လူတစ်ယောက်ကြောင့် ပဲ.. ဒါကို မင်းတို့က သူတို့နဲ့ အတူ သတ်ဖို့ ကြံခဲ့တာ မဟုတ်ဘူးလား.. နယ်ခြားစောင့်တပ်က တစ်ခုခုတော့ တစ်ခုခုပဲ မဟုတ်ဘူးလား.. ”
တပ်မှူးဂူက ဆက်ဆံရလွယ်ကူတဲ့ သူ မဟုတ်ပါဘူး.. ဒီကို ရောက်လာရတယ်ဆိုတာက ဒုဗိုလ်ချုပ် တီယန်ရှောင်ရဲ့ အမိန့်အရ တန်လာင် လို့ခေါ်တဲ့ အကောင်ကို တွေ့ပြီး နဂါးစွယ်အစောင့်အကြပ် စစ်သည်အဖြစ်ခန့်ထားဖို့ပါ..
တန်မှူးဂူ က တန်လောင် ဘယ်သူဆိုတာမသိပေမယ့်.. ဒုဗိုလ်ချုပ် တီယန်ရှောင် ကိုယ်တိုင် အမိန့်ပေးခဲ့ တဲ့အပြင် ဒီလူက သခင်လေး ချန်ရဲ့ မိတ်ဆွေလို့ ထပ်လောင်း သတိပေးခဲ့ပါသေးတယ်..
သခင်လေးချန် ဆိုတာက ဘယ်သူမို့လို့လဲ.. ပထမ မင်းသားရီဒိုင်ကို တောင်မှပဲ ထိပ်တိုက် ရင်ဆိုင်ရဲခဲ့သူလေ.. ဆရာသခင်ရီကတောင် တပည့်အဖြစ် ပါးစပ်က ထုတ်မပြောရုံတစ်မည် သဘောကျခဲ့ သည်ကိုး.. အောင်နိုင်ခြင်းကောင်းကင်နိုင်ငံ အမှတ်သင်္ကေတ တံဆိပ်တောင် ရခဲ့ပါသေးတယ်..
တပ်မှူးဂူက အဲ့လို လူရဲ့ မိတ်ဆွေ တစ်ယောက်ကို ပေါ့ပေါ့တန်တန် သဘောမထားရဲပါဘူး.. အဲ့ဒါကြောင့် သူ့ အလုပ်တွေကို ပစ်ထားလို့ တီယန်ရှောင်ရဲ့ အမိန့်အတိုင်း လုပ်ဆောင်ဖို့ သာမန် အ၀တ်တွေ ပြောင်း ထားရင်း တန်လောင်ကို လာရှာခဲ့တာပါ.. သူက အခုကိစ္စကို မကြီးကျယ်စေချင်လို့ သာမန် အ၀တ်တွေ ကိုပဲ ၀တ်ဆင်ထားခဲ့တာလေ..
အဲ့ဒါကြောင့်နဲ့ သူ့ကို သာမန်ကောင်လို့ သဘောထားပြီး နယ်ခြားစောင့်တပ်တွေက အနိုင်ကျင့်ဖို့ ပေါ်လာလိမ့်မယ်လို့ ဘယ်သူက တွေးမိမှာလဲ.. သူတို့လို ခပ်နုတ်နုတ်ကောင်တွေ ကများ အရေအတွက် အားကိုးလို့ သူ့လို နဂါးစွယ်အစောင့်အကြပ်တပ် ရဲ့ တပ်မှူးကို အနိုင်ကျင့်ဖို့ ကြိုးစားကြသေးတယ်..
အဲ့ဒါကြောင့် အရေအတွက်ဆိုတဲ့ သူတို့ စကားအလျောက် နဂါးစွယ်အစောင့်အကြပ်တပ်မှူး တစ်ယောက်ရဲ့ အဆင့်အတန်းနဲ့ အင်အားဆိုတဲ့ အရေအတွက်ကို ထုတ်ပြခဲ့တာပါ.. အဲ့ဒါမှ သူတို့ကိုယ် သူတို့ ဘယ်လောက် ရှက်ရကောင်းမှန်းသိသွားကြမှာကိုး..
“ကြီးမြတ်တဲ့ တပ်မှူးကြီးဂူ.. ကျွန်တော်တို့ မှားပါတယ်.. ဒါက ကျွန်တော်တို့ အမှားပါ.. ကျွန်တော်တို့ အမှားအတွက် လက်ဆောင်တွေ ပေးဖို့လည်း အဆင်သင့်ပါပဲခင်ဗျ.. ကြီးမြတ်တဲ့ တပ်မှူးကြီးဂူ ဒေါသ ပြေတဲ့အထိ ကျွန်တော်တို့ ပေးဖို့ အဆင်သင့်ပါ.. ”
“ငွေလား!! မင်းတို့ကောင်တွေက နဂါးစွယ်အစောင့်အကြပ်တပ်ကို မွဲနေတယ်လို့ ထင်နေကြလား ဟေ.. ”
တပ်မှူးဂူရဲ့ မျက်နှာ မည်းမှောင်သွားခဲ့ပါပြီ..
“ငါ့ ရုပ်က ပိုက်ဆံမက်တဲ့ ပုံစံပေါက်နေလို့လား.. ”
“အခြေအနေကို သဘောပေါက်ရင် မင်းတို့ လက်ထဲက လက်နှက်တွေ ချလိုက်ကြစမ်း.. ပြန်တုန့်ပြန်ဖို့ စိတ်မကူးနဲ့ ချက်ချင်း အဖမ်းခံပါ.. မဟုတ်ရင် ချွင်းချက်မရှိ သတ်ဖြတ်ခြင်း ခံရမယ်.. ”
နဂါးစွယ်အစောင့်အကြပ် တပ်မှူးတစ်ယောက်အနေနဲ့.. တပ်မှူးဂူက နဂါးစွယ်အစောင့်အကြပ်စစ်သည် တစ်သောင်းကို အုပ်ချုပ်ရပါတယ်.. သူက မြို့တော်လိုနေရာမျိုးမှာ အတော် လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ပုဂ္ဂိုလ်လို့ ဆိုနိုင်ပါတယ်..
သူ့ရှေ့မှာ ငိုယိုကြိမ်ဆဲကြတဲ့ တစ်ချို့သော နယ်ခြားစောင့်စစ်သည်တွေက မကြာပဲ ကွက်မြက် ခံကြရတယ်လေ..
ထိပ်ပြောင် ယုဒရိုင် တစ်ယောက် ဒူးကိုကွေးလို့ ထောက်လိုက်ပြီး တုန်ယီတဲ့ အသံနဲ့ တိုးလျိုးပါတယ်..
“ကြီးမြတ်တဲ့ တပ်မှူးဂူ.. ကျွန်တော်တို့ကို ကျေးဇူးပြုပြီး လွှတ်ပေးပါလား.. ကျွန်တော်တို့ အညံ့ခံပါတယ်.. အညံ့ခံပါတယ်.. ကျွန်တော်တို့ကို ကြိုက်တာ လုပ်နိုင်ပါတယ်.. သတ်တော့ မသတ်ပါနဲ့ဗျ.. အီး… ”
အရမ်းကို မောက်မာ ၀င့်ကြွားနေခဲ့တဲ့ ကောင်လေးတွေက အခုတော့လည်း အပိုးကျိုးလို့ မြေပြင်မှာ ဒူးထောက်နေကြ ရှာပါတယ်.. ဆန်စေ့ ဝါးမိတဲ့ ကြက်ပေါက်စကလေးတွေလို မာလွန်းလို့ မချိတင်ကဲ ဖြစ်နေသယောင်ပါ..
တပ်မှူးဂူက စွင့်အ နားမကြား တစ်ယောက်လို သူတို့အားလုံးကို လျစ်လျူရှုရင်း တစ်ဖက်ကိုလှည့်လိုက်ပါ တယ်..
“တန်လောင်.. ငါက နဂါးစွယ်အစောင့်အကြပ်တပ်ရဲ့ ဒုဗိုလ်ချုပ် တီယန်ရှောင် အမိန့်အရ မင်းကို နဂါးစွယ်အစောင့်အကြပ် စစ်သည်အဖြစ် ခန့်အပ်ဖို့ လာပြီး ဖိတ်ကြားတာ.. မင်းစိတ်၀င်စားရဲ့လား ”
တန်လောင် တစ်ယောက် အခုထိ ရှုပ်ထွေးနောက်ကျိနေပါတယ်..
အခုဆို အလှည့်အပြောင်းက မြန်ဆန်လွန်းနေတယ် မဟုတ်လား.. သူ့ ဦးနှောက်က ဘာတွေ ဖြစ်ပျက်နေ လဲဆိုတာ လိုက်မမှီနိုင်တော့ပါဘူး..
ထိပ်ပြောင် ယုဒရိုင်တို့ အဖွဲ့ ရက်စက်ကြမ်းကြုတ်စွာ ပြုမူဆက်ဆံ သတ်ဖြတ် တော့မယ့် အချိန်မှာပဲ.. နဂါးစွယ်အစောင့်အကြပ်တပ်က တပ်မှူးက ရုတ်ချည်း ပေါ်လာခဲ့တယ်..
ပြီးတော့ ဝံပုလွေ တစ်ကောင်လို ကျားတစ်ကောင်လို ရက်စက်ကြမ်းကြုတ်တဲ့ အော်ရာတွေနဲ့ နဂါးစွယ်အစောင့်အကြပ်စစ်သည်တွေရော..
ယုဒိုင်နဲ့ သူ့အဖွဲ့တို့က အခုဆို မောက်မာခြင်းတွေ လုံး၀မရှိတော့ပါဘူး.. မြေပြင်ပေါ်မှာ ဒုးထောက်လို့ ခွေးသေတွေလိုမျိုး ရှိနေရင်း သနားညှာတာမှု ရဖို့ တောင်းခံနေကြပါတယ်..
“ဒါ.. ဒါ.. ဒါ က လွှမ်းမိုးနိုင်စွမ်းပဲ.. ဒါက အာဏာပဲ.. ”
ယုဒရိုင်တို့ လူစုကို ကြည့်ရင်း.. သံဝေဂ တွေရလို့ တန်လောင် ရင်ထဲမှာ ခံစားချက်တွေ များပြားလွန်းနေပါတယ်.. သူ့ နှလုံးသာထဲမှာ ကျေနပ်ခြင်းတွေ ပြည့်နှက်လို့ ရှိပါတယ်.. အဲ့ဒါကြောင့်ပဲ သူ တန်မှူးဂူရဲ့ဖိတ်ခေါ်ချက်ကိုတောင် မတုန့်ပြန်နိုင်ရှာပါဘူး..
“အကို.. အကို့ .. တပ်မှူးဂူက မေးနေတယ်လေ.. ”
အိမ်ထဲက တန်ဇောင်က မနေနိုင်စွာပဲ လှမ်းပြီး သတိပေးရပါတယ်..
“အမ်.. ဘ.. ဘာ ဖြစ် တယ်.. ”
တန်လောင် သူ့ခေါင်းကို သူ တစ်ချက်ကုတ်လို့ ကြောင်အအ ဖြစ်နေရှာပါတယ်..
“တပ်မှူး ဂူ.. ကျွန်တော်က အခု အရမ်း အရမ်းကို အလုပ် လိုအပ်နေတာ ခင်ဗျ.. နဂါးစွယ်အစောင့်အကြပ် တပ်မှာ တာ၀န်ထမ်းဆောင်မလားလို့ မေးလိုက်တာလား.. ”
“အင်း.. ”
တန်မှူး ဂူက အပြုံးတစ်ချို့နဲ့ စကားဆက်ပါတယ်..
“ဘယ်လိုလဲ..? ”
“နှစ်ခါ ပြန်စဉ်းစားဖို့တောင် မလိုပါဘူးခင်ဗျ.. ကျွန်တော် သေချာပေါက်ကို လုပ်မှာ.. သေချာပေါက်ကို.. ”
တန်လောင် အရမ်းကို ပျော်ရွှင်ကျေနပ်နေပါတယ်..
သူက ဘာကို ထပ်စဉ်းစားရဦးမှာလဲ..
နဂါးစွယ်အစောင့်ကြပ်တပ်က ဘယ်လောက်တောင် အံ့သြစရာကောင်းလဲလို့. . အခုလေးတင် မြင်လိုက် ရတာကို ကြည့်ပါလား..
ဒါ့အပြင် သူက နယ်ခြားစောင့်တပ်ကနေ အလုပ်ထုတ် ခံလိုက်ရတယ်လေ.. အခုဆို အလုပ်လက်မဲ့ ဖြစ်နေတာပါ. နဂါးစွယ်အစောင့်အကြပ်တပ်က သူ့ကို လာခေါ်တာကို အိမ်မက်လို့ထင်နေဆဲပါ..
ဒါက ငရဲကနေ ကောင်းကင်ဘုံကို တစ်ချက်တည်းနဲ့ခုန်တက်သွားတာပဲ မဟုတ်ဘူးလား..
သူ့ကို နဂါးစွယ်အစောင့်အကြပ်တပ်က ဘာလို့ အလုပ်ခန့်လိုက်တာလဲမသိပေမယ့်.. သူ့ အသိစိတ်ထဲမှာ.. ဒါက သူ့ရဲ့ အသိအကျွမ်းမိတ်ဆွေ ဂျန်ချန် နဲ့ တစ်ခုခု သက်ဆိုင်တာကိုတော့ နားလည်ပါတယ်..
“တန်လောင်. . မင်းက အရမ်း ကံကောင်းတယ်.. ”
တပ်မှူး ဂူ.. ရယ်မောရင်း သူ့ ပခုံးကို ပုတ်လို့ တံဆိပ်ပြားတစ်ခုကမ်းပါတယ်..
“အခုကစလို့ အဆင့်ခြောက် နဂါးစွယ်အစောင့်အကြပ် စစ်သည်ဖြစ်သွားပြီ.. ”
နဂါးစွယ်အစောင့်အကြပ်တပ်မှာ အဆင့်ကိုး.. အဆင့်ရှစ်.. အဆင့်ခုနှစ်.. အဆင့်ခြောက်.. စသည်ဖြင့် အဆင့်တစ် မရောက်မချင်း တစ်ဆင့်ချင်း တက်သွားရတာပါ.. အဲ့ဒါကနေ ကပ်ပတိန်.. ဗိုလ်ကြီး.. တပ်မှူး စသည်ဖြင့် ဒုဗိုလ်ချုပ် အထိ ခွဲခြားတာ၀န်ပေးပါတယ်..
နဂါးစွယ်အစောင့်အကြပ် စစ်သည်အဖြစ် အဆင့်ခြောက်ကနေ စပြီး ၀င်ရတဲ့ လူ က များများစားစားမရှိ ပါဘူး.. ကြားတောင် မကြားဖူးလောက်အောင်ကို ရှားပါးလွန်းပါတယ်.. အရမ်းကို ကံကောင်းလွန်းတဲ့ မြင့်မြတ်သူတွေရဲ့ သားတော်တွေ.. အဆင့်အတန်းမြင့်မားလွန်းပြီး အဆက်အသွယ်ကောင်းလွန်းတဲ့ လူတွေမှပဲ အဲ့လိုမျိုး အဆင့်ကို ရနိုင်တာပါ..
တန်လောင်လို သာမန်လူတန်းစား တစ်ရပ်က အဆင့်ခြောက် နဂါးစွယ်အစောင့်အကြပ် စစ်သည် အဖြစ် စတင်၀င်ရောက် တာ၀န်ထမ်းဆောင်ခွင့် ရတာက တရားလွန်ဆန်လွန်းပါတယ်..
တပ်မှူး ဂူက ကံကောင်းတယ်လို့ ပြောတာ မဆန်းပါဘူး.. သူက တကယ်ပဲ ကံကောင်းလွန်းပါတယ်.. သူ သာ ကံမကောင်းရင် အစောပိုင်းကတည်းက သူ့ရဲ့ မိတ်ဟောင်းဆွေဟောင်းတွေ လက်ချက်နဲ့ သေလို့ အလောင်းကောင် ဖြစ်နေလောက်ပါပြီ..
“တပ်မှူးဂူ.. တစ်ခု မေးလို့ ရမလား.. ဘာလို့.. .. .. .. ”
တန်လောင် တစ်ယောက် ဒါတွေ အားလုံးက ဂျန်ချန် ကြောင့်လားလို့ မေးချင်ခဲ့တာပါ..
“တန်လောင်.. ငါလည်း စိတ်၀င်စားနေတာ.. မင်းက ဘယ်လိုဖြစ်လို့ သခင်လေး ဂျန်ချန်နဲ့ ရင်းနှီးနေရ တာလဲ.. သခင်လေးချန် လို မြင့်မြတ်တဲ့ သူ တစ်ယောက်က ငါတို့ ဗိုလ်ချုပ်တီယန်ရှောင်ကို သတိပေးပြီး မင်းကို နဂါးစွယ်အစောင့်အကြပ်တပ်မှာ ခန့်ထားဖို့ ပြောခဲ့တယ်.. မင်းက လိုက်လျောညီထွေနေတတ် သလို ရိုးသားတဲ့ သူ တစ်ယောက်တဲ့.. ကြည့်ရတာ သခင်လေးချန် ပြောတာ မှန်တာပဲ.. ”
တပ်မှူးဂူလည်း တန်လောင်ကို အတော်လေး နှစ်သက်ပါတယ်.. အဲ့ဒီ နယ်ခြားစောင့်တပ်က ကောင်ဆိုးတွေ တကယ်လည်း တိုက်ခိုက်တော့မယ် ပြင်တော့ တန်လောင် က သူ့အရှေ့မှာ မားမား မတ်မတ် ရပ်လို့ ရင်ဆိုင်ဖို့ ပြင်နေသေးတယ် မဟုတ်လား.. သူက တကယ်ပဲ အခုလို အခြေအနေမျိုးမှာ တောင် တစ်ဖက်သားကို ကြည့်နိုင်ပါသေးတယ်..
………………………………………………………………………………………………………………………………..­လောကသုံးပါးသခင်
…………………………
Chapter 192:
        တန်လောင် လူသစ်တစ်ယောက် ဖြစ်သွားပြီ..

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now