391---------400

62 6 0
                                    

လောကသုံးပါးသခင်
…………………………
Chapter 391:
         နောက်ဆုံးပြိုင်ပွဲသို့

လောင်ဂျုဇူးရဲ့ မျက်၀န်းတွေက စူးရှတောက်ပနေပြီး ဒေါင်းမလေး တစ်ကောင်လို မာနတွေက ၀င့်ထည်လို့ ရှိပါတယ်။ သူမကိုယ်သူမ နံပါတ် (၁) ပါရမီရှင် တစ်ဦးလို့ အထင်ရောက်နေဟန်ရရဲ့။

လိန်ဂန်ရန်မှာလည်း သူ့ ကိုယ်ပိုင် အစီအစဉ်နဲ့ ရှိနေပြီးသားဆိုပေမယ့် လောင်ဂျုဇူးက အရှေ့မှာ သူမသာလျင် ထိုက်တန်သော ပါရမီရှင်လိုလို ဘာလိုလို လုပ်ပြနေတော့ သူ အကြီးအကျယ်ကို ဒေါသထွက်ရတာပေါ့။ သို့ပေတည့်လည်း တစ်ဖက် အဖွဲ့အစည်း အကြီးအကဲတွေရှေ့မှာ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလို့ ဘယ်ဖြစ်နိုင်ပါ့မလဲ။

သူက ဆန်ရှီလို လူမျိုး မဟုတ်ပါဘူး။ ဒါကြောင့် တစ်စုံတစ်ယောက်က သူ့ကို ကျော်လွန်ပြီး နင်းချေမှာကို ဘယ်နည်းနဲ့မှ လွယ်လင့်တကူ လက်ခံမယ့် အတန်းအစားထဲ မ၀င်တာ သေချာပါတယ်။

ဘာလို့ဆို သူဆိုတာ ဟိုး.. ငယ်ငယ်ကတည်းက ခရမ်းရောင်နေအဖွဲ့အစည်း လူငယ်မျိုးဆက်ထဲမှာ ပထမအဆင့် ပါရမီရှင် တစ်ယောက်အနေနဲ့ ၀င့်ထည်လာခဲ့တာ ဒီနေ့အထိပါပဲ။ ဒါကြောင့် နှစ်ပေါင်း များစွာကြာအောင် ထိန်းသိမ်းလာခဲ့တဲ့ ထည်ဝါလှစွာသော ဂုဏ်ပုဒ်ကြီးကို ဒီနေ့မှာ တစ်စုံတစ်ယောက်ကို လွှဲပေးလိုက်ဖို့ဆိုတာ ဘယ်နည်းနဲ့မှကို မဖြစ်နိုင်ပါဘူးလေ။

အဖွဲ့အစည်း အသီးသီးက ထိပ်သီး အကြီးအကဲတွေနဲ့ ဘိုးဘေးလေးပါးတို့က ပြိုင်ပွဲ၀င်တွေအားလုံးကို အဘက်ဘက်ကနေ အကဲဖြတ်ကြပါလိမ့်မယ်။ ဒါကြောင့် ပြိုင်ပွဲကို အမြန်ပြီးအောင် ကျင်းပမှာတော့ မဟုတ်ပါဘူး။

တင်းကျပ်တဲ့ စည်းမျဉ်းတွေကို အရင်ချမှတ်ပြီး တစ်ရက်မှ (၄) ပွဲပဲ ကျင်းပပါလိမ့်မယ်။

မနက်ခင်း (၂) ပွဲ.. နေ့လည် (၂) ပွဲ။ စုစုပေါင်း (၄) ပွဲ။

တစ်ပွဲ တစ်ပွဲကို အချိန် (၄) နာရီ ကန့်သတ်ပေးထားပါတယ်။ ဒါဆို စုစုပေါင်း လေးပွဲဆိုတော့ တစ်ရက်မှာ (၁၆) နာရီ ကြာ ပြိုင်ပွဲကျင်းပပါလိမ့်မယ်။

ပထမ အသုတ် ပြီးဖို့ဆိုရင် (၈) ရက် ကြာမှာပါ။ ဒုတိယအသုတ်ပြီးဖို့အတွက်တော့ (၄) ရက် ကြာပါလိမ့်မယ်။ ဒါဆိုရင် ဇကာတင် (၁၆) ယောက် စာရင်းထွက်ပါပြီ။

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now