151----155

76 8 0
                                    

လောကသုံးပါးသခင်
…………………………
Chapter 151:
          လူဝူဂျီ တစ်ယောက် ဒုက္ခကြီးကြီး ဖန်တီးလေပြီ..

နဂါးစွယ်အစောင့်အကြပ်တွေအားလုံးကို အမိန့်ပေးစေခိုင်းပိုင်ခွင့်ရှိသူက တကယ်ပဲ တစ်ယောက်တည်း ရှိပါတယ်.. သူကတော့ ညွှန်ကြားရေးမှူးချုပ်ပါ..

နဂါးစွယ်အစောင့်အကြပ်တွေကို တပ်ရင်းဆယ်ခု ခွဲထားပါတယ်.. တပ်ရင်းတစ်ခုစီကို ညွှန်ကြားဖို့တော့ ဗိုလ်ချုပ်တစ်ယောက် ဒုတိယ ဗိုလ်ချုပ်တစ်ယောက် ထားရှိပါတယ်..

နဂါးစွယ်အစောင့်အကြပ်တပ်ဖွဲ့တစ်ခုမှာ တပ်ခွဲ ဆယ်ခု ထပ်ခွဲပြန်ပါတယ်.. တပ်ခွဲတစ်ခုစီကို စစ်သည်တစ်သောင်း ရှိသလို.. တစ်ခုစီမှာ တပ်မှူးတစ်ယောက် ဒုတပ်မှူး နှစ်ယောက် ခွဲလို့ ထားပါတယ်..

အဲ့ဒီ တပ်မှူးအောက်မှာမှ ဗိုလ်တွေ ကပ်ပတိန် တွေ ထပ်ခွဲ အုပ်ချုပ်စေပါတယ်.. အဆင့်တစ်ခုချင်းစီကို အသေအချာကို ပိုင်းခြားထားတာလေ..

တစ်နည်းအားဖြင့်ပြောရရင်.. ညွှန်ကြားရေးမှူးချုပ်က အဆင့်အမြင့်ဆုံးလို့ ဆိုနိုင်ပါတယ်..

ညွှန်ကြားရေးမှူးချုပ် အောက်မှာ ညွှန်ကြားရေးမှူး (၃) ယောက်.. ဗိုလ်ချုပ် (၁၀) ယောက်.. ဒုတိယ ဗိုလ်ချုပ် (၁၀) ယောက် အသီးသီး ရှိလေရဲ့..

ဒီ ဗိုလ်ချုပ်လူက တကယ်တော့ ဒုတိယ ဗိုလ်ချုပ် တစ်ယောက်သာသာပါ..

သူ့ ရာထူးနဲ့ အဆင့်အရဆိုရင်. တပ်မှူးတီယန်ရှောင်ထက်တော့ မြင့်မားပါတယ်..

ဒါပေမယ့်.. တီယန်ရှောင် အုပ်ချုပ်တဲ့ တပ်ရင်းကတော့ ဒုဗိုလ်ချုပ်လူရဲ့ ဆုံးဖြတ်ပိုင်ခွင့် မရှိပါဘူး. တီယန်ရှောင်ကပဲ တိုက်ရိုက်အုပ်ချုပ်အမိန့်ပေးနိ်ုင်ပါတယ်.. သူအတွက်က သူ့တပ်ရင်းရဲ့ ဗိုလ်ချုပ်နဲ့ ဒုဗိုလ်ချုပ်တို့ဆီပဲ တိုက်ရိုက်အစီရင်ခံ ရပါတယ်..

အဲ့ဒါကြောင့် ပွင့်ပွင့်လင်းလင်းပြောရရင်.. ဒုဗိုလ်ချုပ်လူက တီယန်ရှောင်ကို သွားပြီး တိုက်ရိုက် အမိန့်ပေးလို့ မရပါဘူး..

သို့ပေတည့်လည်း  ဒုဗိုလ်ချုပ်လူ က အဆက်အသွယ်ကောင်းတွေရှိတာ လူတိ်ုင်းသိပါတယ်.. သူ့ နောက်ခံက နဂါးစွယ်အစောင့်အကြပ် ညွှန်ကြားရေးမှူး တစ်ယောက်ပါ..

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now