231-------240

137 12 0
                                    

လောကသုံးပါးသခင်
…………………………
Chapter 231:
နဂါးစွယ်အစောင့်အကြပ်တပ်ဌာနချုပ်ဆီသို့

တီယန်ရှောင်ခံစားချက်တွေက ပြင်းပြင်းထန်ထန်ကို လှုပ်ခတ်နေပါတယ်။ သူ့လို အမြဲတမ်း တည်တည် ငြိမ်ငြိမ်နေတတ်တဲ့ လူတစ်ယောက်က အခုလို စိတ်လှုပ်ရှားစရာကောင်းတဲ့ အနေအထားမျိုး ကြုံရမယ်လို့ လုံးလုံးတွေးထင်ထားခြင်း မရှိဘူးလေ။

လက်ရှိအနေအထားက သူ့ကို ငယ်ရွယ်စဉ်သွေးကြွတဲ့ သွေးဆူလွယ်တဲ့ ကာလကို ဆွဲခေါ်သွားသလိုပါပဲ။ စိတ်တွေက အတော်လေး နုနယ်ပျိုရွယ်သွားသလို တက်ကြွမှုက ရုန်းကြွလာလေရဲ့။

နှစ်ယောက်လုံး ရွှေတောင်ပံဓားငှက်တွေ ကိုယ်စီ စီးနင်းလို့ နဂါးစွယ်အစောင့်အကြပ်တပ် ဌာနချုပ်ကို ပျံသန်းသွားကြပါတယ်။

ငယ်စဉ်က ဖြစ်တည်ခဲ့ဖူးတဲ့ စိတ်အားထက်သန် တက်ကြွလွန်းသော စိတ်ခံစားမှုမျိုး ခမ်းနားထည်ဝါလွန်းတဲ့ ခွန်အားမျိုးတွေ ပြန်ရလာသလို သူ ခံစားနေရလေရဲ့။ ဒီလို အရာမျိုးတွေ ပျောက်ဆုံးနေခဲ့တာ ကြာပါပြီ။

တီယန်ရှောင်က အခုချိန်မှာ ယန်ဂျောင်လက်ချက်နဲ့ အသက်ဆုံးရှုံးခဲ့ရရင်တောင် တန်ပြီဆိုတဲ့ အတွေးမျိုး ရောက်ရှိနေပါတယ်။

သိပ်မကြာလိုက်ခင်မှာပဲ ဂျန်ချန်နဲ့ တီယန်ရှောင်တို့ တစ်တွေ နဂါးစွယ်အစောင့်အကြပ်တပ် ဌာနချုပ်ကို ရောက်ရှိလာကြပါပြီ။

“နဂါးစွယ်အစောင့်ကြပ်တပ် ညွှန်ကြားရေးမှူးချုပ် ရှိန်ဂွမ်ရီ အထဲမှာ ရှိပါသလား။ ကျွန်တော် ဂျန်ချန် က တွေ့ခွင့် တောင်းပါတယ်။ ”

စိတ်ဝိညာဉ်ချီစွမ်းအားသုံးပြီး အော်လိုက်တဲ့ ဂျန်ချန် အသံက ရှင်းလင်းပီပြင်စွာ ဟိန်းခနဲ ထွက်ပေါ်လာပါတယ်။

ဌာနချုပ်တစ်ခုလုံးလည်း ပဲ့တင်သံထပ်လို့။

“ဘာ.. ဘယ်သူလို့ ပြောလိုက်တာလဲဟ! ”

ဌာနုချုပ်တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြပါပြီ။

ဂျန်ချန်..!!

အထူးသဖြင့် ယန်ဂျောင်နဲ့ သူ့ လူယုံတွေ အားလုံးက အစည်းအဝေးထိုင်ပြီး ဂျန်ဂေဟာကို ဝိုင်းလို့ ရှိသမျှ လူကုန် တစ်ယောက်မှ မလွတ်မြောက်စေရေး ညှိနှိုင်းဆွေးနွေးနေကြတာပါ။

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now