131-----140

121 10 0
                                    

လောကသုံးပါးသခင်
…………………………
Chapter 131:
          အဇူရာကောင်းကင်မြောက်ပိုင်းနန်းတော်ရဲ့ သောင်းကျန်းသော တပည့်များ

တန်လောင် တစ်ယောက်တည်း ကျန်နေခဲ့ရင်း နောင်တ တစ်ချို့ ရနေလေရဲ့.. နယ်စပ် စောင့်ကြပ်ခြင်းက လွန်ခဲ့တဲ့ရက် အနည်းငယ်ကမှ ပိုပြီးအရေးတကြီးရှိလာတာလေ.. အဲ့အတွက် သူ အိမ်ပြန်ဖို့ မလွယ်လှပါဘူး.. အဲ့ဒါကြောင့် သူ ပစ္စည်း ပါးလိုက်ဖို့သာ စိတ်ကူးရမိပါတယ်.. မဟုတ်ရင် သူ လူစိမ်းတွေပစ္စည်းပို့ ပေးဖို့ စကားလုံး၀ဟမှာ မဟုတ်တာ အသေအချာပါ..

သူ့အတွက်ကလည်း အခုလိုမှ မလုပ်ရင်မဖြစ်တဲ့ အနေအထားမျိုးလေ.. သူ့ မိသားစုက အဲ့ဒီ ပစ္စည်းတွေကို အရေးတကြီးလိုအပ်နေကြပါတယ်.. နောက်ကျသွားလို့ နောင်တရစရာတွေ ဖြစ်လာခဲ့ရင် သူ မချိမဆန့် ခံစားရပါလိမ့်မယ်..

သူ အပြစ်ပေးခံပြီး တမင် အိမ်ပြန်လိုက်ရရင်ကောင်းမလားဆိုတာကိုလည်း အကြိမ်ပေါင်းများစွာ စဉ်းစားခဲ့ ပါသေးတယ်.. ဒါပေမယ့် သူသာ ပြန်မိန့်မကျပဲ ပြန်သွားခဲ့ရင်.. သတိပေးခြင်း အလျဉ်းမရှိပဲ ပျက်ကွက် လို့ သတ်မှတ်ခံရမှာပါ.. ဒါအတွက် အနိမ့်ဆုံး အပြစ်ပေးခြင်းက သူ့ ရာထူးကို ဆုံးရှုံးရမှာဖြစ်ပြီး အကြီးလေးဆုံးက အသက်ပေးရပါလိမ့်မယ်..

တန်လောင် သူ့မိသားစုအတွက် သေရမှာကို မကြောက်ပါဘူး.. ဆိုးရွားတဲ့ တစ်ချက်က သူ့မိသားစုဆိုတာ သူနဲ့ သူ့အလုပ်မရှိရင် ဆက်လက် ရှင်သန်ရပ်တည်ဖို့ မဖြစ်နိုင်ဘူးလေ..

တန်လောင်က အိမ်ရဲ့ အဓိက ထောက်တိုင်ပါပဲ.. သူကျရှုံးသွားရတာက သူ့မိသားစု ကျရှုံးသွားရတာပါ..

ဒါကြောင့်.. အခုရက်ပိုင်းမှာ သူ့ စိတ်ကို ချိုးနှိမ်ထားရပြီး.. အိမ်ပြန်ဖို့ စိတ်ကူးကို မေ့ဖျောက်ထားရပါတယ်.. တစ်ယောက်ယောက်များလာရင် ပစ္စည်းကို လူကြုံပါးလိုက်ဦးမဟဲ့လို့ တွေးတော စိတ်ကူးပေမယ့်လည်း ဝိုင်းဗန်နဂါးစီးနင်းသူ တစ်ယောက်အနေနဲ့ သူ့ရဲ့ အဆင့်အတန်းက နိမ့်လွန်းလို့  ကင်းလှည့်ရတဲ့ နယ်မြေက လီပေါင်း (၁၀) တောင်မှ မပြည့်ချင်ခဲ့ဘူးလေ..

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now