296-------300

70 13 0
                                    

လောကသုံးပါးသခင်
…………………………
Chapter 296:
         ရွှေချုပ်နှောင်ခြင်း သခင်

ရွှေရောင်ပုဆိန်သဏ္ဍာန် မကောင်းဆိုးဝါးက အစိတ်စိတ်အမွှာမွှာကြေမွပျက်စီးသွားတယ် ဆိုပေတည့်လည်း ဒါက တစ်ခြား မကောင်းဆိုးဝါးတွေကို ကြောက်အာင် လုပ်နိုင်ဖို့ဝေးစွ။ သေခြင်းတရားကို သိပုံတောင် မရပါဘူး။

မရေမတွက်နိုင်တဲ့ မကောင်းဆိုးဝါးတွေက အသားကုန်အော်ဟစ်လို့ လျိုထဲကနေ ရုတ်ခနဲ ရုတ်ခနဲ ချီတက်လာကြလေရဲ့။ သူတို့တွေက မျက်တောင် တစ်ခတ်စာအတွင်း ဂျန်ချန် ကို ဝိုင်းပတ်မိကြပြန်ပါ ရောလား။

ဂျန်ချန် အနေနဲ့ လျင်မြန်ဖျတ်လတ်ကောင်း ဖျတ်လတ်နိုင်ပေမယ့် သူတို့အားလုံးထက်တော့ ပိုမမြန်နိုင်ပါဘူးလေ။

ဘယ်ဘက်အရပ်မျက်နှာကိုပဲ ကြည့်ကြည့် အခုဆို မကောင်းဆိုးဝါးတွေနဲ့ ပြည့်နှက်နေတာချည်းပါ။ ဖိအားတွေကို သူခံစားလိုက်မိရင်း အလျင်အမြန်ပဲ ကြာပန်းခြောက်ပွင့်ကို နံဘေးဆွဲခေါ်ထားရပါတယ်။

တိုက်ပွဲက မကြာခင်စတော့မည်ကိုး။

ရွှေရောင် ဒီလှိုင်းထဲမှာ ဂျန်ချန် ဆိုတဲ့ ဒုက္ခသည် မဖြစ်တဖြစ်လေး ရောက်နေတာ သနားစရာ။ ဒါက တိုက်ပွဲတစ်ခုသက်သက် မဟုတ်ပါဘူး။ အရှက်မရှိဘဲ အရေအတွက်အသာနဲ့ သူ့ကို အနိုင်ကျင့်ခြင်း မည်ပါတယ်။

ရွှေရောင် မကောင်းဆိုးဝါး ကျောက်တုံးကောင် (၂) ကောင် (၃) ကောင်လောက်က ကြောက်စရာ မကောင်းပါဘူး။ (၁၀) ကောင်လောက် ဝိုင်းတိုက်ခိုက်ကြစေဦးတော့ အေးဆေးနေနိုင်ပါလိမ့်ဦးမယ်။

အခုဟာက ရာ.. ထောင်.. သောင်း ချီနေတဲ့ ရွှေရောင်သားရဲတွေကိုး။ သူတို့တွေရဲ့ လူသတ်လိုစိတ်က ပြိုင်ဖက်ကို အသက်ထွက်သွားစေနိုင်လောက်အောင် အားကောင်းပါတယ်။

သူ ကိုယ်တိုင်လည်း ရွှေရောင် အငွေ့အသက်တွေ ပြည့်နှက်နေတဲ့ ကြားထဲမှာ အသက်တောင် ဝအောင် မနည်းရှူနေရပြီး ကြာပန်းခြောက်ပွင့် အကူအညီနဲ့ အားတင်းနေရလေရဲ့။

သူ့နေရာမှာ အခြား ကျင့်ကြံသူတစ်ယောက်ယောက် သာဆို အခုချိန်မှာ စိစိညက်ညက်ကြေအောင် တိုက်ခိုက်သတ်ဖြတ်ခြင်း ခံနေရပြီးလောက်ပါပြီ။

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now