341------350

65 6 0
                                    

ထွက်ရှိ..

..............................................................

လောကသုံးပါးသခင်
…………………………
Chapter 341:
         အကြီးအကဲ လာရောက်လည်ပတ်ခြင်း
       
“ဘယ်လို.. သူထွက်သွားပြီ။ ဟုတ်လား ”
ဂျန်ချန် အတော်ကြာတဲ့အထိကို မှင်သက်သွားပါတယ်။

သူ ဆရာဖန်ဆီကိုလာခဲ့တာက စုံစမ်းစစ်ဆေးပေးဖို့ လာပြောတာပါ။ တစ်ဖက်က တုန့်ပြန်လာတဲ့ စကားကိုတော့ မမျှော်လင့်ထားခဲ့မိပါဘူး။

ဆရာဖန်လည်း ခေါင်းညိတ်ပြီး နားလည်ဟန်နဲ့ နွေးထွေးစွာ ပြုံးပါတယ်
“ဒီနေ့ ရလဒ်တွေ မကြေညာခင် သူရောက်လာတယ်။ သူ့ အဆင့်ကို မေးတာ မဟုတ်ဘူးနော်။ တုနှိုင်းမဲ့ တောင်တန်းကနေ ထွက်သွားလို့ ရမလားတဲ့ ”

“ဘာလို့ အဲ့လို မေးတာလဲ ”

“မသိဘူး။ ဒါပေမယ့် သူက အတော်လေး ထူးဆန်းတယ်ကွ။ မင်း အဆင့် (၇) ရတာနော်။ မြေကမ္ဘာအဆင့်ကို တက်တော့မှာ ဘာလို့ထွက်သွားမှာလဲလို့ ပြောတာတောင် နည်းနည်းမှ စိတ်လှုပ်ရှားပုံ မရဘူး ”

“တစ်ယောက်ယောက်ကများ ခြိမ်းခြောက်လိုက်လို့များလား ”

ဆရာဖန်လည်း တစ်ချက် တွေးကြည့်ပါတယ်။ ပြီးမှ ခေါင်းခါရမ်းလိုက်ရင်း
“ငါတော့ အဲ့လို မထင်ဘူး။ သူ့ စိတ်က အတော်လေးကို တည်ငြိမ်နေတယ်။ ထွက်ကို ထွက်သွားမယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကလည်း အတော့်ကို ပြတ်သားပုံပဲ။ တစ်ယောက်ယောက် ခြိမ်းခြောက်လို့ဆို အဲ့ပုံစံ ဘယ်ဖြစ်နိုင်ပါ့မလဲ။ သူ အရာအားလုံးကို တွက်ချက်ပြီးမှ ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ထွက်သွားဖို့ ဆုံးဖြတ်လိုက်တာပဲ ဖြစ်မှာပါ ”

ဂျန်ချန် တစ်ယောက် အမှောင်ကျသွားသလို ခံစားလိုက်ရပါတယ်။ ဘာလို ဖြစ်ရတာလဲ။

အစကနေ အဆုံးထိ သူသိတာက တစ်ဖက်လူကို ရှောင်ဖိန် လို့ခေါ်ကြောင်းနဲ့ ယောက်ျားလေး ပုံစံ ၀တ်ထားတဲ့ မိန်းကလေးဆိုတာကိုပါပဲ။

အဲ့နေ့ညက မတော်တဆ အဖြစ်ကြောင့်သာ မဟုတ်ရင် သူ နံပါတ် (၇) နေရာ ရပြီးမှပဲ ဘာလို့ ထွက်သွားမှာလဲ။

အဲ့နေ့ညက အဖြစ်အပျက်ကို သူ့ ရင်ထဲမှာ သေချာသိမ်းထားသလို နှလုံးသားထဲမှာလည်း စွဲစွဲထင်ထင် ရိုက်နှိပ်ထားပြီးသားပါ။ သူမကြောင့် အခုလို ဖြစ်ရတာမို့ စိတ်မကောင်းကြောင်း ပြောပေမယ့် ဘယ်သူမပြု မိမိမှုပဲဟာ သူ ပေါ့လျော့တာလို့ပဲ ခံယူပါတယ်။

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now