31---40

172 13 0
                                    

လောကသုံးပါးသခင်
..........................

Chapter 31:
    နောက်ဆုံးတော့ အခြေခံစာမေးပွဲကြီးစပြီ

တူညီတဲ့ လူနှစ်ယောက် နောက်တစ်ကြိမ် တိုက်ခိုက်ရာမှာ တူညီတဲ့နေရာကို တိုက်ခိုက်ခံရပြီး ယန်ရီမင် နောက်တစ်ကြိမ် အကြီးအကျယ် ရှုံးနိမ့်သွားပါတယ်။

ဂျန်ချန်ပြိုင်ပွဲမှာ တူညီတဲ့ တော်ဝင်ဧကရာဇ်လက်ချောင်းသိုင်းကိုပဲ အသုံးပြုပြီး တိုက်ခိုက် အနိုင်ယူသွား တာပါ။

မတူတာက အခုအကြိမ်မှာတော့ ယန်ရီမင် သူတို့ မိသားစုပိုင် သိုင်းကွက်ကို အသုံးပြုခဲ့ပါတယ်.. အရင်တုန်းက ဂျန်ချန်ကို အထင်သေးခဲ့မိလို့ ဆိုတဲ့ ဉာဏ်အလင်းတစ်ခု ပွင့်သွားခဲ့ပြီး အခုတစ်ကြိမ်မှာ သေချာပြင်ဆင် တိုက်ခိုက်ခဲ့တာပါ.. အဆုံးမှာတော့ သူပဲ ရှုံးနိမ့်ခဲ့ရတယ်.. ဆိုတော့ ယန်ရီမင် နောက်တစ်ကြိမ် ဉာဏ်အလင်းထပ်ပွင့်သွားနိုင်ဖွယ်ရှိပါတယ်။

အခုတစ်ခေါက်ကတော့ အတော်လေးကို အရှက်ရစရာပါ.. ဘာလို့ဆို ယန်ရီမင် ဂျန်ချန်ရဲ့ တိုက်ခိုက်နည်းစနစ်တွေကို ပထမအကြိမ် အတိုက်ခံခဲ့ရကတည်းက သေချာလေ့လာခဲ့ပြီးသားလေ.. ဒါတောင် ဂျန်ချန်ကြိုပြောထားတဲ့ သုံးကြိမ် တိုက်ခိုက်မှုကို မရှောင်နိုင်ခဲ့ဘူး.  ဘယ်လောက်တောင် အရှက်ရစရာလည်းလို့.. ။

နောက်ပြီး အခုတစ်ကြိမ်မှာတော့ ပထမအကြိမ်ကလို ယန်ရီမင် ကံမကောင်းခဲ့ပါဘူး.. ညစာစားပွဲမှာတုန်းက ဂျန်ချန် သူ့ရဲ့ စစ်မှန်သော ချီစွမ်းအားကို အစွမ်းကုန် ထုတ်မသုံးခဲ့ပါဘူး.. ။

အခုတော့ ယန်ရီမင် နဂါးခေါင်းမှ သွားပုတ်မိလေရဲ့ ဖြစ်သွားရပါတယ်.. ဂျန်ချန်ရဲ့ သည်းခံနိုင်စွမ်းကို လျှာဖျားလေးနဲ့ သွားကလိမိတာ.. ဂျလိ ဂျလိ မြည်အောင် ခံစားသွားရပါတော့တယ်.. ယန်ရီမင် တစ်ယောက် ဂျန်ချန်ရဲ့ အမှန်တကယ်စွမ်းအား ၇၀ ရာခိုင် နှုန်းလောက်ကို ပထမအကြိမ် မြည်းစမ်းလိုက်ရပြီး.. မြေမွေ့ရာပေါ် ဆန့်ဆန့်ကြီး စက်တော်ခေါ်နေလေရဲ့။

အထိနာချက်ကတော့ သူအိပ်ရာထဲမှာပဲ သုံးလ ဒါမှမဟုတ် ငါးလလောက် လှဲနေရတော့မှာပါ။

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now