11--20

214 11 1
                                    

လောကသုံးပါးသခင်
..........................

Chapter 11:
           ဆေးခန်းမ ပဋိပက္ခ

နောက်နေ့မနက်ကို ရောက်လာခဲ့ပါပြီ။ ဂျန်ချန် မျက်စိ နှစ်လုံးကို ဖြည်းညှင်းစွာပဲ ဖွင့်ပြီး နိုးထလာပါတယ်။ သူ့မျက်ဝန်းထဲမှာ ဟိုးအရင်တုန်းကတည်းက မမြင်ခဲ့ဖူးတဲ့ တောက်ပမှုတွေရှိနေပါတယ်။ သူထထိုင်လိုက်ပြီး အကြောဆန့်ထုတ်လိုက်ပါတယ်။

"အိုး..! "

သူ့တစ်ကိုယ်လုံး ပေါက်ကွဲလုလုဖြစ်နေတဲ့ ပြည့်ဝတဲ့စွမ်းအားတွေနဲ့ ပြည့်နှက်နေတာကို ခံစားလိုက်ရပါတယ်။

ကောင်းကင်ဘုံကြင်နာခြင်းဆေးရဲ့ သုံးဆယ်၊ လေးဆယ်ရာခိုင်နှုန်းလောက်ကိုပဲ အသုံးပြုနိုင်ခဲ့တာတောင်မှပဲ ဂျန်ချန်ရဲ့ ဒါဏ်ရာတွေကို ရှစ်ဆယ်ရာခိုင်နှုန်းကနေ ကိုးဆယ်ရာခိုင်နှုန်းလောက်အထိကို ပျောက်ကင်းသွားပါပြီ။ ထပ်ပြီးပြောရရင် သူ့ရဲ့ စစ်မှန်သော လေးကြောချီကို ခန္ဓာကိုယ်တစ်ခုလုံး လည်ပတ်ပြင်ဆင်ခိုင်မာစေခဲ့တာဟာဆိုရင် တစ်ညလေးနဲ့တင်ကိုပဲ သူ့ကိုယ်ကို လုံးဝအဆင့်တွေတက်ပြီး ခိုင်မာတောင့်တင်းနေစေပြီလေ။

ဂျန်ဇန်း မနက်ခင်းအစောကြီးထဲက မြူးတူးတက်ကြွစွာနဲ့ပဲ ရောက်နေခဲ့တာပါ။ ဘာလို့လဲ? ။ သူမနေ့ကအကြောင်းတွေးလိုက်တိုင်းကိုပဲ ကြည်နူးနေတာမို့ပါ။ မနေ့ညက သူ အိမ်ကိုပြန်ရောက်တော့ သူ့မိန်းမကို ဝံ့ကြွားစွာပဲ ပြောဆိုဆုံးမနိုင်တဲ့အခွင့်အရေးတွေရရှိခဲ့ပြီး ယောက်ျားတစ်ယောက်ရဲ့ သိက္ခာကို ပြန်အဖတ်ဆည်နိုင်ခဲ့ပါတယ်။ တစ်နည်းပြောရရင် သူ မြောက်ကြွကြွ ဖြစ်နေတာပါ။ အဲ. . . ဒါတွေက နည်းနည်းပဲ အရေးကြီးတာပါ။ အဓိက ကတော့ သူ မနေ့ညက အိပ်ရာပေါ်မှာ အချစ်ဇာတ်တွေခင်းပြီး အချစ်ကြမ်းခဲ့ကြတာမှ(ခင်ဗျားတို့ သိပါတယ်) ဘယ်နှစ်ကြိမ်မှန်းတောင် မသိပါဘူး။ ပြန်တွေးတိုင်း ရင်တွေခုန်ပြီး ပျော်နေမိပါတယ်။

ဒါပေမယ့် ဂျန်ချန် တံခါးဖွင့်ပြီး ထွက်လာတော့မြင်တော့ သူ အတော့်ကို အံ့အားသင့်သွားပြီး. .

"သခင်လေး နင်! . . နင်! . . . "

သူ အဆင်ပြေ ထိရောက်တဲ့စကားလုံး တစ်လုံးတစ်လေတောင် ပြောဖို့မတွေ့နိုင်လောက်အောင်ကို အံ့အားတွေ အရမ်းသင့်သွားပါတယ်။ ဂျန်ချန်ရဲ့ပုံစံက အရမ်းကိုကြီးကျယ်ခမ်းနားပြီး မြင့်မြတ်တဲ့ သူတစ်ထူးလို ပြောင်းလဲနေလို့ပါ။ အရင် ဂျန်ချန်က လူပေလူတေ လူညစ်ပါတ်ကလေးပါ။ သူ့စိတ်က တကယ့်ကို ခန့်မှန်းရခက်ပါတယ်။ တစ်ခါတစ်ရံမှာ သူက အနိင်ကျင့် ဗိုလ်ကျတတ်ပြီး၊ တစ်ခါတစ်လေကျ ပူပင်သောက ဗျာပါဒ ပွားတတ်ပါတယ်။ အဲ . . တစ်ခါတစ်ရံကျတော့လည်း စိတ်ဓာတ်တွေ ကျနေသလို ဖြစ်နေတတ်ပါတယ်။ ရှင်းရှင်းပြောရရင်တော့ အရင် ဂျန်ချန်က အမှိုက်လိုကောင်ပါ။

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now