356--------360

67 6 0
                                    

လောကသုံးပါးသခင်
…………………………
Chapter 356:
         သတ်.. ! !

တိုက်ပွဲက မကြာခင် စပါတော့တယ်။

ဂျန်ချန် နှလုံးသားထဲမှာ အတွေးတစ်ခုပဲ လက်တလော ၀င်နေခဲ့ပါပြီ။

ဟိုင်ရှန်ပဲ ဖြစ်စေ.. ရွှမ်ရယ်ပဲ ဖြစ်စေ သူတို့တွေက ဘာမှ အသုံးမကျတဲ့ ကြွက်စုတ်ကလေး သာသာတွေပါ။ တိမ်စိုင် တိမ်တိုက်တွေလိုပဲ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ရှိကြပေမယ့် တဒင်္ဂပဲ မဟုတ်လား။

သို့သော်ငြားလည်း သူ့ လမ်းကို ခဏ ခဏ လာလာ ပိတ်ရပ်နေတာကတော့ သိပ်ကို များသွားခဲ့ပါပြီ။ သူ့အနေနဲ့ တန်ပြန် တိုက်ခိုက်ရပါလိမ့်မယ်။ တကယ့် အင်အားဆိုတာ ဘာလဲလို့ အနည်းအကျဉ်းသိသွားအောင် အစွမ်းအစ တစ်ချို့ ထုတ်ပြရမယ့် အချိန်ရောက်ပြီထင်ပါ့။

အခုဆို ဂျန်ချန် တစ်ယောက် စိတ်ဝိညာဉ် ဝါးမြိုခြင်း စင်မြင့်ထက်မှာ မားမား မတ်မတ် ရပ်နေရင်း ကမ္ဘာကြီးတစ်ခုလုံးနဲ့ လားလားမှ မဆိုင်သလို ရှိနေခဲ့ပါပြီ။ သူက ပြင်ပကမ္ဘာကို သွားဖို့ စိတ်အဟုန် ပြင်းထန်နေပါတယ်။ ဒါပေမယ့် အချိန်က မကျသေး။

“စိတ်ဝိညာဉ် ဝါးမြိုခြင်း စင်က သတ္တုဓာတ်သဘာ၀ စွမ်းအားကို အခြေခံတယ် ”
စင်ပေါ်မှာ ရောက်နေပါလား ဆိုတဲ့ အသိပြန်၀င်လာတာနဲ့ ဒါကို ဂျန်ချန် သတိကပ်မိပါတယ်။

စိတ်ဝိညာဉ်ဝါးမြိုစင်က သတ္တုသဘာ၀စွမ်းအား အဆီအနှစ်တွေနဲ့ ၀င်္ကပါ ပုံစံ တည်ဆောက်ပြီး လေထုထဲမှာတောင် သတ်ဖြတ်ခြင်း စွမ်းအားတွေကို ပိတ်လှောင်ထားပါတယ်။ စင်ပေါ်မှာ ဂျန်ချန် တစ်ယောက် သူ့ ပတ်ပတ်လည်မှာ ကြီးမားတဲ့ ဖိအားတွေ ၀င်နေတာကို ခံစားရပါတယ်။ အဝါရောင် သဲပွင့်တွေ ကောင်းကင်နဲ့ အပြည့် ဖြစ်တည်နေသလိုမျိုး သိပ်သည်းအားကောင်းတဲ့ ဖိအားတစ်ခုက သူ့ကို နှိပ်ကွက်လာပါတယ်။

သတ္တုဓာတ်သဘာ၀ စွမ်းအားတွေက အန္တရာယ်ကြီးကြီးမားမား တစ်စုံတစ်ရာ ပေးနိုင်သလို ထက်ရှတဲ့ ခံစားချက်ကို ရရှိစေတာပေါ့။ နောက်ပြီး သေစေနိုင်လောက်တဲ့ စိတ်ဝိညာဉ်တစ်ခုလုံးကို ဝါးမြိုသွားနိုင်လောက်တဲ့ အစွမ်းသတ္တိကိုလည်း ပိုင်ဆိုင်ပါတယ်။

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now