316-------320

79 10 0
                                    

လောကသုံးပါးသခင်
…………………………
Chapter 316:
         အဲ့လောက် သေချင်နေရင်လည်း သေလိုက်တော့

ထူးဆန်းစွာ ရေရွတ်သူကလည်း ပြိုင်ပွဲ၀င် တူညီ၀တ်စုံ တူညီမျက်နှာဖုံးကိုပဲ တပ်ဆင်ထားပါတယ်။ ဒါပေမယ့် ထူးဆန်းစွာပဲ စိုးရိမ်မှုတစ်ချို့ကို သူ့မျက်လုံးတွေ အထက်မှာ တွေ့နေရပါတယ်။

သူက ပျက်ယွင်းတောင်ကြားတစ်ခုလုံးကို ရက်အတော်ကြာ နှံ့နှံ့စပ်စပ် ရှာဖွေခဲ့ပါတယ်။ ဒါပေမယ့် ကျောက်ဆောင်နှလုံးသား ကောင်လေးရဲ့ အရိပ်အငွေ့ တစ်စေ့တောင် မတွေ့ခဲ့ရဘူးလေ။ ဒါကြောင့် အခုလို မီးလောင်ပြင်ကို မြင်လိုက်ရခိုက်မှာပဲ မကောင်းတဲ့ အငွေ့အသက်တစ်ချို့ ရခဲ့ပါတယ်။ သို့ပေတည့်လည်း ဘာမှမဖြစ်ဖို့ ရေရွတ်နေပုံထောက်တော့ စိတ်ထားကောင်းကြောင်း ပြနေသယောင်။

အဲ့လူ ပါတဲ့ လူအုပ်ကြီးက ရုတ်တရက် တစ်စုံတစ်ရာကို မြင်လိုက်ရသလို တောက်ပသွားကြပါတယ်။

ပုံရိပ်တစ်ခု..

ပျက်ယွင်းတောင်ကြားရဲ့ လောင်ကျွမ်းနေတဲ့ အပျက်အစီး မီးလောင်ပြင်ထဲကနေ တိုးထွက်လာပုံပေါ်ပါတယ်။

အခုလို အားလုံးကို ပြာချပစ်လိုက်အောင် ပြင်းတဲ့ မီးလောင် တစပြင်ထဲကနေ ထွက်လာနိုင်တဲ့ ပုဂ္ဂိုလ်က ဘယ်လောက်တောင် အစွမ်းထက်လိုက်မလဲလို့။ ဖီးနစ်ငှက်အလား ထူးဆန်းပေစွ။

“သူပဲ။ ကျောက်ဆောင်နှလုံးသားကောင်လေးလို့ တင်စားတဲ့ကောင်ပဲ။ ဟား.. ဟား.. ”
ကြီးမားတဲ့ ကျောက်တုံးတစ်ခုပေါ်မှာ ရပ်နေတဲ့ အနှီပုဂ္ဂိုလ်ရဲ့ မျက်၀န်းတွေက တစ်ဖိတ်ဖိတ် လင်းလာပါတယ်။
“ ငါ ထင်ပါတယ်။ သူ အဲ့လောက် လွယ်လွယ်နဲ့ သေမသွားနိုင်ပါဘူးဆို ”

လူသား ကျင့်ကြံသူ တစ်ယောက်မှ မရှင်နိုင်ခဲ့တဲ့ တစပြင်အငွေ့အသက်တွေကြားက ပုံရိပ်တစ်ခု ထွက်လာကတည်းက သူ့မျက်နှာထက်မှာ ၀မ်းမြောက်ခြင်းတွေ စွန်းထင်းလာခဲ့တာ ထိန်းချုပ်လို့တောင် မရနိုင်အောင်ပါ။ အဲ့ဒါအတွက် ဂုဏ်ယူနေပုံပေါ်ပါတယ်။

ကျောက်ဆောင်နှလုံးသား ပါရမီရှင် ပြိုင်ပွဲ၀င်လေး အပြင်ကို ရောက်လာတာနဲ့ လူစိမ်းက စိတ်အေးသွားဟန်နဲ့ သစ်တောထဲ ရုတ်ခနဲ ၀င်ပြေးသွားပါတော့တယ်။ အငွေ့အသက် တစ်စုံတစ်ရာတောင် မကျန်ရစ်ခဲ့ပါဘူးလေ။

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now