336------340

65 8 0
                                    

လောကသုံးပါးသခင်
…………………………
Chapter 336:
         အစ်ကို ကျောက်ဆောင်ကို ကျွန်တော် ကူညီမယ်

ဒါက သေတာထက် ဆိုးရွားပါတယ်။ ယန်ချီဓာတ်တွေ နိုးထလာပြီမို့ တစ်ကိုယ်လုံးကသွေးကြောတွေက ဖောင်းကားလာနေတာက သေတာထက် ဆိုးရွားလေစွ။

ယန်စွမ်းအားတစ်ခုထဲပဲ ရှိတယ်ဆိုရင်တော့ ဘာမှ မဖြစ်ပါဘူး။ အဲ.. ယင်စွမ်းအားချည်း သက်သက်ဆိုရင် လည်း ဘာမှ မဖြစ်ပါဘူး။

ဒါပေမယ့် လူသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ယင်နဲ့ ယန်သဘာ၀ မျှခြေ မညီတော့ဘူးဆိုရင်တော့ နတ်ဘုရားတွေတောင်မှပဲ ကယ်တင်ဖို့ မဖြစ်နိုင်သော အရာ ဖြစ်သွားပါပြီ။

အဲ့ဒါကြောင့် သေတာထက်ဆိုးတဲ့ ကြမ္မာလို့ သူ ဆိုခဲ့တာပါ။

ဒန်ဖိန် ကတော့ ခေါင်းမာစွာပဲ ရှိနေဆဲပါ။ သူမ ခေါင်းကို တွင်တွင်ခါရမ်းလို့
“အစ်ကို ကျွန်တော့်ကို ရိုက်သတ်မပစ်မချင်း ကျွန်တော် ထွက်သွားမှာ မဟုတ်ဘူး။ ”

“ထွက်သွားစမ်းကွာ.. မင်း ဒီမှာ ရှိနေတာ ငါ့ကို ဒေါသထွက်စေတာပဲ ရှိမယ်။ ”

“ကျွန်တော်.. ”
အခုလို အော်ခံရပေမယ့်လည်း ဒန်ဖိန်တစ်ယောက် သူမ ခံစားချက်တွေကို ထုတ်ပြောဖို့ မစဉ်းစားချင်သေးပါဘူး။ လက်ရှိမှာ ခံစားချက်တွေက ကသောင်းကနင်းဆန်နေပါတယ်။ ကူညီချင်စိတ်လည်း အပြည့်အ၀ရှိပါတယ်။ ဒါပေမယ့် ကူညီချင်တယ် ဆိုရင်ရော ကူညီနိုင်ပါ့မလား။

လက်တလောမှာ သူမ ခေါင်းထဲ ပူထူနေပြီး တစ်ခုထဲသော ဖြေရှင်းစရာက ဂျန်ချန်နဲ့အတူ လိုက်သေဖို့ပါပဲ။

“နေပါဦး.. ”
အစောနက ဂျန်ချန် ပြောခဲ့တဲ့ အကြောင်းအရာတစ်ချို့ ခေါင်းထဲ ပြန်ရောက်လာပါတယ်။
“သူ ပြောတဲ့အတိုင်းဆို ဒါက ကာမစိတ်ကြွဆေးဆို။ ဒါက သူ့ ကိုယ်ထဲက ယန်ချီတွေကို လှုံ့ဆော်ခံနေရတာပဲ။ အကျိုးဆက်အနေနဲ့ သွေးကြောတွေ ဖောင်းကြွလာတာဖြစ်မယ်။ ယန်ချီတွေကို ထိန်းနိုင်ရင် ကိစ္စပြတ်ပြီပဲ။ မထိန်းနိ်ုင်ရင်တော့ ကံကောင်းရင် ကျင့်ကြံခြင်းလမ်းကြောင်းဆုံးမယ်။ ကံဆိုးရင် ပေါက်ကွဲပြီးသေမယ်။ ဒါဆို သူ့ ယန်ချီတွေကို ထုတ်နိ်ုင်ခဲ့ရင် ကယ်နိုင်သေးတာပဲ ”

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now