361----365

62 5 0
                                    

လောကသုံးပါးသခင်
…………………………
Chapter 361:
         ရွှမ်ရယ် အဖွဲ့က ထိပ်သီး ပါရမီရှင် သုံးဦး

ကောင်းကင်အုပ်စုက တုနှိုင်းမဲ့ တောင်တန်းမှာ အဆန်းကျယ်ဆုံး အုပ်စု တစ်ခုဖြစ်ပါတယ်။

လူဦးရေ (၁၀၀) ပဲ ရှိပေမယ့်လည်း အားလုံးက အစွမ်းထက်တကာ့ အထက်ဆုံးတွေလေ။ ကျင့်ကြံခြင်း အဆင့်ကလည်း စိတ်ဝိညာဉ်အဆင့်ငါးအောက် မရှိပါဘူး။

လွန်ခဲ့တဲ့ နှစ်နှစ်လောက်တုန်းကမှ အဖွဲ့အစည်းထဲ ၀င်ခဲ့တဲ့ လောင်ဂျုဇူးတောင်မှပဲ တောင်တန်းပေါ်ရောက်လို့ နှစ်၀က်(၆ လ) လောက် အကြာမှာ စိတ်ဝိညာဉ်အဆင့်ငါးကို ရောက်ခဲ့ပြီး အခုဆို စိတ်ဝိညာဉ် အဆင့်ခြောက်ကိုတောင် ချိုးဖောက် ၀င်ရောက်တော့မယ့် အခြေအနေမှာ ရှိပါတယ်။

အဇူရာ ဖီးနစ် ခန္ဓာကိ်ုယ် ဖွဲ့စည်းပုံက အားလုံးထက် အများကြီး ရှေ့ရောက်နေနိုင်လောက်တဲ့ ပင်ကိုယ် အစွမ်းအစမျိုး ရရှိစေတယ် မဟုတ်လား။ ဘယ်လို ပညာရပ်မျိုးမဆို လေ့ကျင့်တဲ့အခါမှာ တစ်ခြားပါရမီရှင်အားလုံးလောက် အားစိုက်ထုတ်ရခြင်း မရှိဘဲ အရှေ့ကို ရောက်နေစေတာပေါ့။

ဒီိလို သန်မာအားကောင်းတဲ့ မွေးရာပါ ခန္ဓာကိုယ် ဖွဲ့စည်းပုံက မနာလိုခြင်းလည်း ဖြစ်တည်စေသလို နှစ်လိုခြင်းလည်း ဖြစ်တည်စေရဲ့။ ဒါက လုပ်ယူလို့ မရနိုင်သော ဆုလဒ်ကိုး။

နိုင်ငံ ဆယ့်ခြောက်ခုလုံးမှာ နှစ်ပေါင်း (၁၀၀၀) အတွင်း တစ်ယောက်ပဲ ပေါ်ထွက်လာနိုင်သည်ကိုး။

ဘိုးဘေးကြီး လေးယောက်တောင် ဒီလို လူကို တန်ဖိုးကြီးကြီး ထားရပါသေးတယ်။

အဲ့လို ထူးခြားကြီးမြတ်ခြင်းတွေနဲ့ လောင်ဂျုဇူး တစ်ယောက် ဒီနှစ်၀က်အတွင်းမှာ တော်တော်လေး အကျိုးအမြတ်ရခဲ့ပါတယ်။ သူမ ကျင့်ကြံခြင်း အဆင့်က မြင့်မားလာခဲ့သလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ကလည်း တစ်ဟုန်ထိုးပါပဲ။

အဖွဲ့အစည်းကို စတင်၀င်ရောက်ခါစကလို လောင်ဂျုဇူးတစ်ယောက် ရှိုးတိုးရှန့်တန့် မဖြစ်တော့ပါဘူး။ သူမ စီနီယာ အစ်ကိုတွေကိုလည်း ဖားယားပြီး ဆက်ဆံ နေစရာ မလိုအပ်တော့ဘူးလေ။

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now