166-----170

99 14 0
                                    

လောကသုံးပါးသခင်
…………………………
Chapter 166:
          .. နိုင်ငံကာကွယ်စောင့်ရှောက်သူ စိတ်ဝိညာဉ်ဘုရင်ရဲ့ မွေးနေ့ပွဲ ..


ရီချောင်လုံ ရဲ့ နာမည်က အောင်နိုင်ခြင်းကောင်းကင်နိုင်ငံရဲ့ ကိုယ်စားပြု အမှတ်သင်္ကေတ လို့ ဆိုနိုင်ပါတယ်.. အသက်ရှစ်ဆယ်အစ ကလေးသူငယ် အဆုံး အားလုံးက ဒီနာမည်နဲ့ မစိမ်းကြပါဘူး..

သူက ကြီးကျယ်ခမ်းနားတဲ့ ရာထူးဂုဏ်သိမ်တွေ မရှိသလို.. အင်အားစုတစ်ခုကိုမှ အမှီသဟဲပြုနေခြင်း.. ကိုယ်စားပြုခြင်းလည်း မရှိပါဘူး..

ပိုပြီး ရှင်းရှင်းလင်းလင်းဆိုရရင်.. သူက ကမ္ဘာကြီးနဲ့ မသက်ဆိုင်သော ပုဂ္ဂိုလ် တစ်ယောက်လိုပါပဲ.. သူ့ကိုယ်သူ ပန်းပွင့်တွေကို ပြုစုပျိုးထောင်ရှင်သန် ကြီးထွားတာကို တစိမ့်စိမ့်ကြည့်ရင်းကျေနပ်နေတဲ့ ဘယ်သူနဲ့မှ မဆိုင်သော မပိ်ုင်သော လူတစ်ယောက်ပါ.. မြို့တော်မှာ သူ့ကိုယ်သူ ကွယ်ဝှက်နေတဲ့ လူ တစ်ယောက်လို့လည်း ဆိုနိ်ုင်ပြန်ရဲ့..

သို့ပေတည့်လည်း သူ့နာမည်ကို ပြောလိုက်တာနဲ့ .. ဧကရာဇ်ကနေ သာမန်ပြည်သူအဆုံး အားလုံးက တစ်လေးတစ်စားရှိကြပါတယ်..

ဒါကလည်း သူ့နာမည်က အောင်နိုင်ခြင်းကောင်းကင်နိုင်ငံရဲ့ အမှတ်သင်္ကေတလို ဖြစ်နေတာကြောင့်ပါ..

အောင်နိုင်ခြင်းကောင်းကင်နိုင်ငံက မင်းသားတွေ အားလုံးက ရီချောင်လုံကို တစ်ရိုတစ်သေနဲ့ ဆရာလို့ ခေါ်ကြရပါတယ်..

လက်ရှိ ဘုရင်တောင်မှပဲ.. ဟိုအရင် မင်းသားဘ၀ကတည်းက အခုထိ ရီချောင်လုံကို တစ်ရိုတစ်သေနဲ့ ‘ဆရာ’ လို့ ခေါ်နေရဆဲပါ..

အခု မျိုးဆက်မတိုင်ခင် အနည်းဆုံး မျိုးဆက် ငါးခုလောက်အထိ.. ရီ မင်းဆက် ငါးခုတိုင်တိုင်.. အားလုံးက ရီချောင်လုံကို ‘ဆရာ ’ လို့ပဲ လေးစားသမှုပြုကြပါတယ်..

ပြောရရင် ဆရာရီချောင်လုံက တော်၀င်မိသားစုရဲ့ မျိုးဆက်ပေါင်းများစွာတိုင်အောင် အသိပညာ ဗဟုသုတ တွေ ဝေငှခဲ့သည်ကိုး.. ဘယ်သူ တစ်ဦးတစ်ယောက်ကမှ ရီချောင်လုံက တော်၀င်မင်းဆက် ဘယ်နှစ်ခုတိုင်အောင် နည်းပေးလမ်းပြ လုပ်ခဲ့လဲ ဆိုတာနဲ့ သူ့အသက် ဘယ်လောက်ရှိပြီလဲဆိုတာကို မသိခဲ့ကြပါဘူး..

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now