321-----325

69 7 0
                                    

လောကသုံးပါးသခင်
…………………………
Chapter 321:
         အစွယ်ထုတ်ပြပြီ

ရန်လိုသူတွေကတော့ ၀င်းထဲကနေ စောင့်ကြိုနေချေပြီတကား။ သူတို့တွေက ဂျန်ချန် နှလုံးသားကို တစ်စုံတစ်ရာတောင် လှုပ်ခတ်သွားစေနိုင်စွမ်း မရှိကြပါဘူးလေ။

နဂါးက မြွေရဲ့ အဆိပ်လောက်.. ပါးပြင်းလောက်နဲ့ ခြောက်ခြားသွားစရာ လမ်းမှမရှိဘဲ။

ဂျန်ချန်ရဲ့ ပင်ကိုယ် စရိုက်နဲ့ဆိုရင် စတုတ္ထအဆင့်က ပြိုင်ပွဲ၀င်တွေကို နည်းနည်းလေးမှတောင် ဂရုစိုက်ဖို့ မလိုအပ်ပါဘူး။ စည်းမျဥ်းတွေကြောင့်သာ သူ အခုလို အဖွဲ့အစည်းက တပည့်တွေနဲ့ အတူတူနေဖို့ ဆုံးဖြတ်လိုက်ရတာပါ။ မဟုတ်ရင် ဘယ့်နှယ်လုပ် သည်းခံပြီး နေနိုင်ပါ့မလဲလို့။

အခြေအနေတွေအရ သူ ဆန္ဒမရှိရင်တောင်မှပဲ အခြေအနေက ရှောင်သွားဖို့ မစွမ်းသာအောင် ဖြစ်နေတာပါ။

ဒါ့အပြင် အထဲက ကောင်တွေက လေနဲ့ တိုက်ခိုက်ဖို့ ကြိုးစားနေတဲ့ပုံက ရီချင်စရာ ကောင်းကောင်းလွန်းတော့။

အစောက ညင်ညင်သာသာလေး ၀င်ဖို့ ဆုံးဖြတ်ထားပေမယ့် အခုတော့ တံခါးကို ကိုင်မယ့်လက်ကို ရုတ်လို့ ခြေနဲ့ အသားကုန် ကန်ဖွင့်လိုက်ပါတယ်။
“ဝုန်း.. ”
အတွင်းထဲက ခြံ၀န်းအကျယ်က အတော်လေး ပြန့်ပြီး ကျယ်၀န်းလှပါတယ်။

၀န်းရဲ့ တစ်ဖက် တစ်ချက်စီမှာ အိမ်တစ်လုံးနဲ့ အခန်း (၂) ခန်းစီ ရှိပါတယ်။ လေးမျက်နှာ စုစုပေါင်း (၈) ခန်းတိတိ။ ကျင့်ကြံသူတွေက ကိုယ်ပိုင် အခန်းနဲ့ သေချာလေ့ကျင့်နိုင်ကြမယ့်ပုံပါ။

အတွင်းထဲကို ရောက်လို့ အကဲခတ်နေစဉ်မှာပဲ ခပ်ဖိုင့်ဖိုင့် လူတစ်ယောက်က သူတို့ဆီ ပြေး၀င်လာပါတယ်။ ပြီးတာနဲ့ ရန်လိုတဲ့ စကားသံနဲ့
“အဖွဲ့အစည်း တပည့်တွေ ရှိနေတဲ့ နေရာကို မင်းက ဆောင့်ကြီးအောင့်ကြီးနဲ့ ဘာကောင်လဲကွ ”

ဒီအသံက အပြင်ကနေ ကြားနေရတဲ့ အမြှောက်ပင့်ခံ အီးပေါလောကြီး ကျားကြီးဆိုတဲ့ ငနဲသားပဲ ဖြစ်ပါလိမ့်မယ်။ သူ့နာမည်ကသာ အကောင် ဖြစ်တာကို မေ့နေပုံပါပဲ။

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now