121----130

168 13 0
                                    

လောကသုံးပါးသခင်
…………………………
Chapter 121:
                   .. မင်းက ရေတွင်းထဲက ဖားသူငယ်ပဲ ..

ဂျန်ချန် အနေနဲ့ မဟူရာလနိုင်ငံက လွှတ်လိုက်တဲ့ လူကို လက်ခံတွေ့ဆုံလိုခြင်း မရှိပေမယ့်.. လက်ရှိမှာ ဖြစ်ပျက်နေတာတွေနဲ့ပတ်သက်ပြီးတော့ စနည်းနာလိုပါသေးတယ်..  သူ့အတွက် မဟူရာလနိုင်ငံက သံတမန်ဆီကနေ သတင်းတစ်ချို့ ရကောင်းရနိုင်ပါတယ်..

ဆိုတော့.. .. ..

“မဟူရာလနိုင်ငံက သံတမန် ချီကန်က သခင်လေး.. ဂျန်ကို ဂါရဝပြုပါတယ်.. ”
မဟူရာလနိုင်ငံက သံတမန်က အရပ်ပုသလိုရှိပြီး.. သာမန် မြို့သူ မြို့သားပုံစံသာ ထွက်နေပါတယ်.. သူနဲ့ ပတ်သက်လို့ တစ်ခုခု ထူးခြားတာ ဘာမှ မရှိပါဘူး..

အဲ့ဒီလို လူမျိုးကို လူအုပ်ကြားထဲ ပစ်ချကြည့်လိုက်ရင်.. ဘယ်လိုမှ သံတမန် တစ်ယောက်ဆိုတာ သိနိုင်မှာ မဟုတ်ပါဘူး..

ဒါပေမယ့် သူ့နှာခေါင်းကတော့ အနည်းငယ်ပြားနေသလို.. မျက်အိမ်တွေက အထဲကို အတော်လေး ချိုင့် ၀င်နေပါတယ်.. တကယ်တမ်း သူ့ ပုံပန်းကနေပြီးတော့ သေချာအကဲခတ်ကြည့်ရရင်တော့.. သူ့မှာ မဟူရာလနိုင်ငံကလို့ ပြောလို့ရနိုင်တဲ့ အငွေ့အသက် ပုံပန်းတစ်ချို့တော့ ပေါ်လွင်ပါတယ်..

“သခင်လေး.. ဂျန်.. ! ”
ဂျန်ချန် ထုံတေတေ မျက်နှာနဲ့ တစ်ချက်ပြုံးမိပါတယ်..

“ဟီး.. ဟီး.. ဂျန်မိသားစုက တော်၀င်မိသားစုကလန်ရဲ့ ချီးမြှောက်ခြင်းဖြစ်တဲ့ ပထမမြို့စားရာထူးကို ငြင်းပယ်ခဲ့တယ်လို့ ကျွန်တော် ကြားထားပါတယ်.. အဲ့တာကြောင့် ကျွန်တော် တွက်ချက်မိသလောက်ဆို ရင်.. ဂျန်မိသားစုက ရာထူးမရှိတော့ဘူးလေ.. ဆိုတော့ သခင်လေးလို့ ခေါ်တာက အကောင်းဆုံးဖြစ်မယ် ထင်လို့ပါ.. မဟုတ်ဘူးလား?? ”

ဂျန်ချန် တည်ငြိမ်စွာပဲ ပြုံးမိပါတယ်..
“မင်းက တကယ်တော်တဲ့ လူပဲ.. ငါနားမလည်တာတစ်ခုက .. ငါဂျန်ချန်က မင်းတို့ မဟူရာလနိုင်ငံနဲ့ ပတ်သက်ဆက်စပ်ခြင်း အလျဉ်းကင်းတဲ့သူပါ.. ဒုက္ခခံပြီး ဂျန်ဟန်နယ်မြေအထိ လာရလောက်အောင် ဘယ်အရာကများ မင်းကို ဆွဲဆောင်လိုက်တာလဲ မသိဘူး.. ? ”

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now