201----205

94 13 0
                                    

လောကသုံးပါးသခင်
...............................
Chapter 201:
              အတွေးတွေနဲ့ဝေ

ဒန်ဖိန်ရဲ့ တင်ပါးကို လိမ်းပေးလိုက်တဲ့ ဝိညာဉ်ဆေးက ပူရှိန်းရှိန်းနဲ့ ရှိပြီးတော့ နွေးထွေးမှုကို ပေးပါတယ်.. ဆေးအာနိသင်ကလည်း ပြောမပြတတ်လောက်အောင်ကို သူမ ကို အားနည်းတဲ့အငွေ့အသက်တွေ .. ယားယံစေတဲ့ အငွေ့အသက်တွေ လွင့်ပါးပျောက်ကွယ်လို့ အားသစ်တစ်ဖန် မွေးဖွားလာစေခဲ့ပါတယ်.. တကယ့်ကို စွမ်းနိုင်လွန်းတဲ့ ဆေးပါပဲ.. ကျန်ခဲ့တာဆိုလို့ သူမ နှလုံးသားကို ကုတ်ခြစ်နေတဲ့ အရာ တစ်မျိုး ဖြစ်ပြီးတော့ ဖော်ပြရခက်တဲ့ အရာမျိုးပဲ ကျန်ခဲ့ပါတယ်..

လက်ရှိအနေအထားမှာ သူမ အနေနဲ့ ဂျန်ချန် ဒါဏ်ရာကို မြန်မြန်ဆေးလိမ်းပြီးဆုံးသွားစေဖို့ မျှော်လင့်နေသလို.. ထူးခြားစွာပဲ အဲ့လို ဖြစ်နေတဲ့ ခံစားချက်ကိုလည်း နှစ်ခြိုက်သဘောကျလို့ နေပါတယ်..

သို့ပေတည့်လည်း.. အရှက်တရားကပဲ အနိုင်ရသွားပုံမျိုးနဲ့ လည်ချောင်းတစ်ချက် ရှင်းလိုက်ရင်း စကား ပြောဖို့ပြင်ပါတယ်..
“အဟမ်း.. ”

တစ်ချိန်တည်းမှာပဲ ဂျန်ချန် တစ်ယောက် ဆေးလိမ်းလို့ ပြီးသွားတာကြောင့် သူမရဲ့ သားမွှေးဘောင်းဘီကို တစ်ချက် ဆွဲတင်ပေးလိုက်ရင်း..
“ငါ ပြီးပြီ.. ”

သူက ဆေးလေး နည်းနည်းပဲ လိမ်းပေးလိုက်ရတယ်လို့ ဆိုပေမယ့်လည်း ဒါက သူ့အတွက် ကြီးမားတဲ့ စမ်းသပ်မှုကြီးတစ်ခု ဖြစ်လို့နေပါတယ်.. သူ့ အတိတ်ဘ၀မှာ တုန်းက များပြားလွန်းတဲ့ မိန်းမလှလေးတွေ မရေမတွက်နိုင်အောင် ကြုံတွေ့ဖူးခဲ့သော်ငြားလည်း သူ့ လက်ရှိဘ၀ ခန္ဓာကိုယ်ကတော့ သွေးဆူလွယ် လွန်းတဲ့ လူငယ်လေး အဖြစ်နဲ့ပဲ ရှိနေဆဲပါပဲ..

ဒန်ဖိန်ရဲ့ တည်ရှိမှု တစ်ခုလုံးက အရမ်းကို ပြောရက်စရာမရှိအောင် လှပချောမွေ့လွန်းနေခဲ့တာပါ.. ဂျန်ချန်က ဆေးလိမ်းပေးလိုက်တော့ အရမ်းကို နုအိနေတဲ့ တင်သားစိုင်လေးတွေကို ထိတွေ့မိခဲ့တာက အရမ်းကို ထိုက်တန်လွန်းခဲ့တာပါ.. သူက မိန်းမတစ်ယောက်ရဲ့ အောက်ပိုင်းကို တစ်ခါမှ မထိတွေ့ခဲ့ဖူး ဘူးလို့ ဆိုရင်တော့ ဒါက လိမ်ညာတာပါပဲ.. သူ့မှာ အတွေ့အကြုံရှိပါတယ်.. အခုဟာက ဒီဘဝကို ရောက်ပြီး ပထမဆုံးအကြိမ် ဖြစ်သည်ကိုး..

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now