လောကသုံးပါးသခင်
…………………………
Chapter 286:
နှလုံးသား အင်အား သန်မာတဲ့ ပါရမီရှင် တစ်ယောက် ထွက်ပေါ်လာပြီသူတို့ကသာ အဲ့လို ပြောနေကြတယ်။ နှလုံးသား အင်အား တကယ်သန်မာတဲ့ တစ်စုံတစ်ယောက်ကတော့ ရတနာနန်းတော်ကို နေ့တစ်၀က်အတွင်း ရောက်သွားခဲ့ပါပြီ။
သူတို့တွေ အခုလိုမျိုး တွေးထင်နေကြတာလည်း မဆန်းပါဘူး။ ဘာလို့ဆို သူတို့တွေ အခုလို ငယ်ရွယ်စဉ်တုန်းကလည်း နန်းတော်ကို နေ့တစ်၀က်အတွင်း ရောက်ဖို့ မစွမ်းဆောင်နိုင်ခဲ့ဘူးကိုး။
တကယ်တမ်း ပြန်လည်မွေးဖွားခြင်းလမ်းကြောင်းကို လျှောက်လှမ်းတဲ့ သူတွေအတွက် တကယ့် စမ်းသပ်မှုက နန်းတော်အတွင်း ရောက်ပြီးမှ စတင်တယ်လို့ ဆိုနိုင်ပါတယ်။
နန်းတော်ထဲက ပုံရိပ်ယောင်တွေရဲ့ အဆင့်အတန်းက အဲ့ဒီအဆင့် မတိုင်ခင် ကြုံတွေ့ရင်ဆိုင်ခဲ့ရတာတွေထက် အရမ်း အရမ်းကို အဆင့်အတန်းမြင့်မားတာမို့ပါ။
အကယ်၍ တစ်စုံတစ်ယောက်ကသာ ဆွဲဆောင်မှုတွေ၊ ခြောက်ခြားစရာကောင်းတဲ့ အရာတွေ၊ ပုံရိပ်ယောင် ကမ္ဘာတွေကို ကျော်လွှားနိုင်ခဲ့ပြီဆိုရင် နန်းတော်မှာရှိတဲ့ နှလုံးသားအင်အား စမ်းသပ်မှုက အကန့်အသတ်မဲ့စွာကို စောင့်ကြိုနေတော့မှာပါပဲ။
ကျင့်ကြံသူတစ်ယောက်က ကျင့်စဉ်တွေ၊ နတ်ဘုရားလက်နှက်တွေကို မယူငင်ဘဲ တောင့်ခံနိုင်တဲ့သူဆိုတာ မရှိသလောက်ပါပဲ။
သိုင်းပညာကမ္ဘာမှာ.. အဲ အထူးသဖြင့် သာမန်နေရပ်က ကျင့်ကြံသူတွေအနေနဲ့ လူတိုင်းနီးပါးက ကျင့်စဉ်တွေ နတ်ဘုရားလက်နှက်တွေ မပိုင်ဆိုင်ကြပါဘူး။
အဲ့ဒါကြောင့် နန်းတော်ထဲမှာ ပြသထားတဲ့ လက်နှက်တွေကို မြင်လိုက်တာနဲ့တင် အငမ်းမရ ဖြစ်ကုန်ကြမှာ အသေအချာပါ။ သူတို့တွေက ဒီလို ခံစားချက်တွေ ပေါ်လာတာနဲ့ ရယူနိုင်ဖို့ လောဘဇော တိုက်လာကြပြီလေ။ ဒါဆိုရင်တော့ သေချာပေါက်ကို ကျရှုံးကြရတော့မှာပေါ့။
“အင်း.. နှလုံးသားအင်အား အသန်မာဆုံး ကျင့်ကြံသူတောင် ရတနာနန်းတော်ကို တတိယမြောက် နေ့လောက်မှ ရောက်နိုင်မယ် ထင်တယ် ”
YOU ARE READING
လောကသုံးပါးသခင် ေလာကသုံးပါးသခင္
ActionUni& Zawgyi အပိုင်း 1 မှ 440 + PDF files link (1 to 1500) အပိုင်း 1501 မှ 1530.....