281------285

77 9 0
                                    

လောကသုံးပါးသခင်
…………………………
Chapter 281:
         ခရမ်းရောင်နေအဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်

ဂျန်ချန် နာမည်က နိုင်ငံဆယ့်ခြောက်ခုလုံးမှာ ကျော်ကြားနေသော်ငြားလည်း အောင်နိုင်ခြင်းကောင်းကင် နိုင်ငံကလွဲရင် ကျန်တဲ့ နိုင်ငံတွေက ကောလဟာလတွေပါလို့ပဲ မြင်ကြပါတယ်။

ကောလဟာလပဲ ဖြစ်ဖြစ်.. မကောင်းမြင်တယ်ပဲဆိုဆို အများစုက ဂျန်ချန် အခုလောက် ကျော်ကြားလာတာကို မယုံကြည်ကြဘဲ ကောလဟာလတွေကို လက်ခံလိုစိတ် မရှိခဲ့ကြပါဘူး။

ဒါပေမယ့် လက်ရှိမှာ အဖွဲ့အစည်း သုံးခု၊ ဒုခေါင်းဆောင် နှစ်ယောက်၊ ခေါင်းဆောင် တစ်ယောက်တို့ အလုအယက်ပဲ ဂျန်ချန်ကို ဖိတ်ခေါ်နေကြပါပေါ့လား။

အရေးအကြီးဆုံးက သူတို့ အပြုအမူတွေက စည်းမျဉ်းးစည်းကမ်းတွေကို ဆန့်ကျင်ရာ မရောက်ဘူးလေ။

ပထမအချီ လူရွေးပွဲ စမှသာ လိမ်ညာဖို့ ကြိုးစားတာတွေကို ခွင့်မပြုဘူးလို့ဆိုသည်ကိုး။

မစခင်မှာ အဖွဲ့အစည်းတွေက တပည့် ရွေးချယ် လက်ခံလို့ မရကြောင်း ထည့်မပြောခဲ့ကြပါဘူး။ ဒါကြောင့် အဖွဲ့အစည်း တစ်ခုခုက တပည့်အဖြစ် ရွေးချယ်ခန့်အပ်ချင်တယ်ဆိုရင် ရွေးချယ် ခန့်အပ်ပိုင်ခွင့် ရှိပါသေးတယ်။

ရှီတျန်းရှုက နည်းနည်း ကြောင်သွားပေမယ့် သူက အဖွဲ့အစည်း တစ်ခုရဲ့ ခေါင်းဆောင် မဟုတ်လား။

၀မ်ထိုနဲ့ ဂျန်ရူ တို့ကို တစ်ချက် အကဲခတ်ရင်း ပြုံးမိပါတယ်
“ဓားရတနာရဲ့ အသွားက အမြဲတမ်း သွေးနေမှ ထက်မြက်တာကွ။ ဂျန်ချန်က အောင်နိုင်ခြင်းကောင်းကင် နိုင်ငံမှာ ကျော်ကြားလာတော့ ငါတို့ အဖွဲ့အစည်းက စမ်းသပ်ဖို့ လိုအပ်ပြီလို့ ယူဆပြီး တစ်ချို့သော အရာတွေ ပြင်ဆင်ခဲ့တယ်။ အခု လက်ရှိမှာ ဂျန်ချန်က တကယ်ပဲ ငါတို့ အဖွဲ့အစည်းနဲ့ အဆင်ပြေသားပဲ။ သူ့ကို ဘယ်နည်းနဲ့မဆို ငါတို့ အဖွဲ့အစည်းမှာပဲ ထားမယ် ”

ဘယ်နည်းနဲ့မဆို..

ဒီစကားလုံးတွေက တကယ်ပဲ တည်ကြည်လေးနက်လွန်းလှပါတယ်။

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now