101---110

140 13 0
                                    

လောကသုံးပါးသခင် 
............................. 

Chapter 101:
         ..  လောင်မိသားစု တုန်လှုပ်ပြီ  ..

စီရင်စုတစ်ခုလုံးမှာ လောင်ဂျုဖန်းကို လက်ခံသည်ဖြစ်စေ.. ဆန့်ကျင်သည်ဖြစ်စေ.. သူ နန်းတက်ပြီဆိုကတည်းက သူတို့မှာ ရွေးချယ်စရာ တစ်ခုတည်းရှိပါတယ်.. လောင်ဂျဖန်းရဲ့ အုပ်ချုပ်မှုအောက်မှာပဲ ရှိကြရပါလ်ိမ့်မယ်..

နိုင်ငံတစ်ခုလုံးရဲ့ အင်အားတွေအားလုံးက လောင်မိသားစုရဲ့ တည်ရှိမှုကို ခြိမ်းခြောက်နိုင်ဖို့နေနေသာသာ.. ဆန့်ကျင်တဲ့ ပုံစံတောင်ပြဖို့ အတော်လေး ခဲယဉ်းသွားပါပြီ..

ခြုံပြောရရင် လောင်မိသားစုက အရေခွံလဲသွားတဲ့ တည်ရှိမှုတစ်ခု ဖြစ်လို့နေပါပြီ.. မြို့စားအားလုံးကို စေခိုင်းနိုင်တဲ့ အာဏာက သူ့လက်ထဲမှာပါ..

သို့ပေတည့်လည်း ဂျန်ချန်ကတော့ ချွင်းချက်တစ်ခု ဖြစ်တယ်ဆိုတာကို လူနည်းစုက သိကြပါတယ်..

လောင်ဂျုဖန်းက အခုလောက်ကြီးမားတဲ့ တပ်ကြီးစုစည်းပြီးလာခဲ့တာက သူ့ဘဝရဲ့ အကြီးမားဆုံးသော ဆူးညောင့်ခလုတ်ကြီးဖြစ်တဲ့ ဂျန်ချန်ကို ဖယ်ရှားပစ်ချင်လို့ပါပဲ..

အခုလိုအင်အားမျိုးနဲ့လာတာမှာ ဂျန်ချန် ဘယ်လိုမှ ရင်ဆိုင်နိုင်မယ့် အင်အားမရှိဘူးလို့ အားလုံးက တရားသေ ယုံကြည်ကြပါတယ်..

ဧကရာဇ်လူလို အင်အားကြီးမားသူမျိုးတောင်မှပဲ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ ကြွေလွင့်သွားခဲ့ရသေးတာ.. ဂျန်ချန်က ဘာမို့လို့လဲ.. အခုလို မိုးပျံနဂါးမြို့စားကြီး လောင်ဂျုဖန်း ဂျန်ချန်အပေါ် အလေးဂရုပြုပြီး အင်အားကြီး ခေါ်ဆောင်လာခဲ့ရတာက ဂျန်ချန် အရမ်းကို အစွမ်းထက်လွန်းလှလို့ မဟုတ်ပါဘူး.. သူတို့ မိသားစုနဲ့ ဂျန်မိသားစုကြားက အငြိုးအတေးတွေက အရမ်းကို ကြီးမားလာလို့ပါပဲ..

ဂျန်ချန် ဆီက အထက်စီးလေးသံကို ကြားလိုက်ရတာမှာ တပ်သုံးခုက စစ်သည်တွေက ဂျန်ချန် လေလုံးထွားနေတယ်လို့ပဲ တွေးကြပါတယ်..

"အဲ့ဒီ သစ္စာဖောက်ကို ငါ့ဆီ ဘယ်သူ ဖမ်းလာပေးမလဲ? စွမ်းဆောင်နိုင်တဲ့သူကို ဂျန်ဟန် မြို့စားရာထူးနဲ့ ရွှေတစ်သိန်း ချီးမြှင့်မယ်.. "

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now