326------330

80 7 0
                                    


လောကသုံးပါးသခင်
…………………………
Chapter 326:
         ရှောင်ဖိန်မှသည်နှင့် ဂျန်ချန် ပွဲဦးထွက်တိုက်ပွဲ

ဂျန်ချန်က နေရာတင်ရပ်လို့ ဘယ်မှ မကြည့်သလို ရှိနေပေမယ့် အာရုံ လုံး၀ မစိုက်ဘူးရယ်တော့ မဟုတ်ပါဘူး။

စိတ်ဝိညာဉ်စွမ်းအားကို တိ်ုက်ပွဲကွင်းပြင်တစ်ခုလုံး ဖြန့်ကျက်နေထားတာပါ။ အဘက်ဘက်က မလိုလားတဲ့ အကြည့်တွေကိုလည်း သူ ခံစားမိပါတယ်။

မျက်လုံးနဲ့ ကြည့်စရာမလိုလောက်အောင်ကို အဲ့ဒီကောင်တွေက ဘယ်သူတွေလဲဆိုတာ သူ သိပါတယ်။ ချန်ညီအစ်ကိုနဲ့ အပေါင်းအပါ တစ်သိုက်။

ရုတ်တရက် ဆရာဖန်က သူနဲ့ ရင်နှီးတဲ့ နာမည်တစ်ခု ထုတ်ဖော်ကြေညာလိုက်တာကြောင့် ဂျန်ချန် ဆတ်ခနဲဖြစ်သွားရပါပြီ။

ဟန် ရှန် ကီ.. !!

သူက အဖိုးတန်သစ်ပင် အဖွဲ့အစည်းရဲ့ တပည့်တွေထဲကတစ်ယောက်ပါ။ ဆရာသခင်ရဲ့ မွေးနေ့ပွဲမှာ အတောင်ငါးခုပါ ဖီးနစ်နဂါးနဲ့ ပတ်သက်လို့တောင် သူနဲ့ အငြင်းပွားခဲ့ရသေးသည်ကိုး။ ဒါပေမယ့် ဟန်ရှန်ကီက သူ့စိတ်ထားကို ပြောင်းလဲလို့ ဂျန်ချန်နဲ့ ရင်းနှီးမှု ရယူပြီး ခင်မင်သွားခဲ့တာပါ။ သူ့နောက်လိုက်တောင် ဖြစ်ချင်သည်ဆိုပဲ။ ကိုယ်စိတ်၀င်စားတဲ့ ပညာရပ်တစ်ခုမှာ ထူးချွန်သူကို လေးစားတာ တကယ် လေးစားစရာ ကောင်းပါတယ်။

သူတို့တွေ အောင်နိုင်ခြင်းကောင်းကင်နိုင်ငံရဲ့ မြို့တော်မှာ ထပ်ဆုံတော့ တန်လောင် ညီတော်မောင်ရဲ့ ဝေဒနာကို ကူညီပြီး ကုသပေးခဲ့တဲ့အပြင် ဆေးပါအဆစ်ပေးလိုက်ပါသေးတယ်။

ဟန်ရှန်ကီက အဖွဲ့အစည်း တပည့်တစ်ယောက်မို့ မာနတစ်ချို့ ရှိပေမယ့် အနည်းဆုံးတော့ သူ့စကားသူ တည်တဲ့ မဆိုးသော အမျိုးအစားထဲ ပါပါတယ်။

ဆရာသခင် မွေးနေ့ပွဲမှာ သူသာ ဂျန်ချန်ကို ရှုံးခဲ့ရင် ဂျန်ချန် အစေခံ ဖြစ်စေရမယ်လို့ ပြောခဲ့တယ်လေ။

ပွဲပြီးသွားလို့ ရှုံးခဲ့တော့လည်း ဖင်ပိတ်မငြင်းပါဘူး။ ဂျန်ချန်ကို မြို့တော်မှာ စောင့်လို့ လူချင်းတွေ့ရင်း အလောင်းအစားအတိုင်း အတည်ပြုဖို့ ပြောခဲ့ပါသေးတယ်။

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now