81--90

117 11 0
                                    

လောကသုံးပါးသခင်
............................

Chapter 81:
       မြေအောက်လှိုဏ်ခေါင်းများထဲမှ
                                 တောရိုင်းဥပဒေသ

စိတ်ပျက်အားလျော့နေတဲ့ ဆက်ခံသူတွေစုလာတာနဲ့ အမျှ ပိုမိုများပြားတဲ့ ကျိန်ဆဲခြင်းတွေက ဆူညံပွက်လောရိုက်လာပါတယ်..

"အားလုံးပဲ စိတ်အေးအေးထားကြပါ.. စိတ်အေးအေး ထားကြပါ.. ကျားဖြူနဲ့ မဟူရာလိပ် ဆက်ခံသူနှစ်ဦးလည်း ဒီမှာ ရှိနေတာပဲဟာ.. သူတို့တွေက ကြီးမြတ်တဲ့ မြို့စားလေးပါးရဲ့ ဆက်ခံသူတွေထဲက နှစ်ယောက်ပဲလေ.. ပြီးတော့ ငါတို့ အားလုံးကို ကောင်းကောင်း ခေါင်းဆောင်နိုင်လိမ့်မယ်.. လိုအပ်တာက အစီအစဉ်ကောင်းတစ်ရပ် ချမှတ်ပြီး.. လောင်မိသားစုကို တန်ပြန်တိုက်ခိုက် ကြရလိမ့်မယ်.. မဟုတ်ရင် အချိန် တစ်လကုန်သွားတာနဲ့အမျှ ငါတို့ရဲ့ မြို့စားနယ်မြေတွေလည်း ဆုံးရှုံးကြရလိမ့်မယ်.. "

"ဟုတ်တယ်.. ငါတို့အားလုံး စည်းလုံးမှ သူတို့တွေ လုပ်ချင်တိုင်း လုပ်လို့မရမှာ.. "

"သေချာတာပေါ့.. ငါတို့က ခွဲခြားဆက်ဆံတာမျိုးကို မုန်းတယ်.. ဒါပေမယ့် အဆုံးစွန်ထိအောင်တော့ လာမလုပ်နဲ့ မရတော့ဘူး.. တောက် !!! ဒီကောင်တွေ လူပါးဝလွန်းတယ်.. "

ကျားဖြူမြို့စားငယ်.. ဘိုင်ဇန်ယန်နဲ့ မဟူရာလိပ်မြို့စားငယ် ရီတေ့ချူး တို့ နှစ်ယောက်ကို ခေါင်းဆောင်အနေနဲ့ အားလုံးက သတ်မှတ်လိုက်ကြပါတယ်..

"အားလုံးပဲ.. ငါက ကြီးမြတ်တဲ့မြို့စားလေးပါးထဲက ဆိုပေမယ့်.. အရှေ့စီရင်စုက မြို့စားကြီးတွေရဲ့ အမြင်တွေအားလုံးကို လူတစ်ယောက်က ပြောင်းလဲပေးလိမ့်မယ် လို့ မြင်တယ်.. အားလုံးလည်း အဲ့ဒါကို ကောင်းကောင်းကြီး သဘောပေါက်မှာပါ.. "
လို့ပြောရင်း သူ့အကြည့်တွေက ဂျန်ချန်ပေါ် ရောက်သွားပါတယ်..

ဂျန်ချန်.. !!!

"အကို ဂျန်ချန်!! ငါ ဘိုင်ဇန်ယန် က မင်းကို ခေါင်းဆောင်ထားချင်တယ်.. "
ဘိုင်ဇန်ယန်က ဂျန်ချန်ရဲ့ မြောက်များစွာသော အနိုင်ကျင့်ခြင်းတွေ ခံခဲ့ရသူပါ.. ဒါပေမယ့် အဲ့ဒီ အရှုံးထဲမှာ ခါးသီးစွာ ရှင်သန်မနေပဲ နိုးထနိုင်သူတစ်ယောက်လည်း ဖြစ်ပါတယ်...

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now