part 1

24.9K 521 8
                                    

"ဟိတ် ဘာလို့ရပ်သွားတာလဲ ငါမေးနေတယ်လေ သူငယ်ချင်းလုပ်မလားလို့ "

"ကိုင်ကြည့်လို့ရလား "

"ဟမ်"

"အဲ့ ဖောင်းဖောင်း လေးတွေကို "

ပါးစပ်အဟောင်းသား ကြောင်တောင်တောင်မျက်နှာထားနဲ့ လက်ညိုးထိုးပြီး ပြောလိုက်ပေမယ့် လက်ညိုးက အရှိန်လွန်ပြီး အောက်ကျနေခဲ့တော့ ပန်သစ်သွင် တစ်မျိုးထင်ပြီး သူ့၏ ရင်ဘတ်ကိုပင် လက်နဲ့ ပိုက်အုပ်လိုက်၏

"ဘာ !!!!"

__________________

လွန်ခဲ့‌သော တစ်ပတ်။

Butterflies...
I still fall in love with you...

Every time I see your eyes.. 🎙️

Its take back to the first time i saw you slime.... 🎙️

They told us we are young and dund

We didn't know about love... 🎙️

Now look at all the the thing we've become... 🎹

I won't stop getting Butterflies...

I get'em every time..

I look into your eyes... 🥁🎤🎤

"မင်းတို့ဆိုတာ ခနရပ်အုန်း "

ရှင်မင်းမာန်သာ ရဲ့ဆိုသံတွေရပ်သွားသည်အထိ လာအော်တဲ့သူ၏ အသံကပိုကျယ်တာကြောင့်အားလုံးတိတ်ဆိတ်သွားရသည်

ဘေးတွင်လည်း ရိုးမဂုဏ် ကလည်း Drum ကူ‌တီးပေးနေရင်းနဲ့မှ တီးတဲ့အတံတွေကိုပင် ပစ်ချရင်း

ဟန်လင်းစစ်လည်း electric guitar ကိုပါ ပစ်ချပြီးတော့ ခနဲ့တဲ့အကြည့်နဲ့

သူတို့တီးဝိုင်းကို အလျင်စလိုနဲ့ လာတားတဲ့သော်ဦးခန့်ကတော့ သုံးယောက်လုံးရဲ့အမူအယာကိုကြည့်ရင်းနဲ့သာ တိတ်ဆိတ်သွားရ၏

"ဘာလဲကွာ ပြီးတော့မယ့်ဟာကို တောက်စ်"

ပြီးတော့မယ့်အရှိန်ကိုဖြတ်မှာတော့စိတ်တိုပြီပေါ့

ရိုးမဂုဏ်ကတော့ ရုပ်လေးချစ်ဖို့ကောင်းသလောက် စိတ်တိုမှုအားက 99% ။

ရှင်မင်းမာန်သာကတော့ သော်ဦးခန့်ကိုဘဲ စိုက်ကြည့်ရင်း ‌ပြောစရာရှိသာမြန်မြန်ပြောဆိုသည့်အကြည့်နဲ့မေးငေါ့လိုက်၏

"အရေးကြီးပြောစရာရှိတယ်မင်းတို့ကို "

သုံးယောက်လုံး၏ အတွေးထဲမှာတော့
တော်တော်အာရုံနောက်တဲ့အကောင်ပါလားဆိုသည့်အတွေး..

မင်းမို့လို့သာ[One And Only](Completed)Where stories live. Discover now