part 19

4K 173 0
                                    

ရုတ်တရက် ထိုးဖောက်ဝင်လာတဲ့ နေရောင်ခြည်ကြောင့် ပန်သစ် မျက်လုံးကျိန်းသွားတာမို့ ရူံ့မဲ့သွား၏ မျက်လုံးစူးတာမို့လို့ ထမလို့လုပ်လိုက်ပေမယ့် နောက်ကနေ ခါးကိုတင်းတင်းကြပ်ကြပ်‌ဖက်ထားတဲ့
ရှင်မင်းကြောင့် ရုန်းလို့မရ ။

ဖြည်းဖြည်းချင်းလှည့်လိုက်ပေမယ့်လည်း
မျက်နှာက ရှင်မင်း ရင်ဘက်ထဲသို့ ပုံတောင်မဖော်နိုင်အောင် ပျောက်ကွယ်သွားရသည်။

"အင့် မောင် လွှတ်အုန်း "

"မနှောင့်ယှက်နဲ့ သူများအိပ်နေတာကို "

"ဒါဆိုလည်း လွှတ်ကွာ ငါဗိုက်အင့်နေပြီ"

အထွန့်မတက်တော့ဘဲ ချက်ချင်းဖယ်ပေးလိုက်ရတာကြောင့် ပန်သစ်သွင်
တအံ့တဩ ။

"အဲ့အစား အာဘွားပေးသွား "

"ထင်သားဘဲ အသားကိုယူလွန်းတယ်"

"ပေးလို့ကွာ "

"အေးပါအေးပါ"

ပါးကို ကလေး အာဘွားပေးသလို မွဆိုတဲ့အသံမြည်တဲ့အထိသာပေးလိုက်၏
အိပ်နေတဲ့ကောင်ငယ်ကတော့ ဒါနဲ့လည်းကျေနပ်သွားတာပါဘဲ။

နှစ်ရက်လောက် ဆက်တိုက် ခရီးဆက်ထားရသည်မို့ အကုန်လုံးလည်း ခြေကုန်လက်ပန်းကြ၍ ။

"အန်တီ ဘာလုပ်နေတာလဲ "

"ပန်သစ်လေးဘဲ အစောကြီးနိုးတာလား နားသေးတာမဟုတ်ဘူး "

"ရပါတယ် နဂိုတည်းက အကြာကြီး သိပ်မအိပ်တက်လို့ပါ "

ရှေ့မှာ ဖုန်းကိုဘဲ အာရုံစိုက်နေတာကြောင့်
ပန်သစ်လည်းအလိုက်သိစွာဘဲ ငြိမ်နေလိုက်သည်။

"ဖိုးသား လေးက အဲ့မှာ လိမ်မာရဲ့လား"

"ဟင် ဟို ဟိုဟာ မလိမ္မာပေမယ့် ဆိုးလည်းဆိုးတယ် "

ထိုမှ ရှင်မင်းအမေက ပန်သစ် ဘက်တည့်တည့်လှည့်ပြီး လက်ကိုကိုင်လိုက်၍
မသိရင် သားလေးကို ဂရုစိုက်ပေးပါလို့ပြောနေတဲ့ပုံစံ။

"‌အခုထိ ဂျစ်‌ကျနေတာလားသူက"

"အဲ့လိုလည်းမဟုတ်ပေမယ့် အဲ့လိုပါဘဲ"

"ဟော လိမ်တောင်မလိမ်ဘူးဆိုတော့ ဖိုးသားက တကယ်ဆိုးနေတာဘဲ "

မင်းမို့လို့သာ[One And Only](Completed)Where stories live. Discover now