part 14

3.9K 179 11
                                    

"မင်းတို့အရှက်မရှိဘူးလားဟမ်!!"

"ဟုတ်ကဲ့ "

"ဟုတ် "

"...."

နှစ်ယောက်လုံးရဲ့ တူညီသောစကားသံကြောင့် ဦးထိန်လင်းကိုယ်တိုင် ခနသာ လမ်းပျောက်ရ၏

"မင်းတို့သူငယ်ချင်းတွေမလား ဘယ်လိုဖြစ်လို့ ဒီလောက်တောင်ဖြစ်ရတာလဲ"

"တောင်းပန်စာ ရေပေးရင်ရပြီးမလား အခု ကျွန်တော် ဘာမှမဖြေချင်လို့ ဘာမှမမေးပါနဲ့လား "

"သားရော ဖြေစရာမရှိဘူး "

"နှစ်ယောက်လုံး ကျောင်းထုတ်ခံချင်နေတာလား ငါ့ကို မလေးမစားနဲ့
ပြီးတော့ငါပြောသံတွေကြားရပါတယ် ဒီကျောင်းမှာ မိန်းကလေးလိုနေရတဲ့
ယောင်္ကျားလေးတစ်ယောက်ရှိနေတယ်‌ဆိုတာ "

"ကျွန်တော့်ညီပါ ပန်သစ်သွင်
ဒါက မကောင်းတဲ့စိတ်ကြောင့်မဟုတ်ဘဲ
အခြေအနေအရပါ ပြီးတော့ပန်သစ်က ငယ်ငယ်ထဲက မိန်းကလေးလိုနေရတော့ မိန်းကလေးတွေနဲ့တန်းတူ မိန်းကလေးစိတ်
‌ေလးနဲ့ပါ "

"ထားပါ အဲ့တာကို ငါနောက်မှ မေးမယ် ဟန်လင်းစစ် မင်းက အပြင်မှာစောင့်နေ
အခုရှင်မင်းမာန်သာကို အရင်မေးမှာမို့လို့"

"ဟုတ်ကဲ့ပါ "

ဟန်လင်းအပြင်ထွက်သွားတာကြောင့်
ရုံးခန်းထဲ ရှင်မင်းနဲ့ ဥက္ကဌ သာကျန်ခဲ့၏
နှစ်ယောက်သား အတူတူမေးရင် အဖြေ အမှန်ကထွက်လာမှာမဟုတ်တာကြောင့်

"တစ်ခု မကျန် အကုန်ပြောရှင်မင်းမာန်သာ "

"မပြောချင်ဘူး ဒီတိုင်းတောင်းပန်လိုက်ရင် ရပြီကိုဘာလို့လဲဗျာ "

"ဆက်ဆံရေးတွေ မကွဲစေချင်လို့ပေါ့ကွ
မင်းတို့ရဲ့ သူငယ်ချင်းဆက်ဆံရေးက အခုမှမဟုတ်ဘူး ငယ်ငယ်လေးထဲက ဒါကို ရန်ပွဲလေးတစ်ခုကြောင့် ဝေးကြမလို့လား "

ရှင်မင်း မသိတော့ပါ ဘာကိုမှလဲ မတွေးခေါ်နိုင်လောက်အောင် အတွေးတွေက တစ်စုံတစ်ယောက်ရဲ့ ပုံရိပ်လေးမှာဘဲပြည့်နှက်နေတာ

"အဲ့ မိန်းကလေးဟန်ဆောင်ထားတဲ့ ကောင်လေးက သားနဲ့တွဲခဲ့ပါတယ်"

မင်းမို့လို့သာ[One And Only](Completed)Where stories live. Discover now