part 28

3.7K 125 8
                                    

"ကိုကို သော့်အတွက် ရေခဲမုန့်တစ်ခုဘဲနော်"

"အင်းခနနော် ကိုကိုသွားဝယ်ပေးမယ်"

"ကိုကို??"

"သော်???"

သူငယ်ချင်းတွေအားလပ်တာမို့
တရက်လောက် အပြင်ဆိုင်လေးလာထိုင်ပါတယ် အခုတော့ တကူးတက ကြီးလာရိုပြနေသလို ခံစားရ ။
ဟန်လင်းနဲ့ရှင်မင်းက သူတို့အခေါ်အဝေါ်တွေကြောင့်ကြောင်တောင်တောင်လေးတွေဖြစ်နေစဉ်
ပန်သစ်ကတော့ပြုံးဖီးဖီးနဲ့သာ

"ရိုးမနဲ့ သော်ဦးတို့က တွဲနေပြီလား"

"၆လပြည့်ပြီ"

"မသိလိုက်ဘူးဘဲ "

"မပြောပြလို့လေ"

"ဪအေ "

သော်ဦးကသုံးယောက်သား ကြောင်တောင်တောင်လေးတွေဖြစ်နေတာမြင်တော့ရီလိူက်ပြီးမှ

"ဟင်းဟင်း တွဲသာတွဲတာပါ ငါတို့ကိုကိုတွေဘာတွေတော့မခေါ်ပါဘူးမင်းတို့ရှေ့မှာမို့လိုစနေတာ"

"ဪတော်သေးတာပေါ့ အခုတောင်တော်တော်အော်ကလိဆန်နေတာမို့"

"ငါလိုးမ "

"ဒါနဲ့ပန်သစ်သွင် မျက်ရည်တွေချောင်လာတယ်နော်ဘာဖြစ်နေတာ ပိန်လည်းပိန်သွားတယ်"

"မပိန်ပါဘူး မင်းတို့ထင်လို့ပါ "

"မဟုတ်ဘူးပန်သစ်မောင်လည်းသတိထားမိတယ် ပန်သစ်ပိန်လာသလိုဘဲ"

"အင်းပါ အစာအများကြီးစားပါ့မယ်"

အာလုံးလည်းစကားရပ်ပြီး အချိုတည်းနေကြတုန်း ဝိုင်းသို့ထပ်ပြီးလာပို့တဲ့မုန့်ကိုလည်းယူထားလိုက်၏
ဝိတ်တာ ကိုတော့အားလုံးက စူးစူးစမ်းစမ်း
အဘယ်ကြောင့်လည်းဆိုတော့ ထိုလူက gym ဆော့ပြီး ဗလတွေက ပြည့်ပြည့်ဝဝကြီးထွက်နေတာမို့ သုံးယောက်သားလည်းသူတို့ခန္ဓာကိုယ်နဲ့ယှဉ်ကြည့်မိသေး၏ သို့ပေမယ့်ဘယ်လိုမှမယှဉ်နိုင် အားဘဲကျနေရ၏

"မောင် သူတကယ်မိုက်တယ် "

"ဟုတ်လား ဒါပေမယ့် မောင်ကပိုမိုက်တာလေမဟုတ်ဘူးလား"

"မဟုတ်ဘူး"

"...."

"ကြည့်တာနဲ့သိတယ် ဒီလောက်အားကောင်းမောင်းသန်ကြီးကို တော်တော်အားကိုးရမှာဘဲ"

မင်းမို့လို့သာ[One And Only](Completed)Where stories live. Discover now