Part 16

4K 171 6
                                    

ဆရာ ဖြစ်သူ ဒေါသတကယ်ထွက်သွားတာကြောင့် ရှင်မင်းကို အပြင်ထွက်ပြီးလက်မြှောက်ဖို့အပြစ်ပေးလိုက်၏

"ဖိုးသား မင်းဘာလို့လက်မြှောက်နေတာ"

"လေးလေး သားကိုကယ်ပါအုန်း သားကိုဆရာအနိုင်ကျင့်တယ်"

"မင်းဘာအပြစ်လုပ်လို့တုန်းကွ"

"သားက ကိုလာဘူးလေးနဲ့ ပန်းမိတာ‌ကို"

"ဘယ်လို"

"ဘယ်လိုမလုပ်နဲ့ ဆရာကို သွားပြောပေးပါ
သား ၁၅ မိနစ်လောက်ရှိပြီလို့ ညောင်းကိုက်နေတာဘဲ"

ရုန်းမနေသီး ဆယ်တောင့်လောက်စားထားတဲ့အသံနဲ့ပြောနေတာကြောင့် ဦးထိန်လင်း
နှာခေါင်းရူံ့လိုက်၏

"မင်းအပြစ်မင်းခံလေ ငါ့ကို ဘက်လိုက်တဲ့ကောင်ထင်နေတာလား ဆရာကအပြစ်ပေးတယ်ဆိုလည်း ခံလိုက် အထွန့်တက်မနေနဲ့
အေပြီးတော့ မင်းအဖေ နောက်အပတ်လာလိမ့်မယ် အဲ့ကျ အိမ်မှာနေခွင့်ပေးမယ်ကြားလား "

"မနေချင်ပါဘူး သားကအဆောင်မှာပျော်နေပြီ ဒယ်ဒီကိုလည်းပြောလိုက်တွေ့ချင်လာတွေ့လို့ "

"ရှင်မင်း အချိန်ပြည့်ပြီ ခွီး"

"ရီနေလိုက်အဲ့မှာ "

သော်ဦးလာပြောတော့ ရှင်မင်းလက်ပြန်ချပြီး မက်တပ်ရပ်လိုက်ရင်း

"လေးလေး သားသွားပြီ"

"အေအေ "

သူငယ်ချင်းလေးယောက် ပြန်ခေါ်ကြပြီဆိုတော့ အရင်လို သီချင်းလေးဆိုလိုက်
Guitar လေးတီးလိုက်နဲ့ သင့်သင့်မြတ်မြတ် ပြန်ဖြစ်သွားကြသည်။

"မင်းတို့သုံးယောက်ငါ့ကို တစ်ယောက်တလှည့် နှိပ်ပေးကြပါလားဟင်"

"ဘာစောက်ကျေးဇူးရှိလို့လဲ"

"သေလေ"

"မွှေတာကို"

ကူလီကူမာ လုပ်ပြီးပြောလိုက်ပေမယ့်
သုံးယောက်လုံးရဲ့ စကားက စာသားမတူပေမယ့် ဆိုလိုရင်းက တော့ တစ်ခုတည်းမို့လို
ရှင်မင်း အောင့်သက်သက်နဲ့။

"သူငယ်ချင်းတွေက အရမ်းချစ်ကြတော့ ငါ့မှာ ငိုတောင်ငိုချင်သွားတယ်"

မင်းမို့လို့သာ[One And Only](Completed)Where stories live. Discover now