part 7

4.5K 200 15
                                    

"ကျွန်တော်ရိုးမဂုဏ်က စပြီး အားလုံးအစား တောင်းပန်ပါတယ်ဗျ "

"ခွီး"

"ဟေ့ကောင် သော်ဦးခန့် မင်းသူငယ်ချင်း သတိလစ်နေတာကို မင်း မင်းက ရီနိုင်တာလား ဟီးဟီး "

ကျောင်းဆေးခန်းမှာ သတိလစ်နေတဲ့ ရှင်မင်းကိုကြည့်ပြီး
ဥက္ကဌကိုပါ တည်တည်တံ့တံ့ တောင်းပန်နေပေမယ့် သော်ဦးခန့်နဲ့ ဟန်လင်းစစ်ကတော့
ရီချင်တာ မနည်းအောင့်ထားရသည့်ပုံစံနှင့်

"ဒီတော့ အဲ့ကျောင်းပျက်ကို ဘယ်သူခွင့်ပြုချက်နဲ့သွားကြတာလဲ အန္တရာယ်ရှိလို့ပိတ်ထားတာဆိုတာ နားမလည်ဘူးလား"

"တောင်းပန်ပါတယ် နောက်ဆို ဆင်ခြင်ပါ့မယ် ကျွန်တော်က အကြောက်ဆုံးလို့ထင်နေခဲ့ပေမယ့် ရှင်မင်းပိုကြောက်နေတာကိုမသိခဲ့ရလို့"

"ခွီးးး"

"ဟျောင့် ဟင်းဟင်း တော်တော့လို့ ငါရီချင်လာပြီ "

ရိုးမဂုဏ်ကတော့အခုထိ မရီပေမယ့်
ဟိုနှစ်ယောက် ဆေးခန်းမှာ ခွီးနေတုန်း

တကယ်ဘဲ ဥက္ကဌ ကိုမကြောက်ချက်က
ရှင်မင်းသူငယ်ချင်းတွေပီသပါတယ်

"ထားပါ ဖြစ်ပြီးတာလဲ ဖြစ်ပြီးပြီ မင်းတို့အတန်းသွားကြတော့ "

"ဟုတ် 3"

သုံးယောက်လုံးက ဖြေပြီးတာနဲ့ အခန်းပြင်ထွက်သွား၍

"ခွီးးး  အောင့်ထားတာ မောတာ "

အခန်းပြင်ရောက်တာနဲ့အရင်ဆုံး ရီမိတာ
ရိုးမဂုဏ် ‌။
သော်ဦးခန့်တို့ကလည်း အဖော်ရတော့ ခုနကထက်ပိုပြီးတောင် ရီသံတွေ ဟားတိုက်ဘဲ။

"အေးလို့ ငါက ငါ့ကိုငါကြောက်ပြီထင်နေတာ
‌သစ်ဆွေးကျလို့ လန့်ပြီး သတိလစ်သွားတဲ့ ရှင်မင်းကပိုဆိုးနေတယ်"

"ကောင်မလေးတွေရှေ့မှာကွာ ရှက်တာ"

"ဟီးဟီး ငါတကယ် ရီချင်နေပြီ "

"အမယ့်မသိရင် သူ့ကိုသူ မကြောက်တဲ့ပုံနဲ့ သရဲဆိုတာ အမည်သက်သက်တဲ့ ငါအူတက်"

" နိုးလာရင် သွားစအုန်းမယ်""

▫️▫️▫️

"ထတော့ နိူးနေပြီဆိုတာ သိတယ် အခုမှရှက်မနေနဲ့ "

မင်းမို့လို့သာ[One And Only](Completed)जहाँ कहानियाँ रहती हैं। अभी खोजें