part 25

3.3K 139 0
                                    

ခွမ်း!!!!ဂလုံးးးးခွမ်း!!!!

"သော်ဦးခန့်!!!!"

အိမ်တစ်အိမ်လုံးက မိသားစု ဓါတ်ပုံတွေမှာ
‌သူ့၏မျက်နှာပါနေတာကြောင့် ‌အားလုံးကိုရိုက်ခွဲနေ၏ အဖေ ဖြစ်သူက တားနေပေမယ့်လုံးဝ မမှီလိုက်ပါ...

"သော်ဦးတော်တော့ သားမင်းဘာဖြစ်လာတာလဲ"

"အီးဟီးးးးးအင်း တော်ပါတော့ "

မှန်ကွဲစတွေရဲ့ဘေးမှာဘဲ လက်ထောက်နေခဲ့လို့ မှန်ကွဲစတွေ သူ့သားကိုထိမိမှာဆိုးလို့အဖေဖြစ်သူ အတင်းဆွဲထူရုန်းကန်နေရပြန်၏

"သော်ဦး သားဘာဖြစ်လာတာလဲ အဖေ့ကိုပြော "

"ကျွန် ကျွန်တော်က မလိုအပ်‌ဘဲမွေးလာတဲ့သားလား "

"ဘယ်သူပြောခဲ့တာလဲ မင်းက ငါ့အ‌မျှော်လင့်ချက်ပါကွ သော်ဦးရ "

"အဖေ အမေ့ကိုချစ်လား "

"မင်းဘာဖြစ်နေတာလဲ ငိုတာကို တိတ်စမ်း "

"မေးတာဖြေပါ!!!အဖေ အမေ့ကိုချစ်လားလို့"

"ချစ်ခဲ့ပါတယ်ဟုတ်ပြီလား ငါစိတ်ပူနေပြီ မြန်မြန်ပြောစမ်း "

"အမေနဲ့တကယ်ဘဲ ကျွန်တော်ကြောင့်မကွာရှင်းခဲ့တာလား"

"အင်း မင်းကိုမိတကွဲဖတကွဲ မဖြစ်စေချင်ဘူး"

"ရပြီ အခု ကျွန်တော့်အတွက်လုံလောက်နေပြီမိူ့ အဖေတို့စိတ်ကြိုက်လုပ်ပြီး ကျွန်တော့်ကိုစွန့်လွတ်လိုက်ပါတော့ "

အဖေဖြစ်သူကို ထိတ်လန့်နေစွာဘဲ
အိမ်မှာ မိဘတွေဘဲ ရန်ဖြစ်ခဲ့ဖူးလို့သားဖြစ်သူက အမြဲငြိမ်ပေး‌ခဲ့ပေမယ့်
အခုသားဖြစ်သူကိုယ်တိုင်က ပထမဆုံးအကြိမ် ငိုကြွေးနေခဲ့တာ

အဖေရဲ့ အထင်က လုံးဝမှားနေခဲ့၏
သော်ဦးခန့်က ပထမဆုံး ငိုကြွေးခဲ့တာမဟုတ်ဘဲ ရန်ဖြစ်တိုင်း တိတ်တိတ်လေးငိုနေခဲ့ဖူးသည် ဒါကိုဘယ်သူကမှဘယ်သိမလဲ
အမေနဲ့အမေ က ကျွန်တော့်ကိုချစ်ပြီးမကွာရှင်းတာမို့လို့ ကျွန်တော်က အဖေနဲ့အမေနဲ့နေရတာ ပျော်ရွင်နေရတယ်ဆိုတဲ့ အယောင်အဆောင်အပြုံးတွေနဲ့သာ ပြုံးပြနေခဲ့တာကို

မင်းမို့လို့သာ[One And Only](Completed)Where stories live. Discover now