part 13

3.9K 187 14
                                    

"ကိုယ် မင်းကိုချစ်မိနေပြီထင်တယ်"

"ဘယ်လိုဖြစ်လို့ရှင်က "

"ကိုယ့်အချစ်ကိုလက်ခံနိုင်မလား "

"....."

"Cut!! "

" အိုခေ ကောင်းတယ် ခမျာ "

သုတရောင်စင် ဒါရိုက်တာရဲ့ ချီးမွှန်းမှုကို ခံပြီး
သူ၏ထိုင်ခုံမှာဘဲ သွားနားနေလိုက်၏

"ဟယ် ချောလိုက်တာ "

"အရပ်အမောင်းနဲ့တင် သေလို့ရပြီ"

"ငယ်ငယ်ရွယ်ရွယ်နဲ့လုံးဝ daddy type ကြီး"

"လာ လက်မှတ်သွားတောင်းရအောင် "

မိန်းကလေးတစ်အုပ်က‌လည်း
အခုတလော သုတရောင်စင်ရဲ့အကြောင်းကိုသာ စိတ်ဝင်တအား လိုက်ကြည့်ကြသေးသည်။
သုတ ဆိုတာ လွန်ခဲ့တဲ့ နှနှစ်လောက်ကမှ ပွဲဦးထွက်ခဲ့ပြီး ပထမဆုံးကားနဲ့တင်တော်တော်ပေါက်ကြားသွားခဲ့တာ
အပြုံးချိုချိုလေးတွေမို့နဲ့ နှင်းဆီမလေးတွေရဲ့အသဲစွဲ။အသက် ၂၆ သာရှိပြီး အရည်အချင်းအပြည့်ရှိသူ။

"အကို ဟို ဟိုဟာ ညီမတို့က အကို့ Fan ပါ လက်မှတ်လေးထိုးပေးပါလား "

"ရတာပေါ့ဗျာ"

စာအုပ်သေးသေးလေးထုတ်ပေးလိုက်တော့
ရောင်စင် ဆိုတဲ့နမည်လေးနဲ့သာ ထိုးပေးလိုက်၏

"ကျေးဇူးပါနော် ကျွန်တော်ကိုအားပေးတဲ့အတွက် "

"အားးး သေပါပြီ ဟုတ်ဟုတ် "

"ချစ်စရာလေးအမလေး "

ပြုံးပျော်ပြီးအသဲယားဟန်နဲ့ထွက်သွားတဲ့
ကောင်မ‌လေးတွေကိုသာ ကြည့်နေရင်း
ချစ်စရာလေးပါလား။
ကိုယ်လဲ တစ်ချိန်က သူတို့လေးတွေလိုဖြစ်ခဲ့မိတာဘဲ။

'အာ့ '

"အဆင်ပြေရဲ့လားဗျ "

"မပြေဘူး စာအုပ်တွေကျကုန်ပြီ "

"ဟုတ်ကဲ့တောင်းပန်ပါတယ်ထူပေးပါ့မယ်"

သုတရောင်စင်သူ့ရှေ့ကို တည့်တည့်ဝင်တိုက်တာက ထိုကောင်မလေးဆိုပေမယ့် လဲသွားတဲ့သူကလည်း ထိုကောင်မလေးကိုယ်တိုင်ဖြစ်နေတာကြောင့် အရင်ထူပေဖို့ လက်ကို ဆွဲကိုင်လိုက်၏
"ဘာလဲ ဒါက...."

မင်းမို့လို့သာ[One And Only](Completed)Where stories live. Discover now