part 30

3.2K 119 0
                                    

"ရှင်မင်း ကိုယ်ချင်းစာစိတ်မရှိတာလားဟမ်!
ရှင်မင်းကိုယ်တိုင်ကျ လူဘဝမှာ ပျော်ချင်သလောပျော်ပြီး ဒီကလေးကိုကျ ဘာကိစ္စ ပျော်ရွင်ခွင့်မပေးချင်တာရတာလဲ အေးပေါ့ ရှင်မင်းက ဖခင်စိတ်မှ မရှိဘဲ ငါရင်သွေးလေးကိုလဲ ဘယ်ယူချင်ပါ့မလဲ"

"ပန်သစ်သွင်!! မင်း မင်းဘယ်လိုတောင်ပြောရက်ရတာလဲ "

"ဒီကလေး ဒီကလေးကို ငါကမင်းထက်တောင် မျှော်လင့်ထားတာပါကွ"

"ကလေးလေးသာ မွေးလာရင်လေ မင်းကရောဂါရှိနေလို့ ကလေးထိန်းရလို့ ပင်ပန်းမှာဆိုးလို့!!
ငါအားလုံး ကိုစွန့်လွှတ်ပြီး ကလေးနဲ့မင်းကိုဘဲ အချိန်ပေးတော့မယ်လို့ တွေးထားခဲ့တာပါကွာ"

ရှင်မင်း နာကျင်စွာ ငိုကြွေးနေ၍

"ဘယ်လိုဖြစ်လို့ ငါရဲ့ အနာဂတ်လေးကိုလည်း စွန့်လွှတ်နိုင်ပါ့မလဲ ဒါပေမယ့် မရှိ‌သေးတဲ့အရာထက် ရှိနေတဲ့ မင်းကိုဘဲ ပိုပြီးတန်ဖိုးထားရမှာလေ မဟုတ်ဘူးလား !!!
ဒီကလေးကို ဘယ်လိုလုပ် ငါလည်းအလင်းမပေးချင်ရမှာလဲ မောင့်ဘဝနဲ့ရင်းပြီးကို ကလေးကို ကာကွယ်ချင်တာပါကွာ မောင်ကိုယ်တိုင်သာ မွေးလို့ရခဲ့ရင် မင်းကိုလက်ဆောင်ပေးချင်နေတာပါ ပန်သစ်ရဲ့ "

ရှင်မင်း သူ့ရင်ဘတ်တွေကို ပါလက်နဲ့အုပ်ပြီးမာန်ပါပါနဲ့

"မောင့်မိဘတွေကတော့ မြေးဦးထက် ပန်သစ်ကိုဘဲမျှော်လင့်ထားတာပန်သစ်ရဲ့ ။
မောင်က တစ်ဦးတည်သောသားဖြစ်တာကြောင့် မျိုးဆက်ပြတ်မှာကိုတောင်မကြောက်ဘဲ ‌အားလုံးက ပန်သစ်ကိုဘဲရွေးချယ်ထားတာပါ "

"ဒါပေမယ့် ပန်သစ်ရဲ့မိဘတွေအရှေ့ မောင့်ဘယ်လိုမျက်နှာနဲ့ ကလေးကို ရွေးချယ်ပေးရမာလဲ အခု ပန်သစ်ကလေးဆုံးရူံးရသလို ခံစားချက်နဲ့ သူတို့လည်းသူတို့သားသမီးကိုဆုံးရူံးရမှာပန်သစ်ရဲ့
ကလေးမွေးလာရင်တောင်ကလေးရဲ့စိတ်ထဲမှာငါ့ကြောင့် ငါ့အဖေ သေရတဲ့ ဆိုတဲ့ စိတ်ကြီးနဲ့နေရမှာလေ "

"ပန်သစ် ပန်သစ်ရာ မောင့်စကားနားထောင်ပါနော်"

ပန်သစ် လက်နှစ်ဖက်နဲ့ နားတွေကို အတင်းရိုက်ပြီး

မင်းမို့လို့သာ[One And Only](Completed)Hikayelerin yaşadığı yer. Şimdi keşfedin