part 17

3.9K 171 9
                                    

" မောင် မတို့ပြန်တွဲကြမလား "

"ဘယ်လို "

"အွန်းလေ အခု မဖြစ်ချင်တာလည်းဖြစ်နေပြီဆိုတော့ မတို့ပြန်တွဲကြမလားလို့ "

ရှင်မင်းဟက်ခနဲ တစ်ချက်ရီပြီး

"အဟက် အမ ရူးနေတာလား ကျွန်တော့်ကိုရော ဘာထင်နေတာလဲ "

"ဟော အခု မောင့်ကို ရိုင်းနေလို့လား ဒီတိုင်းဘဲပြောလိုက်တာလေ မောင်လဲ မကိုချစ်နေသေးတယ်မလား အဲ့နေက မောင်ငိုပြီးပြန်ထွက်သွားတဲ့ပုံက အခုထိ မ မျက်လုံးထဲ မထွက်သေးဘူး မောင့်ကို နှစ်သိမ့်ပေးချင်ပေမယ် အဲ့လို လုပ်ပေးလို့မရတဲ့ အခြေအနေဖြစ်နေတယ်လေ "

"ဪ အဲ့တော့ အခု လုပ်ပေးလို့ရပြီပေါ့ ပြန်တွဲလို့လဲရပြီပေါ့ "

"အင်းး"

အခု မာန်ဏီက ဆီမှာ လေးနက်မှု အရိပ်အရောင်တခုမှရှိမနေ...

"အမက တစ်ကိုယ်ကောင်းဆန်တာဘဲ ငယ်ငယ်က သံယောစဉ်မှ မထောက် ရက်ရက်စက်စက် ကျွန်တော့်ကို ခံစားရအောင်လုပ်ပြီးမှ အခု အမ ဖြစ်ချင်တာ ဖြစ်ပြီးမှ လွယ်လွယ်နဲ့ တွဲ‌ဖို့ပြန်တောင်းဆိုနေတာလား "

"တောင်းဆိုနေတယ်လို့ထင်နေတာလားအခု
အခွင့်အရေးပေးနေတာ မ ကိုမောင်မမေ့နိုင်ဘူးဆိုတာသိလို့ "

"ဝိုး အံဩစရာကြီးဘဲ အမ ကို မမေ့နိုင်ဘူးထင်နေတာပေါ့ အမကို မမေ့န်ိုင်မှတော့ ကျွန်တော် ပန်သစ်သွင်နဲ့တွဲနေမလား "

"အစားထိုးရုံသက်သက်‌ဘဲလေ "

"ရူးနေတာဘဲ ကျွန်တော့်ကို အမ လိုများမှတ်နေလား လူတစ်ယောက်အချစ်ကိုလွယ်လွယ် ပြတ်ရယ်ပြုမယ်လို့ထင်နေတာလား
ပြီးတော့‌ ကျွန်တော် ပန်သစ်သွင်ကို စတွေ့ထဲက အမက ခေါင်းထဲကို မရှိတော့တာ
အစားထိုးတယ်လို့ပြောရအောင်လဲ အမလိုအတ္တ ကြီးတဲ့သူနဲ့ ပန်သစ်သွင်နဲ့က လုံးဝအပ်စပ်မနေဘူး "

"အေပေါ့လေ ဘယ်အပ်စပ်မလဲ ပန်သစ်သွင်က ယောင်္ကျားကြီးကို "

"သူ့ယောင်္ကျားဖြစ်ရင်တောင် အမထက် စိတ်ပိုင်းဆိုင်ရာ အများကြီးသာတယ် ပန်သစ်သွင်က အမ နဲ့ယှဉ်စရာကိုမလိုတာ "

မင်းမို့လို့သာ[One And Only](Completed)Where stories live. Discover now