Part 10

4K 178 4
                                    

ပြိုင်ပွဲနေ့က ကိစ္စနဲ့ သူနဲ့ရှင်မင်းမတွေ့တာ သုံးရက်လောက်ရှိပါပြီ။
သွားတွေ့မလို့ကြံပေ‌မယ့်လည်း
ရှင်မင်းကလည်းမအား
ကိုယ်ကလည်း စာမေးပွဲကိစ္စ လေးတွေရှိတာကြောင့် မသွားဖြစ်
ရှင်မင်းကလည်းတကယ်နေနိုင်ပါတယ်
စကားလေးတောင်လာမပြောတာ

'မအိပ်သေးဘူးလား ပန်သစ် '

'အွန်း အိပ်မပျော်ဘူး '

'မောင်ရော အိပ်မပျော်ဘူး အခုတောင်
ပန်သစ်တို့အဆောင်ရှေ့မှာ '

ပန်သစ် ဝမ်းသာမိတာကြောင့်ချက်ချင်းဖုန်းကိုချပြီ ပြတင်ပေါက်ကနေကြည့်လိုက်တော့
ရှင်မင်း သူကို လက်ပြနေတာကြောင့် ပြုံးမိသွားသည်။တကယ်ဆို စိတ်ဆိုးနေမယ်လို့ထင်ထားတာ။

'ဘာထွက်လုပ်နေတာလဲ မောင် '

'ထိုင်လွမ်းနေတာလေ ပန်သစ်ကို '

ပျော်ရွင်မိတာလား ဘာဖြစ်တာလဲမသိပေမယ့် မျက်ရည်က ဝဲစပြုလာ၏
ပန်သစ်မနေနိုင်တော့တာနဲ့ ဖုန်းခေါ်ပြီးတော့

'မောင် '

'ပန်သစ် မောင် မင်းကို ချစ်တယ်
ဘယ်လိုလုပ်ရမလဲ သုံးရက်လေးမတွေ့တာတောင် တော်တော်လွမ်းနေတာ ပန်သစ်မို့လို့ နေနိုင်တယ် '

ဒီတစ်ယောက်ကို ပန်သစ် ဖုံးမကွယ်ချင်တော့ဘူး ဒါပေမယ့်လှတာကြိုက်တဲ့ ရှင်မင်းက
ပန်သစ်သာ ယောင်္ကျားလေး ဖြစ်နေမှန်းသိရင် သူလက်ခံမှာမဟုတ်။

'အွန်း ငါရောလွမ်းနေတာ '

'အပြင်ထွက်လာမလား ပန်သစ် မောင်မင်းကိုတွေ့ချင်တယ် "

ဒီနေ့ ရှင်မင်းရဲ့အသံက တစ်မျိုးကြီးဖြစ်နေတာ စိတ်ညစ်စရာတခုခုများရှိနေမလား။

'လာလို့မရနိုင်တဲ့ အခြေအနေဖြစ်နေတယ်မောင် '

'အင်းပါ ဒါဆို မောင်လည်းဝင်တော့မယ်'

'အွန်း '

ထွက်သွားချင်ပေမယ့် ထွက်သွားလို့မရသည့်အခြေ ရင်အောက်မှာလည်း ဘာမှမဝတ်ထားသလို ထွက်သွားလို့သူများတွေမြင်ခဲ့ရင်အပြောခံရမှာလဲ ကြောက်၏

တခါတလေ တွေးမိတယ် မိန်းကလေးသာ ဖြစ်ရင် ဘယ်လောက်ကောင်းမလဲ။
ဒါမှမဟုတ် ယောင်္ကျားလေးလိုနေထိုင်ရရင်တော့ ဘယ်လောက်ထိ လွတ်လပ်မလဲ
အခုတော့ လူတစ်ယောက်ကိုတောင် တိတိကျကျ မချစ်ရဲသေး။
တခါမှ ဒီလိုနေရတာ အားနည်းချက်လို့မသတ်မှတ်ပေမယ့် ဒီတခါကို‌တော့ အားနည်းချက်လို့ သတ်မှတ်မိ၏
အားမငယ်အောင် မေမေကထားပေမယ့်
လူတစ်ယောက်ကြောင့် အားငယ်မိသည်။

မင်းမို့လို့သာ[One And Only](Completed)Where stories live. Discover now