part 3

5.7K 271 4
                                    

‌ကျောင်းမှာတော့အရင်နေ့တွေနဲ့မတူဘဲ
ရုတ်ရုတ်သဲသဲနဲ့

ယောင်္ကျားလေးတွေကတော့ကိုယ်အိတ်ကိုယ်နဲ့ အဆောင်မှာ နေရာ ယူနေကြပေမယ့်

မိန်းကလေးတွေကျတော့သူတို့ဆရာမကလာမကြီးကြပ်သေးတာကြောင့် ကျောင်းရှေ့တည့်တည့်မှာဘဲ ရပ်စောင့်နေရသည်။

"ဘာလဲ ငါနဲ့ ရှင်မင်းက တစ်ခန်းထဲကျတာလား "

"ဒီအခန်းထဲမှာမင်းနဲ့ငါ အပြင်ဘယ်သူရှိသေးတာတွေ့လို့လဲ "

"ဒါဆိုငါမင်းရဲ့ ငိုသံတွေကြားရတော့မှာပေါ့ "

"ဘာကွ!"

"ဟုတ်တယ်လေ မင်းက ရည်းစားဟောင်းကိုမှမမေ့သေးတာ တခါတလေ ငိုနေရင်ဘယ်လိုလုပ်မှာ "

အခုတော့ ရှေ့က ဟန်လင်းစစ်က တကယ့်ကို ပိတ်ပြတ်ထိုးချင်စရာဖြစ်နေခြင်း။

"ကျစ် !"

ဟန်လင်းစစ် ပြောတာကိုပင် ဂရုမစိုက်တော့ဘဲ စုတ်သတ်လိုက်ပြီး အဝတ်တွေသာ ရှင်းနေလိုက်သည်။
သူမကို အဲ့လောက်ထိ မချစ်ပြခဲ့ဘူးဆိုရင်
ဒီအချိန်ထိ စခံရမှာမဟုတ်ဘူး

"ဟန်လင်းစစ် !!ရှင်မင်းမာန်သာ မင်းတို့လည်းတစ်ခန်းထဲလား ငါနဲ့ရိုးမလဲ တစ်ခန်းထဲ "

"ဝိုးး ရိုးမတော့စိတ်ပျက်နေတော့မှာဘဲ မင်းနဲ့အတူတူကျလို့လေ "

ဟန်လင်းစစ်က စသလိုနဲ့ပြောလိုက်တော့

"မဟုတ်ပါဘူးနော် အခုဆိုပျော်လွန်းလို့ အိပ်တောင်ပျော်နေတာ "

"အိပ်လို့မရဘူးလေ ပြီးရင်အကုန်လူစုရမှာ"

"ထားလိုက်ပါကွာ အိပ်ပါစေ ဒါနဲ့ငါပြောအုန်းမယ် ငါမိန်းကလေးကျောင်းက ကောင်မလေးတွေအကောင့်တွေရခဲ့တယ် "

တက်လည်းတက်နိုင်တဲ့ကောင်
ဒီလိုမျိုးသာဆို သူကပထမ...

"မင်းဘယ်လိုရတာလဲ "

"အခုနက ငါတို့အခန်းဘေးက ကောင်တွေ လူစုနေတာမြင်လို့သွားစပ်စုတာလေ သူ့တို့ကမိန်းကလေးတွေကိုကြည့်ရင်း အကောင့်တွေမျှနေကြတာ ငါလဲဝင်စပ်စုလို့ရတာ"

"ငါတို့ကို ဆရာတွေက ကင်းကင်းနေလို့ပြောထားတယ်လေကွာ "

"ဟျောင့်ရူးနေတာလား အစထဲက ကင်းကင်းနေခိုင်းစေချင်ရင်တစ်ကျောင်းထဲထားမလား
ကင်းကင်းမနေခိုင်းချင်လို့အတူတူစုတာပေါ့ "

မင်းမို့လို့သာ[One And Only](Completed)Место, где живут истории. Откройте их для себя