part 21

3.3K 137 2
                                    

"ရှင်မင်း..."

"ရှင်မင်း"

အိပ်နေရင်းဘဲ ခြံအပြင်က အသံကြားတာနဲ့ ရှင်မင်းလူပ်လူပ်စိစိ ဖြစ်လာပြီး ညီးညူလိုက်၏

"ဟွန်းးးးးဘယ်က အလှူခံလဲကွာ ကျစ် "

ခေါင်းစုတ်ဖွားနဲ့သာ အပြင်သို့ ထွက်လာခဲ့ပေမယ့် ခြံက အပုလေးဖြစ်နေတာကြောင့် ရပ်နေတဲ့လူရဲ့ပုံရိပ်က အထင်းသား။

"ပန် ပန်သစ် "

"တံခါးအရင် လာဖွင့်ပေးပါအုန်း "

တံခါးကိုလည်း အလျှင်အမြန်ဖွင့်ပေးတော့
ပန်သစ် ဘာစကားမှ မပြောဘဲ အိမ်ထဲ‌ကိုသာ အရင်ဝင်လိုက်၏

"ပန် ပန်သစ် ဒီအိမ်ကိုဘယ်လို သိတာလဲ "

"ရှင်မင်းလွန်တယ် ဘာလို့ အားလုံးကို လျှို့ဝှက်ချင်ရတာလဲ အခုတောင်
ရှင်မင်း လေးလေးတို့အိမ်ရောက်မှ သိတယ် "

"မောင် ပြောဖို့ အဆင်သင့်မဖြစ်သေးလို့ပါ ပန်သစ်ရာ"

"ဘာကို အဆင်သင့်မဖြစ်တာလဲ တယောက်ထဲနေတာကိုဘာကိုမပြောရဲရတာလဲ မဟုတ်မှ ရှင်မင်း မင်း မဟုတ်တာလုပ်နေတာလား အိမ်ကိုလဲပေါင်ထားတယ်ဆိုတော့"

"ပန်သစ်ဘယ်လိုသိတာ "

ပန်သစ် ဆက်မပြောချင်တာကြောင့်လက်ကိုသာ အားနဲ့ကိုက်လိုက်၏

"အားး ပန်သစ်မောင်နာတယ် "

"ပြော တစ်ယောက်ထဲနေပြီးဘာတွေလုပ်နေတာလဲ "

"ပန်သစ်နဲ့အတူတူနေဖို့ကြိုးစားနေတာပါကွာ"

"အိမ်ကိုပေါင်ပြီးတော့လား "

"အင်း ဒါပေမယ့်မောင်ပြန်ရွေးမှာပါ အခုက ‌ဆိုင်အတွက်ပိုက်ဆံမလောက်လို့ပါ "

"ငါစိုက်ပေးလို့ရတယ်လေ ဘာလို့ငါ့က်ိုဘဲကွက်ချန်ထားတာလဲ ငါ့အကူအညီကိုဘာလို့မတောင်းကြတာလဲ ပြောတော့သူငယ်ချင်းဆိုအားလုံးက "

"ဒါပေမယ့်လည်းပန်သစ်ရာ မောင်က ပန်သစ်နဲ့ယူပြီးရင် အိမ်ထောင်ဦးစီးဖြစ်မယ့်သူလေကွာ ပန်သစ်က စိတ်‌ချမ်းသာအောင်နေရမှာကပန်သစ်ဝာာဝန် မောင်က စိတ်ချမ်းသာအောင်ထားရမှာက မောင့်တာဝန်လေ"

မင်းမို့လို့သာ[One And Only](Completed)Where stories live. Discover now