part 26

3.4K 132 0
                                    

တကယ့်ကို ဘယ်သူ့ကြောင့်အလုပ်ပိုရူပ်စေလဲမေးရင် ကျွန်တော်ကတော့ ကျွန်တော်ရဲ့ယောက်ဖကြောင့်ဘဲ အလုပ်ပိုရူတ်စေ၏
ဒီနေ့က 6 လပိုင်း 29 ရက်မြောက် ကျွန့်တော့်ညီ ပန်သစ်ရဲ့ မွေးနေ့ဆိုလည်းမမှားဘူး

ယောက်ဖဖြစ်သူရဲ့ လက်ထပ်ခွင့်တောင်းမယ့်နေဆိုလည်းမမှားပါ..

အခုဆိုလည်း လက်ထပ်ခွင့်ကိုသူတို့ရဲ့ဆိုင်မှာဘဲ သူငယ်ချင်းဆီကနေ အသိသက်သေပြုတောင်းချင်တယ်ဆိုတာကြောင့်
ဆိုင်ကိုလည်းပိတ်ထား၍
အလှလည်းဆင်နေရပြန်၏

သီချင်းဆိုပြမယ်ဆိုတဲ့ရှင်မင်းကြောင့်
တီးဝိုင်းမှာလဲ ဘောလုံးလေးတွေနဲ့ အလှဆင်ထားလျှက်..

အားလုံးလည်းပြီးလုနီးပါ ဖြစ်နေတာကြောင့်
အားလုံးအနေနဲ့ ပန်သစ်ကို ခေါ်ဖို့ဘဲရှိတော့သည်။

"ပန်သစ်ကိုဘယ်သူခေါ်မှာ‌လဲ "

"သူ့လင်ခေါ်လိုက်မယ် "

"အသံတွေကလည်းမာလိုက်တာ ငြိုငြင်တာလား"

ကျွန်တော့်ယောက်ဖက ကျွန်တော်နဲ့တူလို့လာဘဲ တကယ်စောက်ချိုးမပြေတာ..

"သော်ဦး မင်းခေါ်ပေးပါလား ဒါမှ သူမရိပ်မိမှာ"

"အွန်းအွန်း ငါဖုန်းဆက်ခေါ်ပေးမယ် "

သော်ဦးဖုန်းဆက်မယ်ဆိုပြီးထွက်သွားတော့
ရှင်မင်းအနောက်ခန်းက အရုပ်တွေကိုလည်း သေချာလေး ပြန်ထောင်ထား၏ အရုပ်က လူအရပ်လောက်ရှိသည်မို့ ခနခနပုံမကျစွာလဲကြ‌နေ၏...

ဝုတ် ဝုတ် ဝုတ်

"ရူးရူး မင်းကတိုးတိုးနေလေကွာ မင်းအဖေကို စပရိုက် တိုက်မလို့ပါဆိုကျစ် "

ခွေးလေးတစ်ကောင်ကိုတောင် ရန်စွာလိုက်သေး၏ ဒီခွေးကလည်း ပန်သစ်အတွက် ‌လက်ဆောင် ဖြစ်စေချင်တာကြောင့်ဝယ်ထားရ၏ ပန်သစ်ကနေ့လည်ပိုင်းကို အိမ်မှာတစ်ယောက်ထဲ နေခဲ့ရတာမို့ အထီးကျန်မှာဆိုးလို့အဖော်လေးထားခဲ့ချင်တာမို့..
နောက်တစ်ခုက ခွေးလေးတွေက လူကိုချစ်တက်အောင်သင်ပေးတဲ့အကောင်လေးတွေမလား ဒါကြောင့် ပန်သစ်ကလည်း ကလေးမွေးရအုန်းမှာလေ ပန်သစ်ကိုလည်းကလေးကိုချစ်တက်ဖို့ အများကြီးသင်ပေးချင်သည်။

မင်းမို့လို့သာ[One And Only](Completed)Where stories live. Discover now