part 27 !

6.4K 146 0
                                    

မောင်ရှင်မင်းမာန်သာ
               နှင့်
မောင်ပန်သစ်သွင်
             တို့၏
လက်ထပ်ထိမ်းမြားမင်္ဂလာ
  

တစ်စုံတစ်ယောက်ကတော့ ထိုစာတန်းလေးကိုပင်ကြည့်၍ ပီတီတွေအမျိုးမျိုးဝင်လာခဲ့၏..နောက်ဆုံးတော့ ဒီလူသားလေးကို ပိုင်ဆိုင်ခဲ့ရပြီလေ..

"မိန်းမရယ် ဘာလို့ ငိုနေရတာလဲ "

ငိုယိုနေတဲ့ မိန်းမ ဖြစ်သူကို ချော့၍နေပေမယ့်
ချော့နေရင်းတောင် ပို့လို့ငိုနေခဲ့သည်။

"သားလေးကို သူများလက်ထဲ အပ်ရတော့မှာလေ"

"စိတ်ချရမှာပါကွာ အဲ့ကလေးကလည်း ကိုယ်တို့သားကို ချစ်ပေးမှာပါ "

"ဟုတ်ပါတယ် မေမေရဲ့ မငိုပါနဲ့ ပြီးတော့ သားတို့ကလည်း ဘယ်မှာသွားတာမှမဟုတ်တာ လက်ထပ်ပြီးရင်တောင် မေမေတို့ဆီလာလည်မှာပါ "

"ဟုတ်ပါပြီဟုတ်ပါပြီ သားရဲ့ဖွားဖွားကတော့ ပျော်နေတယ်သားရဲ့ပျော်ရွင်တဲ့ပုံရိပ်ကိုမြင်နေရတာမို့လို့လေ "

"ဟုတ်ကဲ့ သားအားလုံးရဲ့မျတ်နှာကိုထောက်ပြီး တစ်သက်လုံးပျော်ရွင်အောင်နေပေးမှာပါ"

"ဒါနဲ့သားကောင်လေးရော "

မေမေပြောမှ သတိရသည် ရှင်မင်းကိုခုနထဲကမတွေ့တော့ဘဲ။
အခုထိလည်းပြန်မလာ မဟုတ်မှ အပြင်တောင်ရောက်နေပြီလားး

"သားမေမေပြောပြမယ်သိလား "

"ဟုတ်ကဲ့ "

"လက်ထပ်ပွဲတစ်ခုမှာလေ သတို့သားဖြစ်သူကသူ့ရဲ့ သတို့သမီးကို ပိုင်ဆိုင်ရလို့ အပျော်လွန်ပြီးမျက်ရည်ထွက်ကြတယ်လေ"

"ဟုတ်ကဲ့သားမြင်ဖူးတယ် "

"အဲ့တော့ သားရဲ့ရှင်မင်း ငိုမငို သားက ကြည့်ခဲ့သိလား သူ့မငိုရင် သားလည်းမငိုခဲ့နဲ့"

အမေကတော့ အခုထိ အပေးရှိရင်အယူရှိရမည်ဆိုတဲ့ စိတ်ထားနဲ့သာ...

"ရှင်မင်း ပန်သစ်ရော "

"ခနနေ ထွက်လာလိမ့်မယ် "

"ရှင်မင်း မင်းဘာ‌တွေကြည့်နေတာလဲ "

"လက်ထပ်တာကိုလေ ဒီထဲမှာ သတို့သမီးကငိုနေတယ်ကွ"

မင်းမို့လို့သာ[One And Only](Completed)Opowieści tętniące życiem. Odkryj je teraz