Part 12

3.8K 182 12
                                    

မနက် 6 နာရီ တိတိမှာတော့ ရှင်မင်း ထလာခဲ့သည်။
အောက်သို့ဆင်းလာလိုက်တော့ လေးလေး ဖြစ်သူက ဘုရားကျောင်းဆောင်တွေရေလဲ ကြမ်းတွေလဲတိုက်နေသေးတာ
ပြီးတော့ မနက်စာပါ ပြင်ဆင်နေတာမြင်တော့ သက်ပျင်းချလိုက်ပြီး
ပိုက်ဆံရှိနေတာကို ဘာလို့ အိမ်ဖော်မငှားရတာလဲ ။

အခုဆိုလေးလေးဘဲလုပ်ရတာ အကုန်ပင်ပန်းနေမှာ မကြည့်ရက်တော့တာကြောင့်
ဆိုဖာ ပေါ်မှာဘဲ မျက်စိမှိတ်ပြီးပြန်လှဲ အိပ်လိုက်၏

"ဖိုးသား အစောကြီး ထလို့ပါလား "

ဦးထိန်လင်းပြောတာကိုတောင်မဖြေနိုင်ဘဲ
နှဖူးပေါ်သာ လက်တင်ပြီးမှေးနေလိုက်၏

"ဖိုးသား မင်းဘာဖြစ်နေတာလဲ "

ရုတ်တရက် ရိူက်သံတွေကြားလာလို့
လက်ကိုဖယ်လိုက်တော့ မျက်ရည်ရွဲနေတဲ့တူဖြစ်သူကိုမြင်တာကြောင့်

"မဟုတ်မှ အစောကြီးနိူးနေတာမဟုတ်ဘဲ ညကထဲက မအိပ်တာလား "

"အိပ်‌မပျော်ဘူး လေးလေး"

"ဘာဖြစ်ရပြန်တာလဲ "

"အသဲကွဲနေတာ "

"ဘယ်သူနဲ့ထပ်ပြီးလဲ မင်းမာန်ဏီ နဲ့ဘဲလား "

"မသိတော့ဘူးဗျာ မဖြေချင်တော့ဘူး "

ဖြေရင်လည်း အဓိပ္ပါယ်မရှိတာတွေဘဲထွက်လာမှာ..
ငါကယောင်္ကျားတစ်ယောက်ကိုကြိုက်တယ်ဟုတ်လား ဟမ့်။
မိန်းကလေးထက်တောင် ချစ်ဖို့ကောင်းတာ
ဒါပန်သစ်ရဲ့အမှား ကြိုက်မိတဲ့ ငါအမှားမဟုတ်ဘူး။
ရှင်မင်းမာန်သာဆိုတဲ့ငါက ဘာလုပ်လုပ်မှန်တယ် မှားရင်တောင်မှ အာမေ့နေတာဘဲ
မှားရင်တောင်မှ လို့တောင်
ဥပမာ ပေးစရာမလိုတဲ့ထိ မှန်တဲ့သူဘဲ။

"ဒါနဲ့ အမမာန်ဏီ တို့ဒီနေ့ပြန်လာမှာမလား သူဘယ်မှာတည်းမှာ ညဘက်လဲ ရိုက်ရမှာမလား "

"သူတို့အတွက် ပူစရာမလိုပါဘူး အသစ်ဆိုပြီး မခွဲခြားထားဘူး မဟုတ်ရင်လည်း အဆောင်မှာအခန်းလွတ်ရှိသေးတာဘဲ သူတည်းလို့ရမှာပါ "

"ဟုတ်ကဲ့ပါ"

"ဒီဇာတ်ကားပေါက်မယ်လို့ လေးလေး ယုံကြည်မိတယ် အဲ့ထဲက မင်းသားက သုတရောင်စင်မို့လို့လေ "

မင်းမို့လို့သာ[One And Only](Completed)Where stories live. Discover now