part 32 Final.

7.6K 162 19
                                    

ငါးနှစ်ခန့် ကြာသော်

"ပါးပါး သားသားမှားပါတယ် "

"မှားမှန်းတော့သိတယ်ပေါ့ဟုတ်လား အခုမှ မူကြိုဘဲရှိသေးတာကို စာကို လိုက်မလုပ်ဘူး"

"သားသား နောက်ခါ လိုက်လုပ်ပါ့မယ် "

ဆူလိုက်ပြီဆိုတာနဲ့ မျက်နှာကိုညိုးသွားတာများသူ့အဖေ့အတိုင်းဘဲ
အဖေတူသားလို့ကိုမပြောရဘူး။

အသက်ရလာတာနဲ့ ပန်သစ်ငယ်ငယ်တုန်းကနဲ့လည်းတူလာပြီး
ပြည့်ပြည့်လေးကိုမှ ပါးဖောင်းဖောင်းလေးဖြစ်နေတာ..စကားကလည်းတက်လိုက်တာပြောမနေနဲ့။

"သားသားကို ခွင့်လွတ်ပါနော် သားသား
ပါးပါးကို အာဘွားပေးပါ့မယ် "

"ချွဲနေရင်ရမယ်ထင်နေတာလားပြော"

"ဟုတ်ကဲ့ "

"အေ ပြန်ပြောတယ်ဟုတ်လား ပါးပါး မင်းကို အပြစ်ပေးမယ်"

"ပါးပါး သားသားတောင်းပန်ပါတယ်အီးးးဟီး""

"ပန်သစ်ရယ် တော်ပါတော့ မောင်ဆုံးမပါ့မယ် "

"မောင်ဆုံးမရင်ဘယ်တုန်းကနားထောင်တာရှိလို့လဲ အမြဲတမ်းစာကို မကျက်ဘူး "

အခုမှမူကြိုဆိုပေမယ့် ဘဝရဲ့အစက မူကြိုကဘဲမှတ်လား ဒါကြောင့် ပန်သစ်ကတော့အခြေခံကိုပိုင်စေချင်တာမို့ ပညာရေးအတွက်ဆိုရင်တော့ အလိုမလိုက်..

"ဒီတစ်ခါ အကြောသေအောင်ဆုံးမပေးမယ်ဟုတ်ပြီလား ရှင်သွေးမဟာ အခုချက်ချင်းအခန်းထဲလိုက်ခဲ့"

"ဟုတ်ကဲ့ဒယ်ဒီ သားသားလိုက်ခဲ့ပါ့မယ် "

သူ့ဒယ်ဒီခေါ်နေတာကို မျက်နှာငယ်ငယ်လေးနဲ့ လိုက်သွားရတော့၏
အခန်းထဲရောက်တာနဲ့ ပန်သစ်မကြားအောင် တံခါးပိတ်လိုက်တော့ နယူးလေးရဲ့မျက်နှာကပိုလို့တောင်ကြောက်နေခဲ့၏

"New အခုဒယ်ဒီကိုပြော စာလုပ်ရမှာပျင်းလိူ့လား "

"ဟုတ်ပါဘူး ဒယ်ဒီ သားသား စာလုပ်ချိန်ထက် ကစားချိန်ကို ဦးစားပေးမိတာပါ "

ဒီကောင် လူကြီးစကားတော့ သိပ်တက်သား
သူ့အဖိုးအဖွားကလည်း ဒါလေးကိုဘဲ အကဲပိုနေတာနေမှာ..

You've reached the end of published parts.

⏰ Last updated: Apr 15 ⏰

Add this story to your Library to get notified about new parts!

မင်းမို့လို့သာ[One And Only](Completed)Where stories live. Discover now