part 23

3.3K 139 2
                                    

Ring Ring Ring

"ပန်သစ် ဆိုင်ရောက်ပြီပေါ့ "

📞ဟုတ်တယ် ဆိုင်မှာ ဒီနေ့လည်း လူကျနေတာ ဒါနဲ့ ရှင်မင်းရော ဆိုင်သွားပြီလား

"မောင်လည်း အခု ဆိုင်မှာလဲ ဆိုင်အသစ်ဖွင့်ပွဲလည်းရှိတယ် ညနေကျရင်တော့ အားအောင်လုပ်ထားအုန်း "

📞အွန်း ခ ခန နော်

ဖုန်းပြောရင်လည်း ထုံးစံအတိုင်း အမြဲလောလာတက်၏ကိုယ့်ကိုကျ အတင်းရုန်းရှာနေတယ်ဆိုပြီး သူကိုယ်တိုင်ကျ နှစ်ယောက်မရှိတဲ့ရည်းစားလေးကိုတောင် အချိန်မပေးနိုင်တော့။

"ရှင်မင်း အသစ်လာလျှောက်တဲ့ waiter တွေကို ဘယ်သူ interview မှာလဲ "

"အဲ့ဘက်ဆိုင်က ရိုးမနဲ့သော်ဦး တာဝန်လေ ငါနဲ့ဘာဆိုင်လို့ "

"အခု သော်ဦးတစ်ယာက်ထဲ အဲ့ဆိုင်မှာ
ရိုးမက တစ်ပတ်လောက်ရှိပြီးဖုန်းလည်းမကိုင်း အဆက်အသွယ်ပြတ်နေတယ် "

"သူအိမ်မှာရော "

"မေးပြီးပြီ သူ့သားက တစ်ယောက်ထဲဘဲ နေတာတဲ့လေ တဲ့ "

"ငါတို့လဲမသိရပါလား "

"အဲ့ကောင်က ဘယ်တုန်းကရော သူ့အကြောင်းပြောဖူးလို့ဘဲ "

အခုလိုထွက်သွားလို့ရတာဘဲလား။
မဟုတ်မှ သော်ဦးကိုရှောင်နေတာလားအခုလို ရုတ်တရက်ထွက်သွားတော့ စိတ်တော့ပူမိသား။

"ဒါဆို ဆိုင်ပိတ်လိုက်တော့ ဟိုဘက်ဆိုင်ကိုဘဲသွားကြရအောင် တစ်ရက်လောက်ပိတ်လည်းဘာမှမဖြစ်ဘူးလေ "

"အေ ဒါဆို ငါ waiter တွေကိုပြန်ဖို့သွားပြောလိုက်အုန်းမယ် "

*******
ဖုန်းလေးတစ်ကော မကိုင်တာက ခေါ်တဲ့လူကို တကယ်ယောက်ယှက်ခက်စေ၏
အခုလည်း သော်ဦးတစ်ယာက် အဆက်အပြတ်ခေါ်နေပေမယ့် ထိုဖုန်းလေးက လုံးဝမကိုင်ခဲ့။

"ချီးဘဲကွာ ဘာလို့မကိုင်ရတာလဲ "

"အခုထိ မကိုင်ဘူးလားသူ "

"အေးငါလဲခေါ်နေတာဘဲ တခါမှ ဒီလိုလျှစ်လျူရူတက်တာမဟုတ်ဘဲနဲ့ ဘာလို့ ဒီတခါကြမှလဲ ငါ့တို့အဖွဲ့ကသူ့မရှိလဲပြည့်စုံပြီးထင်နေတာလား "

မင်းမို့လို့သာ[One And Only](Completed)Tahanan ng mga kuwento. Tumuklas ngayon