part 5

5.3K 227 1
                                    

အတူတူနေရတာက ဟန်လင်းစစ်နဲ့ဆိုပေမယ့်
ညတိုင်းလိုလို အခန်းထဲလာအိပ်နေတာက သော်ဦးခန့်ပင်။ ကုတင်ကနှစ်ထပ်မို့လို့
ရှင်မင်းက အောက်မှာသာနေသည်။
ပုံသေတော့မဟုတ် အပေါ်ရောက်ချင်လည်းရောက်သွား၏

သော်ဦးခန့်အမြဲလာရတဲ့အကြောင်းကတော့
‌ရိုးမဂုဏ်ကြောင့်
ရိုးမဂုဏ်က နားညီးတာတွေ စိတ်ရူတ်စရာတွေသူမကြိုက် သော်ဦးခန့်ကျတော့လည်း တိတ်ဆိတ်တာတွေ ပျင်းရိတာတွေမကြိုက်ဘဲပျော်ပျော်ဘဲနေတက်သည်မို့
ရိုးမဂုဏ်နဲ့ စကားပြောဖို့ကြံတိုင်း
'ပါးစပ်ပိတ်ထား 'ဆိုတယ့်ရိုးမရဲ့ စိမ်းကားကားစကားကြောင့် စိတ်ကောက်ပြီးလာလာနေရခြင်း။

လာနေလျှင် ပါးစပ်ပိတ်ပြီး အေးဆေးမနေဘဲ
ကုတင်အပေါ်က ‌ဟန်လင်းစစ်နဲ့ပေါင်းပြီး
ရှင်မင်းရဲ့ရည်းစားအကြောင်းကိုဘဲစနေတာမို့ ရှင်မင်းစိတ်ရူတ်နေခဲ့ခြင်း။ဒါပေမယ့်လည်းသူငယ်ချင်း စတာ မှန်းသိလို့ဘာမှပြန်မပြောရက်။

"ရှင်မင်း မင်းဘယ်သူနဲ့စကားပြောနေတာ typing ရိုက်နေတာ ပြုံးစိစိနဲ့ "

"မဟုတ်မှ ရှင်မင်း ရည်းစားအသစ်ရနေတာလား"

အမေးအမြန်းထူတာလည်း အဲ့နှစ်ယောက်အပြင်မရှိ။

"မင်းတို့အလုပ်လား "

တကယ်လည်းထင်ချင်ထင်စရာ
အခုတလော ရှင်မင်း messenger မှာစာပို့တိုင်းပြုံးစိစိ ဖြစ်နေတာ သူတို့သတိထားမိတာကြာပြီ ဒါပေမယ့်အရင်ကတော့ရှင်မင်းက ကောင်မလေးတစ်ယောက်နဲ့သူငယ်ချင်းဖြစ်ရင်တောင်ပြောပြတက်တဲ့သူ
အခုကျ ဘာဆိုဘာမှမပြောတော့ဘဲ တိတ်ဆိတ်နေတာ

"ရှင်မင်း မင်းမမကို မေ့နိုင်ပြီလား "

သော်ဦးခန့်ရဲ့မေ့နိုင်လားဆိုတဲ့အမေးကတော့ တကယ်မေးခွန်းသတ်နေတာဘဲ
မေ့နိုင်တယ်လို့ ပြတ်ပြတ်သားသားလဲဖြေချင်ပေမယ့် မမေ့နိုင်ဘူးဆိုတဲ့ အမှန်တရားကိုလည်းဖြေချင်မိတယ်။
ဒါပေမယ့် မေ့သွားတဲ့သူကိုတောင်းတနေတော့ရော ဘာထူးမှာလဲ။

"မသိဘူး "

ဘူးတစ်လုံးခံ အိုတောင် မဆင်းရဲဆိုတာကမှ မှန်သေးတယ်

မင်းမို့လို့သာ[One And Only](Completed)Where stories live. Discover now