part 8

4.5K 203 15
                                    

"ပန်လေး  ကျောင်းမှာ အဆင်ပြေရဲ့လား "

"မပြေဘူး တီလေး "

"ဟောတော် ဘာဖြစ်ရပြန်တာလဲ "

"ကိုလင်း ပေါ့ ပန်လေး ဖုန်းခေါ်တာကို မကိုင်ဘူး မဟုတ်ရင်  သေတော့မှာ တော်သေးတာပေါ့ သူငယ်ချင်းတစ်ယောက်ကယ်လို့ "

"ငါ ဖုန်းမကိုင်ရင်တောင် message ပို့လို့ရတယ်လေ ဘာလို့ အမေ့ကို လာတိုင်နေတာလဲ "

"ကိုလင်း လုပ်တာက ဟုတ်လို့လား တိုင်စရာရှိတိုင်မှာဘဲ "

ဟန်လင်း ဆက်မပြောတော့ပါ ဆက်ပြောလည်း သူ့ဘက်မှာပါမယ့်သူရှိမှာ မဟုတ်တာကြောင့် အားလုံးက ပန်သစ်ကိုဘဲ အသဲစွဲနေကြတာမို့လို့

အခုလည်း သူတစ်ချက်ချွဲလိုက်တာနဲ့ သူ့အဒေါ်ပါ အရည်ပျော်သည်အထိ
ဒါပေမယ့် ဟန်လင်းဘက်ကိုပါတာက
ဟန်လင်းရဲ့ အဒေါ် ပန်သစ်ရဲ့အမေ
ဒေါ်ဟန်နီလာထွေး တော့ရှိသည်။

"ကဲသား ကိုယ့်ညီ ကို ပြန်ပက်မနေနဲ့
သား ညီက အားငယ်နေမှာပေါ့ သားက ဂရုစိုက်ပေးသင့်တယ်လေ "

"သူလား အားငယ်မှာ "

ပါးစပ်က မဆိုသလောက်လေးတိုးတိုးလေးထွက်ခဲ့ပေမယ့် လက်မြန်တဲ့ အမေကတော့ တစ်ချက် တီးပြီးပြီ
ဒါပေမယ့်လည်း ကွက်တိ ဟန်လင်းဘက်က ပါမယ့် အဒေါ် ရောက်လာတာကြောင့်

"ဟဲ့ ပန်သစ်သွင် ကူလီကူမာ လုပ်မနေနဲ့
အားနေ တိုင်နေတာ နင့်အကိုလည်းအကြောင်းပြချက်ရှိနေမှာပေါ့ "

"မေမေကလည်း သား ကမတိုင်ပါဘူး တီလေးကမေးလို့ဖြေတာပါ "

"မာလာလည်း နင့်တူကို အလိုလိုက်မနေနဲ့ ဟိုကရောင့်တက်ပြီး အကိုဖြစ်သူကိုအနိုင်ကျင့်နေတာ "

"ဟုတ်တယ် သူတို့နှစ်ယောက် သားကိုအနိုင်ကျင့်နေတာ သားငို‌ချင်လာပြီ "

ဟန်လင်းလည်းအခွင့်ရတာနဲ့ပြန်ချွန်ချင်၏

"နင်တို့အဖွားလာပြီ အပြောအဆိုဆင်ခြင်ကြ"

ဧည့်ခန်းထဲ အဖွား နဲ့အဖိုး ဆင်းလာတာကြောင့်
အဖွားနဲ့အဖိုးက အသက် ၆၀ ကျော်တွေမို့ သွားနိုင်လာနိုင် နုနယ်နေသေး၏

မင်းမို့လို့သာ[One And Only](Completed)Where stories live. Discover now