part 31

3.8K 122 4
                                    

"မာမီ့ သားငယ်လေး သတိရလာပြီလား"

တကယ့်ကို အိပ်မက်ဘဲ
ငါလဲ ရူးနေပြီလားဘဲ ဘာလို့ပန်သစ်ကိုဘဲ မြင်ပြီး ပန်သစ်ကိုအသံဘဲကြားယောင်နေရတာလဲ

ဘေးပတ်ပတ်လဲကိုကြည့်လိုက်တော့ဆေးနံ့တွေရလာတာနဲ့ ဆေးရုံဆိုတာသိလိုက်၏

"ကျွန်တော် ဘာဖြစ်လို့ ဆေးရုံရောက်နေတာလဲ"

"သားအားနည်းပြီးသတိလစ်တာလေ
ထမင်းလေးတော့ စားမှာပေါ့သားရယ် "

"ကျွန်တော့် ကျွန်တော့် ဘယ်လိုလုပ် စားနိုင်မှာလဲ မာမီရဲ့ အင့်ဟင့် အီးးးဟီးးး"

မငိုဖို့ကိုယ့်စိတ်ကို တားနေပေမယ့်လည်း
မရတော့တာနဲ့ မခံမရပ်စွာဘဲ ငိုမိတော့၏

ဒေါ်မြင့်မိုရ်ရှင် လည်းသူ့သားငိုနေတာကို မကြည့်ရက်တော့တာကြောင့် နှစ်သိမ့်ပေးဖို့နည်းလမ်း တစ်ခုဘဲရှိတော့သည်။

"သား သားရဲ့ပန်သစ်က မသေဘူးသားရဲ့"

မိဘတွေကတော့ သူ့သားစိတ်ချမ်းသာစေချင်တာနဲ့ လိမ်နေတာဘဲ

"မာမီ သားက ဘာမှမဖြစ်တာမို့ ကျေးဇူးပြုပြီးသားကိုမလိမ်ပါနဲ့ "

"မာမီတို့လိမ်တာမဟုတ်ဘူးသား သားရဲ့ပန်သစ်က နဂိုတည်းကမသေခဲ့တာ"

"မာမီတော်ပါတော့ သားတောင်းပန်"

"မောင့်မာမီက လိမ်နေတာမဟုတ်ဘူးမောင်"

"ပန် ပန်သစ် ပန်သစ်ကဘယ်လိုဖြစ်လို့ "

"တကယ်တော့ ငါအဲ့နေ့ထဲက 1% နဲ့အသက်ရှင်ခဲ့တယ် "

မွေးသည့်နေက

"အူးးးဝဲ အူးးးဝဲ"

မဟုတ်မှ ပန်သစ် ဒီအသံကိုကြားနေရတာလား အခု ပန်သစ်က 1% လေးနဲ့အသက်ရှင်ခဲ့တာလား။
ပန်သစ်က သူ့အသက်ရှင်ခဲ့လို့ပျော်မိနေတာမဟုတ်ဘဲ သူအသက်ရှင်မှန်းသာ ရှင်မင်းသိတဲ့အခါ ရှင်မင်းပျော်ရွှင်နေမှာကိုသာ မြင်ယောင်ပြီးအတိုင်းမသိပျော်ရွှင်နေရ၏

"ဂုဏ်ယူပါတယ် အကောင်းဆုံးကြိုးစားနိုင်ခဲ့လို့ "

"ဟင် "

"အူးးဝဲ အူးးးဝဲ "

ဆရာဝန်တွေပြောတာတော့ ဒါတကယ်ကိုကံကောင်းလို့တဲ့ ။
ငါ ငါတကယ်အသက်ရှင်နေတာလား။
ငါရွေးချယ်မှု မှန်နေပြီလား။
မောင်သာ သိရင်ဘယ်လောက်ဝမ်းသာနေမလဲ ။ငါမောင့်အတွက် မွေးနေ့လက်ဆောင်လေးပေးနိုင်ပြီပေါ့

မင်းမို့လို့သာ[One And Only](Completed)Where stories live. Discover now