part 15

4.4K 178 8
                                    

"ပန်သစ် အဆင်ပြေလား ပထမဆုံး
ယောင်္ကျားလေးအနေနဲ့ကျောင်းပြန်တက်မယ်ဆိုတော့ "

"အဆင်ပြေပါတယ် ကိုလင်းလဲ ဥက္ကဌ ကိုပြောထားပေးတာဘဲ "

ယောင်္ကျားလေး uniform ကိုပထမဆုံးဝတ်တဲ့နေ့။ မျက်နှာကတော့ မိန်းကလေးဆန်နေတုန်း။
ဒါပေမယ့် ဆံပင်ကလည်းတိုသွားပြီတော့ ဒါကပန်သစ်အတွက်တကယ်လွတ်လပ်တဲ့အချိန်ဘဲ။

"ပန်သစ် နမည်ပြောင်းချင်လားတကယ်တော့သားမှာယောင်္ကျားနမည်ရှိသေးတယ်‌ သားနှနှစ်အရွယ်မှာမေမေတို့ပေးထားတာ "

ပန်သစ်ခေါင်းသာခါလိုက်၏။
ပန်သစ်အနေနဲ့ ယောင်္ကျားလေးလိုလွတ်လပ်သွားပြီဆိူပေမယ့် ငယ်ငယ်ခေါ်ခဲ့တဲ့ ပန်သစ်သွင်ဆိုတဲ့အမည်ကိုပိုကြိုက်လိမ့်မည်မိန်းကလေးဆန်နေပေမယ့်ပေါ့။။

"ပန်သစ်သွင်လား "

"အွန်းရှိန်း ငါပါ "

"တကယ်ပုံစံ ချိန်းလိုက်ပြီလဲ"

"အင်း အခြေအ‌ရ ဒီလိုဘဲဖြစ်သွားတာ
အခုတလော လိမ်ခဲ့မိတာတွေ တောင်းပန်ပါတယ် "

"ရပါတယ် နင်လည်းနင်ကိစ္စနဲ့နင်ပေါ့
ဒါပေမယ့် ယောင်္ကျားလေးဖြစ်သွားတဲ့နင်က တကယ်ချစ်ဖို့ကောင်းတယ် အရင်ကလောက်တော့မဟုတ်ပေမယ့်ပေါ့ "

"ဟီးဟီ ကျေးဇူးပါ ရှိန်း "

လောလောဆယ် ပန်သစ်အတွက်အပူလုံးကြီး တစ်လုံးကျသွားပြီ စိတ်တိုမယ်ထင်ခဲ့ပေမယ့်
ရှင်မင်းထက်တောင် နားလည်မှုရှိနေသေးသည်။

"အာ့ "

"အဆင်ပြေလားမင်း "

ရုတ်တရက် ဘောလုံးတစ်လုံး အင်္ကျီပေါ်လာမှန်တာကြောင့် သဲတွေ ပလူပျံသွားတော့

"အင်္ကျီတွေရော မျက်နှာရော အကုန်ပေကုန်ပြီ"

"တောင်းပန်ပါတယ် အဆောင်ပြန်ပြီးရေပြန်ချိုးလိုက် "

"အွန်း အဲ့လိုဘဲလုပ်ရ‌တော့ရမှာပေါ့ "

ပန်သစ်က အခု ယောင်္ကျားလေး စစ်စစ်
ဖြစ်သွားပြီဆိုတော့ယောင်္ကျားတွေရဲ့အဆောင်မှာသာ နေရတော့မည်။
ချက်ချင်းကြီးလူတယောက်နဲ့အတူနေမှာဆိုတော့ ပန်သစ်အတွက်ခဲယဉ်းလွန်းသည်။

မင်းမို့လို့သာ[One And Only](Completed)Where stories live. Discover now