part 18

4.1K 164 0
                                    

"မာမီ့ သားတို့ ခရီးပန်းလာကြပြီပေါ့"

"ဟုတ် ဒါကြောင့် အာဘွားလိုအပ်တယ် အာဘွားပေး"

"ဟော ချွဲနေပြန်ပြီ အသက်က ဖြင့် ထိပ်စီးပြောင်းတော့မယ် "

အမေ ဖြစ်သူ့ကို ပွေးဖက်ပြီး အလွမ်းသည်နေပေမယ့် တခြားသူတွေကတော့ ပင်ပန်းလို့နားချင်နေတာကြောင့် စိတ်မရှည်ဟန် အဲ့ထဲမှာ
ရှင်မင်းအဖေက ထိပ်ဆုံးက

"သားမိတွေ အပိုတွေလုပ်မနေနဲ့သူငယ်ချင်းတွေကိုလည်းအားနာအုန်း"

"အွန်းပါ ဒါနဲ့အဖိုးနဲ့ဖွားထွေးကရော "

"သူတို့ကဆေးရုံမှာလေ သားငယ်ရဲ့
သားအဖိုးကတော့ နလန်ထူနေတုန်း ဖွားထွေးက စောင့်ရှောက်ပေးနေရတယ်"

ဒေါ်မြင့်မိုရ်ရှင်က သူငယ်ချင်းတွေရဲ့ပုံစံလေးတွေကိုလည်း တစ်ခါစီကြည့်ပြီး ပြုံးပြ၍

"သားတို့ မတွေ့တာကြာပြီနော် အကောင်ကြီးတွေကို ထွားလို့ "

"ဟင်းဟင်း ဟုတ်ကဲ့ အန်တီလည်းပိုနုလာတယ် ကျွန်တော်တို့ကဘဲ အန်တီ့အစားအသက်ကြီးနေရသလိုဘဲ "

"အမလေး မြှောက်နေပြန်ပြီ ဒီညတော့ အိမ်မှာဘဲနားကြအုန်း မနက်ကျမှာ သားတို့ဘာသာ သွားချင်တဲ့နေရာသွားကြ အန်တီအကုန်စီစဉ်ပေးမယ် "

"ဟုတ်ကဲ့ဗျ "

ခြံအကျယ်ကြီးထဲမှာ အိမ်ကိုလည်း သေချာလက်ရာမြှောက်အောင်ဆောက်ထားကြ၍
ကြားထဲမှာမှ ရေကူးကန်ထားရှိပြီး ဘေးပတ်ပတ်လည်း အဝါရောင်မီးတွေချိတ်ဆွဲထားသေးတာ အခန်းပေါင်အများကြီးရှိတာမို့ ဧည့်သည်တည်းဖို့အတွက်လည်းပူစရာမလို

"ပန်သစ် ခန္ဓာကိုယ် သန့်ရှင်း‌ပြီးရင် မာမီက dinner စားဖို့ခေါ်နေတယ် "

"ဒါဆို ငါအရင်သွားချိုးလိုက်အုန်းမယ်"

"အတူတူချိုးမလား "

"ဘာ!!!"

ပိတ်ထိုးခံရဖို့ စက္ကန့်ပိုင်းအလို

"ဟင်းဟင်း စတာ သွားချိုးတော့ "

ကျန်ခဲ့တဲ့ ရှင်မင်းကတော့ လူယုတ်မာအကြည့်နဲ့။မာမီကိုကျေးဇူးတင်လိုက်တာ တခန်းထဲကျအောင်ထားသေးလို့..။

မင်းမို့လို့သာ[One And Only](Completed)Där berättelser lever. Upptäck nu