part 6 (1+2)

5.1K 217 25
                                    

အချိန်အားဖြင့် ည10 နာရီတောင်ထိုးနေပြီ
ဒီအချိန်ဆို ကျောင်းဝန်းထဲကိုပြန်ဖို့လဲ မသင့်တော်တာကြောင့်

"ဒါ မင်းအိမ်လား ဒါဆို ဟန်လင်းစစ်နဲ့အတူနေတာပေါ့ "

"အွန်းလေ ဝမ်းကွဲတွေဆိုပေမယ့် အဖွားကတူတူနေချင်တယ်ဆိုလို့ စုနေကြတာ "

"ဒီလိုမှန်းသိရင် ဟန်လင်းစစ်နဲ့လာတုန်းက ခြံရှေ့မှာဘဲ မစောင့်ဘဲ အထဲဝင်လာပါသေးတယ်"

"အခုရော ဝင်မလား "

"မဝင်တော့ဘူးလေ နောက်ကျနေပြီ ငါလဲသွားရတော့မယ် "

နောက်ဆုံးအထိ ဂျယ်လီလေးရဲ့ကျောပြင်ကိုဘဲကြည့်ရင်း ရင်တွေကပါ တစ်ဒုတ်ဒုတ်နဲ့

"လေးလေး ဟီးဟီး "

အိမ်အဝတည့်တည့်မှာရပ်ပြီးကြိုဆိုနေတာ
မဟုတ်မှ အဆောင်ပြေးတာသိသွားတာလား

လေးလေးရဲ့မျက်နှာထားက တင်းမာနေပေမယ့် ကြောက်စရာတော့လုံးဝမကောင်း
ဒါတောင် အခုထိ သူ့ကြောက်တယ်ထင်နေလားမသိ

"ဘယ်သွားနေလို့ ဒီအချိန်မှ ပြန်ရောက်တာလဲ ပြီးတော့မင်းနဲ့အတူ ပြေးတဲ့မိန်းကလေးဘယ်သူလဲ "

မိန်းကလေးဆိုတာကိုကြားမှ ရှင်မင်းလက်အုပ်ချီအနေအထားနဲ့

"လေးလေး ဒီနေ့တရက်တော့ မေ့လိုက်ပါလားနော် "

"သဘောကျနေတာလား"

"အဲ့လိုတော့မဟုတ်ပါဘူး ဒီတိူင်းသူငယ်ချင်း"

"သဘောကျနေရင်လည်း တွဲလိုက် မင်းအရင်ကောင်မလေးကြောင့် ကြေကွဲနေမယ့်အစား "

လာပြန်ပြီ ဒီတစ်ယောက်အကြောင်း

"‌အတူတူသောက်မလား  "

"ကြိုက်တာပေါ့ဗျာ "

လေးလေးနဲ့တော့ တခါတလေ အတူတူသောက်ဖြစ်ပြီး ရင်ဖွင့်တက်သည်မို့

မိနစ် 40 လောက်ကြာတော့

"လေးလေးသားကသူ့ကိုတော်တော်ချစ်တာဗျ "

ဦးထိန်လင်းအတွက်ကတော့ ဒီအရက်ကမပြင်းပေမယ့် အသက်ငယ်တဲ့သူတွေအတွက်ကျတော့ပြင်းနေလိမ့်မည်
အထူးသဖြင့် တခါတလေ မှသောက်တဲ့သူတွေအတွက် ပိုပြင်းတာပေါ့

မင်းမို့လို့သာ[One And Only](Completed)Where stories live. Discover now