part 2

7.1K 305 0
                                    

နှင်းဆီ ပန်းခင်းလေးတွေကြားမှာ
ခြေဆစ်နားထိ ရောက်တဲ့ ဂါဝန် ဝဲဝဲလေးကို
ဝတ်ပြီး ကျောအထိ ရှည်နေတဲ့ဆံပင်
မကောက်တကောက်လေးနဲ့ဖြန့်ကျဲလို့နေတဲ့ ကောင်မလေးတစ်ယောက်ကတော့
ပန်းလေးတွေကိုပင်ရေလောင်းပြီး ‌ပြုံးပျော်နေတာ  တကယ့်ကို ချစ်ဖို့ကောင်းတဲ့ ကောင်မလေးကဲ့သို့။

No!!No!!No!! ကောင်မလေးလို့ထင်ရပေမယ့် ကောင်မလေး မဟုတ်တဲ့ ကောင်မလေးပေါ့။

ပန်သစ်သွင် နမည်က မိန်းကလေးဆန်တယ်မလား လူကလည်းမိန်းကလည်းဆန်သေးတာ‌။ထူးခြားချက်က ပန်သစ်က သားအိမ် ပါလာတဲ့ ယောင်္ကျားလေးတစ်ယောက်ဘဲ။

သားအိမ်ပါတယ်ဆိုတိုင်း မိန်းကလေးပုံနေရတာမဟုတ်ပေမယ့် အခုလိုနေနေရတဲ့အကြောင်းအရင်းက Grandparents တွေကြောင့်။

ပန်သစ်ကိုမွေးဖို့ကြံတုန်းက မိဘတွေအရမ်းအဆင်ပြေလို့အဖွားတို့အိမ်ကိုပင်လှည့်မကြည့်ခဲ့ဘူး မွေးပြီးလေးနှစ်လောက်ကျတော့ ပန်သစ်တို့မိသားစု ဒေဝါလီခံသွားရတယ် ။

စီးပွားရေးကလည်းလုံးဝအဆင်မပြေတော့ အဖွားအိမ်မှာ ကပ်နေဖို့အကြောင်းဖန်လာတယ် အဖွားကလည်းငါတို့မျိုးဆက်က မိန်းကလေးကနေဘဲဆက်ခံရမယ်ဆိုတဲ့ အယူကြောင့် ပန်သစ် မိန်းကလေးဟန်ဆောင်နေရတာအခုထိပေါ့။

ဒီလိုဆိုလို့ အိမ်မှာမြေးသားတစ်ယောက်ထဲရှိတယ်လို့မထင်နဲ့ ပန်သစ်ရဲ့အ‌‌ေဒါ်ကဖွားတဲ့ ပန်သစ်ထက် ၂လသာ ကြီးတဲ့ ဝမ်းကွဲအကိုတစ်ယောက်ရှိသေးတယ်။
သူ့ကျတော့ဘာလို့လက်ခံလဲဆိုတော့ သူတို့အဲ့အချိန်အဆင်ပြေတော့ အဖွားဆီကရှောင်ပြေးနိုင်ခဲ့တယ်လေ အခုမှ အဖွားက အားလုံးအတူတူနေချင်တယ်ဆိုလို့သူတို့မိသားစုပါ လာနေကြတာ။

ပန်သစ်  ကတကယ်တော့ ယောင်္ကျားလေးဆန်ချင်သေးတာ ယောင်္ကျားလေးအချင်းချင်းဆို ရိပ်မိကြမှာဆိုးလို့ မိန်းကလေးကျောင်းမှာတက်နေတယ်ဆိုပေမယ့် မိန်းကလေးတွေနဲ့အရောတဝင်မနေခဲ့ရပြန်ဘူး ဘာလို့လဲ အားနာစိတ်ကြောင့်။

ဒါပေမယ့် တစ်ခါတလေ မိန်းကလေးလိုနေပါများတော့ မိန်းကလေးဆန်သွားပြန်ရော
အဲ့ထက်ဆိုးတာက ပန်သစ်က အရင်ကဆံပင်အရှည်အစစ်ဆိုပေမယ့် အခုတော့အတုတက်ထားတာ အရှည်နဲ့က တကယ်စိတ်ရူတ်ဖို့ကောင်းလို့ ဒါကိုတော့ မိဘတွေမသိဘူး အကိုဘဲသိတာ ဟီးဟီး။

မင်းမို့လို့သာ[One And Only](Completed)Where stories live. Discover now