အပိုင်း ၂

934 22 4
                                    


"ပြီးပြီမလားသွေးသစ် သွားရအောင်"

"အေးအေး ပြီးပြီသူခန့် သွားရအောင်"

ထို့နောက်သူခန့်ရဲ့ဆိုင်ကယ်နဲ့သွေးသစ်တို့နှစ်ယောက်ထွက်လာခဲ့ကြသည်။

At Hotel,

"အားးး အခုမှပဲလှဲရတော့တယ်ကွာ"
လို့ရှင်းရတုကပြောတော့ဟိန်းမြတ်ကမျက်စောင်းထိုးသည်။

"ဪအေးပါ မင်း‌ကတော်တော်ပင်ပန်းလာတာဆိုတော့။တစ်လမ်းလုံးကုလားသေကုလားမောအိပ်လိုက်လာတဲ့ကောင်ကညည်းရတယ်ရှိသေး ငါတို့တစ်စက်မှမအိပ်ရသေးတဲ့ကောင်တွေညည်းဖို့ထားပါဦးကွ"

"အေးကွာ သူကပဲညည်းရတယ်ရှိသေး"
ဟုကွန်းကပါဝင်ပြောသည်။

ထိုအခါရတုမျက်နှာစူပုတ်ကာ

"မင်းတို့ကလဲအိပ်တယ် အိပ်တယ်မပြောပါနဲ့ အိပ်လာတာကထိုင်စီးလာတဲ့သူထက်ပိုပင်ပန်းတယ်ကွ"
လို့ပြန်ပြောသည်။

ထိုအခါ ကွန်းက
"ဘယ်လိုများပင်ပန်းတာလဲကိုယ်တော်ချောရယ်ကျွန်တော်မျိုးတို့ကိုရှင်းပြပါဦး"

"ဒီလိုလေကွာ တစ်လမ်းလုံးအိပ်လာတော့ ခါးလဲပူတယ် ဂုတ်လဲညောင်းတယ် အဆင်ပြေမနေဘူးကွ"
လို့ရတုကဆရာကြီးလေသံနဲ့ပြောသည်။

ဘုတ်!

"ဟေ့ကောင်မင်းဘာလုပ်တာလဲ!!!"
ရတုကထအော်သည်။

ထိုအခါဟိန်းမြတ်က
"အမြင်ကပ်လို့လုပ်တာဟေ့!ရှင်းလား!သူကပဲခါးပူသလေး ဂုတ်ညောင်းသလေးဖြစ်ရသေးတယ် ခွေးကောင်"

"ဒါဆိုမင်းလဲခွေးပဲ"

ကွန်းမှာတော့သူငယ်ချင်းနှစ်ယောက်ကိုကြည့်ရင်းခေါင်းသာအသာခါမိတော့သည်။

:ဒီကောင်တွေဘယ်တော့မှရင့်ကျက်မှာလဲကွာ:လို့စိတ်ထဲမှာတွေးရင်းနဲ့ပေါ့။

"သွေးသစ်ငါတို့ဘယ်သွားကြမလဲ ရိုက်စရာနေရာလဲတော်တော်များများပြီးပြီဆိုတော့"

"အင်းးး ငါတို့အာနန္ဒာဘုရားသွားရအောင်ကွာ"

"ဪအေးအေး"

ကျွီ

"ရောက်ပြီသွေးသစ် ဘယ်နားရိုက်မှာလဲ"

ပုဂံမြေကိုတိုင်တည်၍Where stories live. Discover now