အပိုင်း ၄၉

362 7 0
                                    

နောက်တစ်နေ့နံနက်မှာတော့ကွန်းတို့ရန်ကုန်လေဆိပ်ကိုရောက်လာကြသည်။

"Boss အိမ်ဝင်ဦးမလား"

"မဝင်တော့ဘူးတန်းသွားမယ်ငါလာတာအဖေလဲမသိတော့ကိစ္စမရှိဘူးပြီးမှဖုန်းဆက်လိုက်မယ်"

"ဪဟုတ်bossဒါဆိုညောင်ဦးလေဆိပ်ကိုတန်းသွားမှာပေါ့"

"အေး"
ကွန်းတို့နှစ်ယောက်ရန်ကုန်လေဆိပ်ကနေပဲတစ်ဆင့်ညောင်ဦးကိုလေယာဉ်ထပ်စီးပြီးလာခဲ့ကြသည်။ညောင်ဦးလေဆိပ်ရောက်တော့ရုံးကdriverတစ်ယောက်ကလာကြိုသည်။ကွန်းတို့လဲကားထဲဝင်လိုက်ပြီး

"ရုံးကိုအရင်သွား"

"ဟုတ်ကဲ့ပါboss"
ကွန်းတို့ရုံးရောက်တော့ကျော်ဇောဆိုတဲ့လူကိုတွေ့လိုက်ရသည်။

"ကျော်ဇောဆိုတာခင်ဗျားလား"

"မင်းကဘယ်သူလဲ"
ကွန်းတစ်ချက်ရယ်လိုက်ပြီး

"ကျုပ်ဘယ်သူလဲမမေးခင်ကျုပ်လက်သီးနဲ့အရင်မိတ်ဆက်လိုက်ဦး"
ဆိုကာကျော်ဇောမျက်နှာတည့်တည့်ကိုတစ်ချက်ထိုးချလိုက်သည်။
"မင်း!!"
ကျော်ဇောကနာနေတဲ့ပါးတစ်ဖက်ကိုကိုင်ပြီးပြန်ထနေစဉ်
ကွန်းကstickတစ်ခုကိုထုတ်ပြီးပစ်ပေးလိုက်သည်။

"အဲ့မှာအဲ့တာအရင်ကြည့်လိုက်ဦး"
ကျော်ဇောလဲထိုstickကိုကောက်ယူကာကြည့်လိုက်တော့သူလိမ်ထားတဲ့စာရင်းတွေတွေ့လိုက်ရသည်။

"ကျုပ်ကATC Constructionရဲ့CEOကွန်းအသင်္ချေ ခင်ဗျားလိမ်ထားတဲ့စာရင်းတွေလျှိုထားတဲ့အဆောက်ဦးတွေအကုန်လုံးသက်ဆိုင်ရာကိုအပ်လိုက်ရင်အနည်းဆုံးတော့၁၀နှစ်ပဲ အဲတော့ခင်ဗျားရွေး အေးအေးဆေးဆေးအလုပ်ကထွက်မလား ဒါမှမဟုတ်ရင်ထောင်ထမင်းထောင်ဟင်းစားချင်လားကြိုက်တာတစ်ခုရွေး"
ကျော်ဇောလဲသူလိမ်ထားတာတွေအကုန်ပေါ်ကုန်၍ပျားတုပ်ကုန်သည်။ပြီးတော့CEOဆီမှာအကုန်ပေါ်ကုန်တာဆိုတော့ပိုတောင်ဆိုးသွားသည်။

"ကျွန် ကျွန်တော်အလုပ်ကထွက်ပါ့မယ်ဘာမှမလုပ်ပါနဲ့ဗျာ အလုပ်ကပဲအေးဆေးထွက်ပါ့မယ်"

"ပြောရဆိုရလွယ်သားပဲ ဒါဆိုဒီနေ့ပဲအလုပ်ထွက်ပြီးခင်ဗျားအိမ်ခင်ဗျားပြန်ဒီပုဂံမှာ‌တစ်စက္ကန့်တောင်ထပ်မနေနဲ့ ဪပြီးတော့..."

ပုဂံမြေကိုတိုင်တည်၍Where stories live. Discover now